ပုပ်ဖရန်စစ်သည် ဘုရားဖူးများနှင့်တွေ့ဆုံခြင်းအစီအစဉ်ကိုဇူလိုင်လကုန်အထိရွေ့ဆိုင်းထား

ပုပ်ဖရန်စစ်သည် ဘုရားဖူးများနှင့်တွေ့ဆုံခြင်းအစီအစဉ်ကိုဇူလိုင်လကုန်အထိရွေ့ဆိုင်းထား

ပုပ်ရဟန်းမင်းကြီးဖရန်စစ်၏ ဘုရားဖူးများနှင့်ပုံမှန်တွေ့ဆုံခြင်းနှင့်အခြားသောမည်သည့်အဖွဲ့များနှင့်မဆိုသီးသန့်တွေ့ဆုံခြင်းအစီအစဉ်များကိုယခုနှစ်ဇူလိုင်လကုန်အထိရွေ့ဆိုင်းထားသည်။

ရဟန်းမင်းကြီး၏ ကျန်းမာရေးအရကောင်းစွာအနားယူ၍ ခွဲစိတ်ဒဏ်ရာများ
ကျက်စေရန်ဖြစ်သကဲ့သို့ ဇူလိုင်၊ ဩဂုတ်သည် ဥရောပ၏နွေရာသီလည်းဖြစ်သောကြောင့်အစီအစဉ်များစွာမရှိသောကာလလည်းဖြစ်သည်။ ဩဂုတ်လမှသာ ပုံမှန်ပြန်လည်လည်ပတ်မည်ဖြစ်ကြောင်း ရဟန်းမင်းကြီးသီတင်းသုံးသောကျောင်းတိုက်၏တာ၀န်ခံကဗာတီကန်သတင်းဌာနသို့အသိ ပေးပြောကြားလာပါသည်။

ဗုဒ္ဓဟူးနေ့တိုင်း ကမ္ဘာတစ်၀ှမ်းမှဘုရားဖူးများနှင့်တွေ့ဆုံသည့်အစီအစဉ်ကိုလည်း ဂုတ်ဩလ (၉) ရက်နေ့မှပြန်လည်စတင်မည်ဖြစ်သည်။ ထိုနေ့သည် ရဟန်းမင်းကြီး ပေါ်တူဂီနိုင်ငံမှကမ္ဘာ့လူငယ်များနေ့အခမ်းအနားပါ၀င်ကာပြန်လည်ရောက်ရှိပြီးနောက်ပိုင်းဖြစ်သည်။

ယမန်နေ့ ဇူလိုင်လ (၂၈) ရက်နေ့သည် အကြီးစားခွဲစိတ်မှုအပြီး ပထမဦးဆုံးအကြိမ်ကမ္ဘာတစ်၀ှမ်းမှဘုရားဖူးများနှင့်တွေ့ဆုံခြင်းဖြစ်သည်။ ဇွန်လ (၂၁) ရက်နေ့ ဗုဒ္ဓဟူးနေ့ကလည်း ဘုရားဖူးများနှင့်တွေ့ဆုံခြင်းကိုရပ်နားထားရခြင်းမှာ ရဟန်းမင်းကြီးအနေ ဖြင့်လုံလောက်သောအနားယူမှုလိုအပ်သောကြောင့်ဖြစ်ကြောင်း ဗာတီကန်သတင်းဌာနကထုတ်ပြန်အသိ ပေးထားပါသည်။

ရဟန်းမင်းကြီးဖရန်စစ်သည် ဇွန်လ (၇) ရက်နေ့က အူမခွဲစိတ်မှုကိုခံယူခဲ့ရသည်။

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3JzjPe0

Add new comment

1 + 4 =