ပုပ်ဖရန်စစ်သည် ဗြိတိန်ဘုရင်မကြီး Elizabeth ( II ) နတ်ရွာစံခြင်း အတွက် ဝမ်းနည်းကြောင်းဆို

ပုပ်ဖရန်စစ်သည် ဗြိတိန်ဘုရင်မကြီး Elizabeth ( II ) နတ်ရွာစံခြင်း အတွက် ဝမ်းနည်းကြောင်းဆို

ပုပ်ဖရန်စစ် သည် ဘုရင်ကြီး Charles (III) အား ဗြိတိန်ဘုရင်မကြီး Elizabeth (II) နတ်ရွာစံသွားခြင်းအတွက်ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့ပြီး သူမရဲ့ “နိုင်ငံတော် နဲ့ ဓနသဟာယအကျိုးအတွက်ကိုယ်ကျိုးမကြည့်ပဲအမှုထမ်းဘဝ” ကိုချီးကျူးဂုဏ်ပြုခဲ့ပါတယ်။

ဗြိတိန် နဲ့ မြောက်အိုင်ယာလန်တို့ရဲ့ဘုရင်မကြီး Elizabeth (II) သည် စကော့တလန်မှာရှိတဲ့ သူမရဲ့နေအိမ်ဖြစ်တဲ့( Balmoral ) ရဲတိုက်၌ ကြာသပတေးနေ့ မွန်းလွဲပိုင်းမှာနတ်ရွာစံသွားခဲ့ပါတယ်။။မနက်စောစောပိုင်းမှာ သူမရဲ့ ကျန်းမာရေးအတွက် စိုးရိမ်မှုများလာသဖြင့် ဘုရင်မကြီးရဲ့ တော်ဝင် မိသားစုများ အနီး၌စုဝေးနေခဲ့ကြကြောင်း

ဘုရင်မကြီး Elizabeth ( II )သည် နှစ်ပေါင်း (၇၀) ကျော် အုပ်ချုပ်ခဲ့ပြီး (၂၀၂၂ ) ခုနှစ် ဇွန်လ( ၂ ) ရက်နေ့တွင် သူမရဲ့ ပလက်တီနမ်ဂျူဗလီကို ကျင်းပခဲ့ပါတယ်။

နတ်ရွာစံသွားတဲ့ မိဖုရားကြီး၏ သားအကြီးဆုံး Charles ( III ) ဟာ ယခင်ကဝေလနယ်မြို့စားဟောင်း၊ ဓနသဟာယအဖွဲ့ဝင် (၁၄ ) နိုင်ငံများရဲ့ ဥသျှောင် ဘုရင်ဖြစ်လာခဲ့ပါတယ်။

ဘုရင်မကြီး နတ်ရွာစံပြီး မကြာခင်မှာပဲ ပုပ်ဖရန်စစ်ဟာ ဘုရင် Charles ( III )ရဲ့မိခင်ကွယ်လွန်မှုအတွက် ဝမ်းနည်းကြောင်း ကြေးနန်းစာတစ်စောင် ပေးပို့ခဲ့ပါတယ်။

"ဘုရင်မကြီး Elizabeth ( II ) ကွယ်လွန်ခြင်းအတွက် ကျွန်ုပ် အထူးပင် ဝမ်းနည်းကြေကွဲမိပါသည်၊ ဘုရင်မင်းမြတ်၊ တော်ဝင်မိသားစု နဲ့ ဓနသဟာယပြည်သူများအား သင်တို့ရဲ့ ဘုရင်မကြီးအတွက် သင်တို့နဲ့အတူ ထပ်တူ ဝမ်းနည်းရပါသည်။" ဟု သဝဏ်လွှာပို့ပေးပြီး ၊ နတ်ရွာစံသွားသည့် ဘုရင်မကြီးရဲ့ ထာဝရအနားယူခြင်းအတွက် ဆုတောင်းပေးခြင်းနဲ့ နိုင်ငံတော် နဲ့ ဓနသဟာယအကျိုးအတွက် ကိုယ်ကျိုးမကြည့်ပဲ အမှုထမ်းတဲ့ဘဝ အသက်တာအတွက် ချီးကျူး ဂုဏ်ပြုပြီး သူမ ကျတဲ့တာဝန်မှာ စံပြ လုပ်ဆောင်ပြီး သခင်ယေဇူးနဲ့ သခင်ယေဇူးရဲ့ ကတိစကားတွေကိုလည်း အပြည့်အဝမျော်လင့်ချက်နှင့် လုပ်ဆောင်မှုအနေနဲ့ ဂုဏ်ပြုပြီး ထပ်တူထပ်မျှ ဝမ်းနည်းကြောင်း” သ၀ဏ်လွှာ ပို့ပေးခဲ့ပါတယ်။

ပုပ်ဖရန်စစ်ဟာ ခမည်းတော်ဘုရားရဲ့ သနား ကရုဏာတော်ရရှိရန် ဘုရင်မရဲ့အသက်ဝိညာဉ် ကို အပ်နှံပူဇော်ခဲ့ပါတယ်။

“ဘုရားသခင်ရဲ့ အဆုံးမရှိတဲ့ ကျေးဇူးတော်နဲ့ ဘုရင်မအနေနဲ့ သူမ ထမ်းဆောင်ခဲ့တဲ့တာဝန်တွေနဲ့အတူ ဘုရားရှင် ကူညီစောင့်ရှောက် ပေးဖို့ ကျွန်ုပ် ဆုတောင်းပေးပါတယ်။ တော်ဝင်မိသားစုနဲ့အတူ အမှတ်တရရှိသူအားလုံးအပေါ်သခင်ဘုရားရဲ့ နှစ်သိမ့်မှုနဲ့ ခွန်အားတွေကိုလည်း ရရှိစေဖို့အတွက် ကျွန်ုပ် ဆုတောင်းပေးပါတယ်" လို့ဆိုကာ အရှင်သူမြတ်က ၎င်းရဲ့ သဝဏ်လွှာမှာရေးသားခဲ့တာပဲဖြစ်ပါတယ်။

အာဗီအေဘာသာပြန်-သျှားလွန်းမယ်

https://bit.ly/3B5YgN5

Add new comment

10 + 6 =