ပုပ်ဖရန်စစ်သည် ဗီယက်နမ် နိုင်ငံသို့ကြွရောက်လိုကြောင်းထုတ်ဖော်မိန့်ကြား

ပုပ်ဖရန်စစ်သည် ဗီယက်နမ် နိုင်ငံသို့ကြွရောက်လိုကြောင်းထုတ်ဖော်မိန့်ကြား

ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်သည် ဗီယက်နမ်နိုင်ငံအားဦး ဆောင်နေသော ကွန်မြူနစ်ပါတီ ၏ကိုယ်စားလှယ်နှင့်ဗာတီကန်၌ တွေ့ဆုံစဉ် ဗီယက်နမ်နိုင်ငံသို့ကြွရောက်လိုကြောင်းထုတ်ဖော်မိန့်ကြားခဲ့သည်။

၄င်းတို့ ၏တွေ့ဆုံခြင်းသည် လွန်စွာအပြုသဘောဆောင်ကြောင်းဖြင့် ဗာတီကန်၏နိုင်ငံခြားရေးရာတာ၀န်ခံ ဂိုဏ်း ချုပ်ဆရာတော် Paul Gallagher ပြောကြားခဲ့သည်။

ဂိုဏ်းချုပ်ဆရာတော်ကိုယ်တိုင်သည် လာမည့်ဧပြီလ၌ဗီယက်နမ်သို့သွား ရောက်ပြီး ထို့အတူဗာတီကန်၏ အတွင်းရေးမှူးဖြစ်သော ကာဒီနယ် Pietro Parolin သည် ယခုနှစ်နှောင်းပိုင်းတွင် ဗီယက်နမ်သို့သွားရောက်မည်ဖြစ်သည်ကိုလည်းပြောကြားခဲ့သည်။

ယခုကဲ့သို့ တွေ့ဆုံခြင်းသည် နှစ်နိုင်ငံ၏ချစ်ကြည်ရင်းနှီးမှုကိုပြသခြင်းဖြစ်ကြောင်း၊ ထို့အတူ ဇူလိုင်လ၌ ရဟန်းမင်းကြီး ကိုယ်စားလှယ်၏ရုံတော်ကို ဗီယက်နမ်နိုင်ငံ၌ဖွင့်လှစ်မည့်သတင်းသည်လည်း ၀မ်းသာဖွယ်ရာသတင်းဖြစ် ကြောင်း၊ ဗာတီကန်နှင့်ဗီယက်နမ်တို့သည် (၁၉၇၅) ဗီယက်နမ်ပြည်တွင်းစစ်မှစ၍ပြတ်တောက်ခဲ့သော သံတမန်ဆက်ဆံရေးသည် ယခုနှစ်မှပထမဆုံးအကြိမ်ပြန်လည်ခြေချမည်ဖြစ်သည်။

ဗီယက်နမ်သည် ဗာတီကန်နှင့်သံတမန်ဆက်ဆံရေးပြတ်တောက်ခဲ့သည်မှာနိုင်ငံအား ကွန်မြူနစ်စနစ်အာဏာရယူပြီးချိန်မှစခဲ့သည်။ သို့သော် ပြင်သစ်၏ ကိုလိုနီနယ်ဖြစ်ခဲ့သောဗီယက်နမ်သည် ဗာတီကန် နှင့်သံတမန်ဆက်ဆံရေးပြတ်တောက်ခဲ့သော်လည်း ပြင်သစ်နိုင်ငံနှင့်မူဗာတီကန်သည်ခိုင်မြဲစွာတည် ဆောက်ထားနိုင်ဆဲပင်။

ဗီယက်နမ်နိုင်ငံ၌ ကက်သလစ်ဘာသာတူဦးရေ (၇) သန်းခန့်ရှိပြီး နိုင်ငံ၏ လူဦးရေမှာ (၉၅) သန်းရှိသည်။

ဗီယက်နမ်နိုင်ငံအတွင်းရှိ ကက်သလစ်ဘာသာဦးရေ၏ရာခိုင်နှုန်းမှာ (၆.၆) ဖြစ်သည်။

ဗာတီကန်-ဗီယက်နမ်သံတမန်ဆက်ဆံရေးသည် ဆက်လက်အဓွန့်ရှည်တည်တံ့မည်ဖြစ်ကြောင်း၊ နိုင်ငံအတွင်းဘာသာရေးလွတ်လပ်ခွင့်ပိုမိုရရှိလစေရန်တိုးမြှင့်လုပ်ဆောင်မည်ဖြစ်ကြောင်း၊ ဗီယက်နမ်အစိုးရသည် နိုင်ငံအတွင်း ဘာသာရေးလွတ်လပ်မှုနှင့်စပ်လျင်း၍ အမေရိကန်ပြည်ထောင်စု၏စွပ်စွဲပြောဆိုချက်ကိုပယ်ချခဲ့သည်။

ရဟန်းမင်းကြီးဖရန်စစ်အနေဖြင့် ဗီယက်နမ်သည် နိုင်ငံအတွင်းရှိသာသနာနှင့်တွေ့ဆုံဆွေးနွေးခြင်းကိုအားထုတ်လုပ်ဆောင်နေသောကြောင့် ကျေးဇူးတင်ကြောင်းဖြင့်အထပ်ထပ်မိန့်ကြားခဲ့သည်။

(၂၀၁၆) ခုနှစ်က ရဟန်းမင်းကြီးဖရန်စစ်သည် ဗီယက်နမ်သမ္မတ Tran Đại Quang နှင့်တွေ့ဆုံခဲ့ပြီး ထိုတွေ့ဆုံမှုသည် သမ္မတ၏နှင့်နောက်ဆုံးအကြိမ်တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

ဗီယက်နမ်အစိုးရသည် ဗာတီကန်၏ သံအမတ် ဂိုဏ်းချုပ်ဆရာတော် Marek Zalewski အားနိုင်ငံအတွင်းလာရောက်ရန်ခွင့်ပြုခဲ့သည်။ ဤသို့လာရောက်ခွင့်ကို (၂၀၂၂) ကဆုံးဖြတ်ခဲ့ပြီး ဟာနွိုင်းမြို့၌ ဗာတီကန်သံအမတ်ရုံးခန်းဖွင့်လှစ်ခွင့်ကိုလည်းပေးခဲ့ရာယခုလက်တွေ့ဖြစ်လာပြီဖြစ်သည်။

လွန်ခဲ့သောနှစ်ပေါင်း (၅၀) ကတစ်ခန်းရပ်သွားခဲ့သော ဗာတီကန်- ဗီယက်နမ်သံတမန်ဆက်ဆံရေးကိုပြန်လည်အသက်သွင်းတည်ဆောက်သွားမည်ဖြစ်သည်။

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

https://bitly.ws/3asJW
 

Add new comment

8 + 7 =