ပုပ်ဖရန်စစ်သည် ဖေဖော်၀ါရီ (၂) ရက်နေ့၌ကျရောက်မည့် ကမ္ဘာ့သူတော်စင်များနေ့၌ မစ္ဆားပူဇော်မည်

ပုပ်ဖရန်စစ်သည် ဖေဖော်၀ါရီ (၂) ရက်နေ့၌ကျရောက်မည့် ကမ္ဘာ့သူတော်စင်များနေ့၌ မစ္ဆားပူဇော်မည်

ပုပ်ဖရန်စစ်သည် ဖေဖော်၀ါရီ (၂) ရက်နေ့၌ကျရောက်မည့် ကမ္ဘာ့သူတော်စင်များနေ့၌ မစ္ဆားပူဇော်မည်

ယခုနှစ် ဖေဖော်၀ါရီလ (၂) ရက်နေ့သည် ဗုဒ္ဓဟူးနေ့၌ကျရောက်ပြီး ထိုနေ့သည် ကမ္ဘာ့သူတော်စင်များ နေ့ဖြစ်ရာ ထိုနေ့၌ သူတော်စင်အမျိုးသား၊ အမျိုးသမီးအသင်းမှသူတော်စင်များ စိန့်ပီတာ ဘာစီးလီ ကာကျောင်း ကြီး၌လာရောက်ကြပြီး ရဟန်းမင်းကြီးနှင့်အတူ မစ္ဆားတရားပူဇော်ကြမည်ဖြစ်သည်။

ယခင်နှစ် သူတော်စင်များနေ့၌ ရဟန်းမင်းကြီးဖရန်စစ်က တစ်ပါးတည်းဖြစ်စေ၊ အသင်းအဖွဲ့နှင့် သီတင်း သုံးသည့်အခါဖြစ်စေ စိတ်ရှည်ခြင်းကိုလေ့ကျင့်ကြရန်၊ မိမိတို့မျှော်လင့်ထား သည့်အတိုင်း ဖြစ်မလာသည့်အချိန်မျိုး၌လည်း စိတ်ရှည်ကြရန်တိုက်တွန်းဩ၀ါဒ ပေးခဲ့သည်။

‘စိတ်ရှည်ခြင်းသည် ပျော့ညံ့ခြင်း၏အမှတ် သင်္ကေတမဟုတ်။ စိတ်၏ကြံ့ခိုင်ပြတ်သားခြင်းကိုပြသည်။ ထိုစိတ်သည် ကိုယ်တိုင်ဖန်တီးသော၀န်ထုတ်ဖြစ်စေ၊ အသင်းအဖွဲ့၏၀န်ထုတ်ကိုဖြစ်စော ထမ်းရန်၊ သယ်ရန်၊ အခြားသူများ၏ မပြည့်စုံမှုကိုလက်ခံရမည်။ မြေဆီကောင်းပြီး ရှင်သန်နိုင်ပေမည်’ ဟုမြွက်ကြားခဲ့သည်။

မစ္ဆားပူဇော်ခြင်း ကိုဒေသစံတော်ချိန် ညနေ (၅း၃၀) တွင်ပူဇော်မည်ဖြစ်သည်။ ထိုနေ့သည် သူငယ်တော် ယေဇူးအား ဂျေရူးဆလင်ဗိ မာန်တော်သို့သွားရောက်ပူဇော်တော်မူသည့်ပွဲနေ့ဖြစ်သည်။ ထိုနေ့ကို ကမ္ဘာတစ်၀ှမ်းလုံးရှိ သူတော်စင်များ၏နေ့ အဖြစ် ကက်သလစ် သာသနာတော် ကြီးကသတ် မှတ်လာခဲ့သည်။     

 

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3IVY9q2

Add new comment

11 + 0 =