ပုပ်ဖရန်စစ်သည် ဖိလစ်ပိုင်မှ တိုင်ဖုန်းမုန်တိုင်းဒုက္ခသည်များနှင့်ပိုလန်နယ်စပ်ရှိရွေ့ပြောင်းဒုက္ခသည်များအတွက် အကူအညီပေးပို့

ပုပ်ဖရန်စစ်သည် ဖိလစ်ပိုင်မှ တိုင်ဖုန်းမုန်တိုင်းဒုက္ခသည်များနှင့်ပိုလန်နယ်စပ်ရှိရွေ့ပြောင်းဒုက္ခသည်များအတွက် အကူအညီပေးပို့

ပုပ်ဖရန်စစ်သည် ဖိလစ်ပိုင်မှ တိုင်ဖုန်းမုန်တိုင်းဒုက္ခသည်များနှင့်ပိုလန်နယ်စပ်ရှိရွေ့ပြောင်းဒုက္ခသည်များအတွက် အကူအညီပေးပို့

ပြီးခဲ့သော ဗုဒ္ဓဟူးနေ့က ရဟန်းမင်းကြီး၏ လူမှုကယ်ဆယ်ရေးရုံးတော်မှ ကြေညာချက်တစ်စောင်ကိုထုတ် ပြန်ခဲ့သည်။ ထိုကြေညာချက်ထဲ၌ ရဟန်းမင်းကြီးဖရန်စစ်သည် ဖိလစ်ပိုင်နိုင်ငံမှ တိုင်ဖုန်းမုန်တိုင်းဒုက္ခသည်များနှင့် ပိုလန်နှင့်ဘဲလားရုစ့်နှစ်နိုင်ငံနယ်စပ်၌ ပိတ်မိနေသောဒုက္ခသည်များအတွက် အကူအညီများပေးပို့ခဲ့သည်ဟုပါရှိပါ သည်။

ဖိလစ်ပိုင်

တိုင်ဖုန်းမုန်တိုင်း ‘ရိုင်’ သည် ဖိလစ်ပိုင်နိုင်ငံအား ထူးကဲအင်အားဖြင့်၀င်ရောက်တိုက်ခတ်ခဲ့သည်။ ထို့ကြောင့် ရဟန်းမင်းကြီးဖရန်စစ်က အရေးပေါ်ကယ်ဆယ်ရေးအတွက် ယူရို (၁၀၀၀၀၀) ကိုပေးလှူခဲ့သည်။ ကုလ၏သတင်း အရင်းအမြစ်အရ ဖိလစ်ပိုင်၌ ပြည်နယ် (၁၁) မှ လူ (၈) သန်းခန့်ရိုက်ခတ်ခံရကြောင်း၊ ထို့အတူ အဆောက်အဦးများ ကိုမယုံကြည်နိုင်လောက်အောင်ဖျက်ဆီးခဲ့ကြောင်းထုတ်ပြန်ထားသည်။ ဤအကူအညီများကို ရဟန်းမင်းကြီး၏ ဖိလစ်ပိုင်နိုင်ငံဆိုင်ရာကိုယ်စာလှယ်မှ တဆင့် ထိခိုက်ပျက်ဆီးမှုရှိသော သာသနာနယ်များသို့ ပေးပို့သွားမည်ဖြစ် ကြောင်း၊ ယခုအကူအညီသည် ဒုက္ခရောက်နေသူများနှင့်အတူ ရဟန်းမင်းကြီးက ဖခင်တစ်ဦးပမာ အနီးကပ်ဆုံး၌ရှိနေ ကြောင်း ချက်ချင်းဖော်ပြပေးလိုက်ခြင်းဖြစ်သည်။ ဤအကူအညီနှင့်အတူ ဖိလစ်ပိုင်ပြည်သူများအတွက်လည်း ဆု တောင်းခြင်းဖြင့်ကူညီနေကြောင်း၊ ယခုအကူအညီသည် ကမ္ဘာတစ်၀ှမ်းမှ ကက်သလစ်ဆရာတော်ကြီးအဖွဲ့ချုပ်များ ထံမှတစ်ချို့၊ ကရုဏာရေးလုပ်ငန်းများလုပ်ဆောင်နေသောအဖွဲ့အစည်းများထံမှတချို့ဖြစ်ကြောင်းရှင်းပြထားသည်။

နှစ်နိုင်ငံနယ်နိမိတ်ကြား၌ပိတ်မိနေသော ဒုက္ခသည်များ

ရဟန်းမင်းကြီးသည် နောက်ထပ်ယူရိုငွေ (၁၀၀၀၀၀) ကိုလည်း ပိုလန်နှင့်ဘဲလာရုစ့်နှစ်နှစ်နိုင်ငံကြားနယ်စပ် ၍ ပိတ်မိနေကြသော ဒုက္ခသည်များအတွက် ပေးပိုးရန်ဆုံးဖြတ်ထားသည်။ အဆိုပါအကူအညီကို ကာရီတာစ်ပိုလန်မှ တဆင့်အဆိုပါပြောင်းရွေ့တို့၏ အရေးပေါ်လိုအပ်ချက်များကို ပံ့ပိုးပေးရန်ဖြစ်သည်။ အဆိုပါဒုက္ခသည်များမှာအီရတ် မှအများဆုံးဖြစ်ပြီး၊ ဆီးရီးယား၊ ရေမင်တို့မှဖြစ်သည်။ ၄င်းတို့သည် ရေခဲစေသည့်အအေးမှတ်ရောက်နေသည့်အခြေအ နေ၌ ဥရောပနိုင်ငံထဲသို့၀င်ရောက်ရန်စောင့်ဆိုင်းနေကြသည်။

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3Ailqzm

Add new comment

9 + 1 =