ပုပ်ဖရန်စစ်သည် ပြင်သစ်သမ္မတအား သောကြာနေ့တွင် လက်ခံတွေ့ဆုံမည်

ပုပ်ဖရန်စစ်သည် ပြင်သစ်သမ္မတအား သောကြာနေ့တွင် လက်ခံတွေ့ဆုံမည်

ပုပ်ဖရန်စစ်သည် ပြင်သစ်သမ္မတအား သောကြာနေ့တွင် လက်ခံတွေ့ဆုံမည်

 

ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်ဟာ လာမယ့် နိုဝင်ဘာလ ၂၆ ရက် သောကြာနေ့မှာ ပြင်သစ်သမ္မတ အေမာနူအဲလ် မာကရွန် အား လက်ခံတွေ့ဆုံမှာဖြစ်ပါတယ်။

သူတို့ နှစ်ဉီးဟာ ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိထားသူတွေလည်းဖြစ်တယ်ဆိုတာ ပြင်သစ် ခေါင်းဆောင်ကြီးရဲ့ ပြီးခဲ့တဲ့ ဗာတီကန် လည်ပတ်ခြင်းက သက်သေပါပဲ။

၂၀၁၈ ခုနှစ်က ၎င်းတို့နှစ်ဉီးတွေ့ဆုံခဲ့ကြတာဖြစ်ပြီး သဘာဝပတ်ဝန်းကျင်အကြောင်း၊ အရှေ့အလယ်ပိုင်း ဘာသာရေးလွတ်လပ်ခွင့်၊ အာဖရိကပဋိပက္ခ နဲ့ မြေထဲပင်လယ်ဒေသ ရွှေ့ပြောင်းအခြေချ နေထိုင်သူများ အကြောင်းတွေကို ဆွေးနွေးခဲ့ကြတာပါ။

အခု ၃ နှစ်ကြာအပြီးမှာတော့ တစ်ဖန် ပြန်လည်ဆုံတွေ့ကြမှာဖြစ်ပါတယ်။ မြောက်အာဖရိကအပေါ် ပြင်သစ်ရဲ့ တာဝန်ဝတ္တရားများနဲ့ ၂၀၂၂ ခုနှစ် ပုပ်ဖရန်စစ် အလည်အပတ်ကြွရောက်နိုင်မယ့် ဖြစ်နိုင်ဖွယ် အခြေအနေတွေကို ဒီတစ်ခါ ဆွေးနွေးကြမှာဖြစ်ပါတယ်။

ဒီတစ်ခါ တွေ့ဆုံမှုကတော့ ဗာတီကန်ရဲ့ အစဉ်အလာကို ချိုးဖောက်ပါလိမ့်မယ်။ ၂၀၂၂ ခုနှစ် ဧပြီလမှာ ပြင်သစ်တွေဟာ မဲပေးကြမှာပါ။ အမှန်က မဲပေးနှစ်တွေမှာ ပုပ်ဟာ သမ္မတတွေကို တွေ့ဆုံလေ့ မရှိပါဘူး။ ဒါပေမဲ့ ဒီတစ်ခါ တော့ သမ္မတ မာကရွန်အတွက် ချွင်းချက်အနေနဲ့ အရှင်သူမြတ်က ထားကောင်းထားပါလိမ့်မယ် ဘာလို့လည်းဆိုတော့ ၂၀၂၂ ခုနှစ် နှစ်လယ်လောက်မှာ ဉရောပပြည်ထောင်စု ကောင်စီ ရဲ့ အလှည့်ပြောင်းယူရာမှာ ပြင်သစ်က ပါဝင်မှာ ကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။

 

ဘာသာပြန်-စစ္စတာရ်လူစီယားသန္တာအောင်၊ SJA

https://bit.ly/3l0qlhT

 

Add new comment

17 + 0 =