ပုပ်ဖရန်စစ်သည် နူးယော့ခ်မြို့မီးလောင်ကျွမ်းမှု၌အသက်ဆုံးရှုံးခဲ့သူများအတွက်ဆုတောင်းပေး

ပုပ်ဖရန်စစ်သည် နူးယော့ခ်မြို့မီးလောင်ကျွမ်းမှု၌အသက်ဆုံးရှုံးခဲ့သူများအတွက်ဆုတောင်းပေး

ပုပ်ဖရန်စစ်သည် နူးယော့ခ်မြို့မီးလောင်ကျွမ်းမှု၌အသက်ဆုံးရှုံးခဲ့သူများအတွက်ဆုတောင်းပေး

 

            ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်သည် ပြီးခဲ့သော ဇန္န၀ါရီလ (၁၀) ရက်၊ တနလ်ာနေ့က နူးယော့ခ်သာသနာ၏ ကာဒီနယ် Timothy Dolan ထံသို့ ၀မ်းနည်းကြောင်းသံကြိုးစာ တစ်စောင် ပေးပို့ခဲ့ သည်။ ထိုသံကြိုးစာ၌ လူ (၁၉) ဦးအသက်ဆုံးရှုံးခဲ့ရသော Bronx မြို့မီးလောင်ကျွမ်း မှု၌ပါ၀င်သွားခဲ့ သူ များ ၏မိသားစု၀င်များအား ၀မ်းနည်းကြောင်းဆုတောင်းစာဖြစ်သည်။ ထိုအသက်ဆုံးရှုံး သွားသူ များအ နက် (၉) ဦးမှာကလေးများဖြစ်ကြသည်။ ထိုအဖြစ်အပျက်သည် တနဂ်နွေနေ့ကဖြစ်ပွားခဲ့သည်။ ထို သတင်း ကို ကြားလိုက်ရ၍ ရဟန်းမင်းကြီးသည် အလွန်စိတ်ထိခိုက် သွားခဲ့ရသည်ဟုစာ တွင်ဖော်ပြ ထားသည်။

            အလွန်စိတ်ထိခိုက်ခံစားရသော ၀မ်းနည်းဆုတောင်းစာနှင့်အတူ စိတ်အားဖြင့် ထိုအဖြစ်ဆိုး နှင့်ကြုံတွေ့ခဲ့ ရသောသူတို့ နှင့်ထပ်တူခံစားရပါကြောင်း၊ ကွယ်လွန်သွားသူများအတွက် ထာ၀ရချမ်းသာ ခံရ စေရန် ဆုတောင်းပေးသကဲ့သို့၊ ကွယ်လွန်သွား သူတို့၏ မိသားစု၀င်တို့အတွက် ဘုရားသခင်ထံမှ နှစ် သိမ့်ခြင်းကောင်းကြီးခံစားရပါစေကြောင်းဆုတောင်းမေတ္တာပိုသထား သည်။      

            မီးစတင်လောင်ကျွမ်းလာပုံမှာ အပူပေးစက်မှစတင်သည်ဟုယူဆရဖွယ်ရှိသည်။ အချိန်ကား ဒီဇင်ဘာ (၉) ရက်နေ့၊ နံ နက် (၁၁) နာရီအချိန်ကဖြစ်ပြီး၊ (၁၈၁) လမ်းရှိ၊ အထပ် (၁၂၀) ၏ (၁၉) လွှာမှ စတင်ခဲ့သည်။ အသက်ဆုံးရှုံးခဲ့ရသော (၁၉) အပြင် (၃၂) ဦးခန့် အတွင်းလူများအဖြစ် ဆေးရုံတင်ထားရပြီး၊ ဆိုးရိမ် ရသည်။ နူးယောခ့်မြို့တော်၀န် Eric Adams က ‘ယခု မီးသင့်လောင်ကျွမ်းမှုသည် ယနေ့တိုး တက် သောခေတ်ကာလအတွက် အလွန်ဆိုးရွားသောအဖြစ်အပျက်ပင်ဖြစ်သည်’ ဟုပြောကြားခဲ့သည်။

              ဂျက်ဆွီစ်ဘုန်းတော်ကြီးများအပိုင် Fordham တက္ကသိုလ်၏ ဥက္ကဌဖြစ်သော Joseph M. McShane, S.J ကလည်း ဇန္န၀ါရီလ (၉) ရက်နေ့က တက္ကသိုလ်၏အဖွဲ့၀င်များအား အဆိုပါ အခင်းဖြစ် ပွားမှု အတွက် ၀ိုင်း၀န်းဆုတောင်းပေးကြရန်မေတ္တာရပ်ခံထားသည်။ သူ၏သတင်းစကား၌ ‘ဤအဖြစ် အပျက် သည် Bronx မှကျွန်ုပ်တို့အိမ်နီးနားချင်းများအတွက် ထိတ်လန့် ဖွယ်ရာအနိဌာရုံဖြစ်သည်။ နောက် ရက် များ၌ မီးသင့်ရာတွင်ပါသွားခဲ့သောမိသားစုများကို အဘယ်သို့ကူညီပေးရမည်ကို ထည့် သွင်းစဉ်း စား ဆုံးဖြတ်ကြမည်။ လက်ရှိ၌မူ သင်တို့အားလုံး ၄င်းတို့ကိုသတိရပေးပါ။ အထူးသဖြင့် ကျွန်ုပ်နှင့် အတူကူ၍ဆုတောင်းပေး ကြပါ’ ဟုရေးတင်ထားသည်။

            နူးယော့ခ်မှကက်သလစ်အဖွဲ့အစည်းကလည်း အမေရိကန် ကက်သလစ် ဆရာတော်ကြီးများ၏ အဖွဲ့ကိုတရား၀င်ကိုယ် စားပြုသော ကြေညာချက်ကို တနဂ်နွေနေ့က တွီစ်တာလူ မူကွန်ရက် စာမျက်နှာ တွင်ထုတ်ပြန်ခဲ့သည်။ အဆိုပါကြေညာချက်မှာ ‘Bronx ၌ ကြောက်ရွံ့ထိတ်လန့်ဖွယ် မီးလောင်ရာတွင် အ သက်ဆုံး ရှုံးခဲ့သောသူတို့အတွက်နှင့်မိသားစု၀င်များအတွက်၊ မီးဘေး ဒုက္ခသည်များအတွက် ကျေးဇူး ပြု ၍ဆုတောင်းပေးကြပါ။ ထို့အတူ မီးသတ်သမားများအတွက်လည်းဆုတောင်းပေးကြပါ။ အဘယ် ကြောင့် ဆိုသော် ၄င်းတို့သည်လည်း သက်စွန့်ဆံဖျားကြိုးစား၍ မီးဘေးဒုက္ခသည်များ ဆက်လက်၍ အသက် မဆုံးရှုံးစေရန်  ကယ်ထုတ်ပေးနေရသည်။ ဘုရားသခင်သနားတော်မူပါ’ ဟုရေး သားထား ပါသည်။   

 

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3FrH7xA

Add new comment

1 + 0 =