ပုပ်ဖရန်စစ်သည် ဓမ္မတွေးခေါ်ပညာရှင်လည်းဖြစ်သကဲ့သို့သိုးထိန်းလည်းဖြစ်သည်ဟုဆို

ပုပ်ဖရန်စစ်သည် ဓမ္မတွေးခေါ်ပညာရှင်လည်းဖြစ်သကဲ့သို့သိုးထိန်းလည်းဖြစ်သည်ဟုဆို

ပုပ်ဖရန်စစ်သည် ဓမ္မတွေးခေါ်ပညာရှင်လည်းဖြစ်သကဲ့သို့သိုးထိန်းလည်းဖြစ်သည်ဟုဆို

နှစ်အတန်ကြာစွာ ပုပ်ရဟန်းမင်းကြီးဖရန်စစ်အားသိသောသူများ၊ သူ့အကြောင်းစိတ်၀င်စားသူများက ရဟန်း မင်းကြီးသည် ဓမ္မတွေးခေါ်ပညာရှင်လေလော၊ သိုးထိန်းလေလောဟုတွေးတောနေခဲ့ကြသည်။ မကြာမီကထုတ်‌ေ၀ လိုက်သော ‘Francis: Pastor and Theologian’ (ဖရန်စစ် - ဓမ္မတွေးခေါ်ပညာရှင်နှင့်သိုးထိန်း) စာအုပ်၌ ရဟန်းမင်းကြီး သည်ဘွဲ့နှစ်ခုလုံးကိုပိုင်ဆိုင်ထားသူဖြစ်ကြောင်း ရှင်းလင်းပြတ်သားစွာရှင်းပြထားပါသည်။
ဤစာအုပ်သည် ရဟန်း မင်းကြီးဖရန်စစ်၏ ခေါင်းဆောင်မှုပုံစံ၊ သွားနေသည့်လမ်းကြောင်းကို ဘာစီလိုးနား the Ateneu Universitari Sant Pacià တက္ကသိုလ်မှ ကျွမ်းကျင်သူများက သုံးသပ်တင်ပြထားသည်။
ရဟန်းမင်းကြီးဖရန်စစ်သည် ဧ၀ံဂေလိကျမ်းစာမှ တွေ့ကြုံခဲ့သည်ကို သင်ယူ၍ ထိုအတွေ့အကြုံမှပြောလေ့ရှိသည်။ ထို့အတူ ဧ၀ံဂေလိတရားတော်မှရသော ဘာသာရေးအတွေးအခေါ်၊ အတွေ့အကြုံများကို မြဲခိုင်စွာအခြေခံ၍ပြောလေ့ရှိသည်။ သိုးထိန်းတစ်ပါးအနေဖြင့်မူ သူ၌သိုး ထိန်းတာ၀န်ကိုထိရောက်စွာထမ်းဆောင်နိုင်ရန် လေးနက်သောဘာသာရေးအတွေးအခေါ်လည်းရှိသူဖြစ်သည်။ ထို အတွေးခေါ်များက ကျွန်ုပ်အားလမ်းကိုပြသသည်ဟု ကာဒီနယ် JUAN JOSÉ OMELLA ကပြောကြားခဲ့သည်။

သုံးသပ်ချက်ကိုပေးသော တက္ကသိုလ်၏ကျောင်းအုပ်ဖြစ်သူ ARMAND PUIG ကလည်း သိုးထိန်းသည် အသက်ကိုပေးရန်မတွန့်တိုသူဖြစ်သည်။ ကြွယ်၀စွာပေးရန်ကိုအစဉ်တွေးတောနေသူဖြစ်သည်။ ရဟန်းမင်းကြီးဖရန်၏ မိန့် ခွန်း၊ ဩ၀ါဒများသည် လူတိုင်းနားလည်နိုင်သည်။ အချို့သောကိစ္စများမှာမူ မရှင်းမလင်း (သို့) ပွင့်လင်းမှုမရှိသည် များလည်းရှိပေမည်။ ဤသို့ပြောဆိုရခြင်းမှာ အကြောင်း အရာအသေးစိတ်ကိုသိရန်ထက် ပေးလိုသောသတင်းစကား သည်ပို၍အဓိကကျသောကြောင့် လိုရင်းကိုသာပြောလိုက်ခြင်းဖြစ်သည်။
လူ့ခန္ဓာကိုယ်အကြောင်းပြောသောအခါ မျက်နှာကိုအဓိကထားပြောသကဲ့သို့ဖြစ်ပါသည်။ မျက်နှာအကြောင်းထည့်ပြောလိုက်လျှင် ကျန်သောခန္ဓာကိုယ်အ စိတ်အပိုင်းတစ်ခုလုံးကိုခြုံငုံမိသွားသည်သကဲ့သို့ဖြစ်သည်’ ဟုဆိုပါသည်။ စာအုပ်ထဲ၌ ရဟန်းမင်းကြီးဖရန်စစ်နှင့်ပတ် သက်သောအရေးကြီးသည့်ခေါင်းစဉ်များကိုသာ အသားပေးဖော်ပြထားသည်။ ဥပမာအားဖြင့် အတူတကွယှဉ်တွဲလုပ် ဆောင်ခြင်း၊ ဆင်းရဲမွဲတေမှုကိစ္စ၊ စီစစ်သုံးသပ်ခြင်းနှင့်သက်၀င်ယုံကြည်မှုမတူသောဘာသာအချင်းချင်းတွေ့ ဆုံဆွေး နွေးညှိနှိုင်းမှုပြုခြင်း စသောခေါင်းစဉ်များဖြစ်သည်။ ဤစာအုပ်ကိုဖတ်ရူခြင်းဖြင့် မျက်မှောက်ခေတ်ကာလကိုနား လည်သဘောပေါက်နိုင်မည်ဖြစ်သကဲ့သို့၊ အနာဂါတ်သာသနာနှင့်ကမ္ဘာကြီးကိုထိန်းကျောင်းနိုင်မည့်အသိ၊ အလင်းများရရှိနိုင်သော အခွင့်အရေးကောင်းတစ်ခုဖြစ်မည်ဖြစ်သည်။

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

Photo courtesy of the Hollywood Reporter 

https://bit.ly/3BUDUFS

Add new comment

11 + 4 =