ပုပ်ဖရန်စစ်သည် ဒူးရောင်​ဝေဒနာကို ဘုရားဖူးဧည့်သည်များအား ရှင်းပြခဲ့

ပုပ်ဖရန်စစ်သည် ဒူးရောင်​ဝေဒနာကို ဘုရားဖူးဧည့်သည်များအား ရှင်းပြခဲ့

ပုပ်ဖရန်စစ်သည် ဒူးရောင်​ဝေဒနာကို ဘုရားဖူးဧည့်သည်များအား ရှင်းပြခဲ့

ဗုဒ္ဓဟူးနေ့၌ ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်ဟာ အထွေထွေ လူထု ပရိသတ် တွေ့ဆုံပွဲမှာ ကြင်စဦးဇနီးမောင်နှံများနှင့် နာမကျန်းဖြစ်နေတဲ့ ဘုရားဖူးဧည့်သည်အချို့ကို နှုတ်ဆက်ဘို့ လှေကားထစ်တွေအောက်သို့ ဆင်းခဲ့ပေမယ့် ဒီတခါမှာတော့ ပါပါးဖရန်စစ်ဟာ လူစုလူဝေးဆီသို့ မသွားဘဲ သူ့ထံတဝက်လောက် တက်ခိုင်းခဲ့ရပြီး ဒီလိုပြောင်းလဲရတဲ့အကြောင်းရင်းကို လည်းအရှင်သူမြတ်ကရှင်းပြပါခဲ့တယ်။

"ညာဘက်ခြေထောက်မှာ ပြဿနာရှိလို့ ဒီနေ့ အားလုံးကို နှုတ်ဆက်ဖို့ မတတ်နိုင်ဘူးလို့ ပြောချင်ပါတယ်။ ကျွန်ုပ် ဒူးမှာ ရောင်နေတဲ့ အရွတ်တစ်ခုရှိတယ်။ ဒါပေမယ့် ကျွန်ုပ် ဆင်းလာပြီး နှုတ်ဆက်မယ်။ ပြီးတော့ သင်တို့က တက်လာပီး "Hello" လို့နှုတ်ဆက်ဖို့ ဖိတ်ခေါ်ပါတယ်" ဆိုပြီး အရှင်သူမြတ်က မိန့်ကြားခဲ့တာပါ။

ပုပ်ရဟန်းမင်းကြီးဟာ အချိန်အတော်ကြာ လမ်းလျှောက်ဘို့ ခက်ခဲခဲ့ပြီး လှေကားထစ်များ အတက်အဆင်းမှာ အကူအညီ လိုအပ်ခဲ့တယ်။ ဒါဟာ ခက်ခဲတဲ့အခြေအနေဖြစ်ပေမယ့် ပုပ်ဖရန်စစ် ရဲ့ ဟာသဥာဏ်ကို လျော့သွားခြင်းမရှိခဲ့ပါဘူး။

"ဒူးနာက ပျောက်သွားမယ့်အရာဖြစ်တယ်။ ဒါဟာ ဖြတ်သန်းရမယ့် အရာတစ်ခုပါပဲ။ ဒီဟာက လူကြီးတွေဆီမှာပဲ ဖြစ်လေ့ဖြစ်ထရှိတာကို ဘာကြောင့် ငါ့ဆီမှာဖြစ်တာလဲတော့မသိဘူး။" ဆိုပြီးအရွှန်းဖောက်ခဲ့ပါသေးတယ်။

လူထုပရိသတ် တွေ့ဆုံပွဲအဆုံးမှာတော့၊ သူ့ရဲ့ ဒူးဟာမသက်မသာဖြစ်နေတာကို တွေ့ရပါတယ်။ အမှန်မှာတော့ ပါပါးဟာ "ကောင်းကင်ဘုံ၌ မေတ္တာ"ဆိုဘို့ တောင်မတ်တပ်ရပ်ဘို့ ခက်ခဲနေပုံရတယ် ဒါပေမယ့် ဘုရားဖူးတွေကို နှုတ်ဆက်ပြီး သူ့ရဲ့ရင်းနှီးမှုကို ပြသခြင်းကနေ သူ့ကို အဟန့်အတားဖြစ်ခဲ့ခြင်းမရှိခဲ့ပါဘူး။

ဘာသာပြန်-အာဗီအေမြန်မာ

https://bit.ly/3AGh44X

Add new comment

8 + 0 =