ပုပ်ဖရန်စစ်သည် ဒူးနာနေသော်လည်း  ဧည့်သည်တော်များနဲ့ ပုံမှန် ကြိုးစား တွေ့ဆုံခဲ့ 

ပုပ်ဖရန်စစ်သည် ဒူးနာနေသော်လည်း  ဧည့်သည်တော်များနဲ့ ပုံမှန် ကြိုးစား တွေ့ဆုံခဲ့ 

ပုပ်ဖရန်စစ်သည် ဒူးနာနေသော်လည်း  ဧည့်သည်တော်များနဲ့ ပုံမှန် ကြိုးစား တွေ့ဆုံခဲ့ 

ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်ဟာ စိန့်ပီတာရင်ပြင်ကို လုံခြုံအောင် ကာကွယ်စောင့်ရှောက်ထားသူများနဲ့  တွေ့ဆုံခဲ့ပါတယ်၊  သူတို့ဟာ စိန့်ပီတာရင်ပြင်နဲ့ အနီးနားပတ်ဝန်းကျင်ရှိ လုံခြုံရေးအတွက် ဗာတီကန်ရဲတပ်ဖွဲနှဲ့  ပူးပေါင်းလုပ်ဆောင်နေရတဲ့ အီတလီရဲတပ်ဖွဲ့ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နှစ်နှစ်အတွင်း ကပ်ရောဂါကြောင့် သူတို့တွေအတွက် အလုပ်ပိုများလာစေတယ်။ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က သူတို့အား ကျန်းမာရေး အကျပ်အတည်းကာလအတွင်း စည်းမျဥ်းစည်းကမ်း စနစ်တကျ ထိန်းသိမ်းပေးပြီး ကြိုးပမ်းမှုအတွက် ကျေးဇူးတင်ရှိပါကြောင်း "ဒီလတွေမှာ ဘုရားဖူးတွေရဲ့ တောင်းဆိုချက်တွေနဲ့ ကပ်ရောဂါကြောင့် သတ်မှတ်ထားတဲ့ ကျန်းမာရေး စည်းမျဥ်းစည်းကမ်းတွေနဲ့ အများပြည်သူ လုံခြုံရေးစံနှုန်းတွေကို အဆင်ပြေအောင် ထိန်းကျောင်းနိုင်ခဲ့ခြင်း၊  ဒီမြင့်မြတ်တဲ့နေရာတွေနဲ့ ဗာတီမြို့ရဲ့ ငြိမ်းချမ်းခြင်းကို သယ်ဆောင်ပေးတဲ့ သင်တို့ရဲ့ ကျွမ်းကျင်ပိုင်နိုင်မှုကိုလည်း ကျေးဇူးတင်ပါတယ်" ဆိုပြီး အရှင်သူမြတ်က မြွက်ကြားခဲ့တာပါ။ 

 မကြာသေးမီက ရောမမြို့ရှိ စံချိန်တင်စတိုးဆိုင်တစ်ခုသို့  အရှင်သူမြတ်လည်ပတ်ခြင်းလိုမျိုး မှာလည်း  လုံခြုံရေးအတွက်ဒီရဲတပ်ဖွဲမှာ တာဝန်ရှိတာပါ။  "အီတလီမှာ သိုးထိန်းခရီးစဥ် လာလည်ကြတဲ့သာသနာပြုများ ဒါမှမဟုတ် ရောမကိုလာရောက်လည်ပတ်စဉ်မှာ သင်တို့ရဲ့ လုံ့လဝီရိယရှိတဲ့ ပူးပေါင်းဆောင်ရွက်မှုကိုလည်း ကျေးဇူးတင်သလို သတိရပါတယ်" လို့  ပုပ်ဖရန်စစ်က မိန့်ကြားခဲ့ပါတယ်။

ပုပ်ရဟန်းမင်းကြီးဟာ  ပုံမှန်အားဖြင့် တက်ရောက်လာသူများအား တစ်ဦးချင်း နှုတ်ဆက်ရန် မတ်တပ်ရပ်လေ့ရှိပေမယ့်ာ်လည်း ယခုမှတော့ ဒူးနာနေတာကြောင့်  ထိုင်ဖို့လိုကြောင်ဆိုရင်း   နှုတ်ဆက်ရင်း တောင်းပန်ခဲ့ပါတယ်။

 

 

ဘာသာပြန်-အာဗီအေမြန်မာ

https://bit.ly/3osJ9YA

Add new comment

1 + 1 =