ပုပ်ဖရန်စစ်သည် တေဇေး လူငယ်များထံ အားပေးနှစ်သိမ့် စကားပေးပို့

ပုပ်ဖရန်စစ်သည် တေဇေး လူငယ်များထံ အားပေးနှစ်သိမ့် စကားပေးပို့

ပုပ်ဖရန်စစ်သည် တေဇေး လူငယ်များထံ အားပေးနှစ်သိမ့် စကားပေးပို့

 

ပြင်သစ်နိုင်ငံ Turin ၌ Taize လူငယ် အဖွဲ့အစည်းမှ ဦးဆောင်သည့် ဥရောပလူငယ်များ၏ စိတ်အားထက်သန်စွာ စောင့်မျှော်နေသည့် လူငယ်တွေ့ဆုံပွဲကို ဇူလိုင်လတွင် ကျင်းပရန် စီစဥ်ထားသော်လည်း covid-19 ကပ်ရောဂါကြောင့် ယခုအစည်းအဝေးကို ထပ်မံရွှေ့ဆိုင်းလိုက်ကြောင်း သိရသည်။

ပုပ်ရဟန်းမင်ကြီးဖရန်စစ်အရှင်သူမြတ်သည်လည်း  အွန်လိုင်း အစည်းအဝေးတွင် လူငယ်များအား ၎င်း၏အတွေးနှင့် ဆုတောင်းမှုတွင်အတူ ရှိနေကြောင်း အနွေးထွေးဆုံး နှုတ်ဆက်စကားဖြင့် မှာကြားခဲ့သည်ဟု ကာဒီနယ် က ပြောကြားခဲ့သည်။

ကာဒီနယ် ပါရိုလင်သည်လည်း လူငယ်များအား "ရှုံးနိမ့်မှုကို စိတ်မပျက်ဘဲ ရှုပ်ထွေးခက်ခဲသည့်အခြေအနေမှာ မေးခွန်းတွေထုတ်နေမယ့်အစား ဘုရားသခင်ရဲ့နှုတ်ကပါတ်တော်တရားကိုသာနားထောင်ဖို့ ပြောကြားခဲ့သည်။

ဆက်လက်ပြီး ကာဒီနယ် ပါရိုလင်က လူငယ်များကို ကျွန်ုပ်တို့ အတူတကွ ရှိနေကြလျင် သန့်ရှင်းသော ဝိညာဥ်တော်ဘုရားသည် ကျွန်ုပ်တို့အပေါ်သို့ ဆင်းကြွတော်မူ၏ ဟု မိန့်ကြားခဲ့ပြီး ယခုမျက်မှောက် ကက်သလစ်အသင်းတော်က ကျင်းပသော ညီလာခံအစည်းအဝေးသည် ကျွန်ုပ်တို့ တစ်ဦးကိုတစ်ဦး ဘယ်လောက်လိုအပ်နေကြောင်း ရှာဖွေရန်  သန့်ရှင်းသော ဝိညာဥ်တော်ဘုရား ဖိတ်ခေါ်ဖို့ ကြိုးစားကြရမယ်လို့ လူငယ်များကို မိန့်ကြားခဲ့ပါသည်။

နောက်ဆုံးမှာ ကာဒီနယ်က လူငယ်များအား ဒုက္ခခက်ခဲရောက်ရှိနေသော လူသားများနှင့် ပြင်းထန်သော ကပ်ရောဂါ အရေးပေါ်အခြေအနေများကိုရင်ဆိုင်ရန် ရွေးချယ်ခြင်းအားဖြင့် သူတို့နှင့်အတူပါဝင်ပြီး ဖြေရှင်းဖို့ သူတို့အား အခွင့်အရေးပေးရန် ကာဒီနယ်မှ တေဇေး လူငယ်များကို ပြောကြားခဲ့ပါသည်။

စိုးရိမ် ပူပန်မှူများရှိသော်လည်း ကျွန်ုပ်တို့သာ ညီအစ်ကိုရင်းသဖွယ်နေကြလျင် သန့်ရှင်းသော ဝိညာဥ်တော်ဘုရားသည် ဘယ်တော့မှအလုပ်ရပ်နားလိမ့်မည်မဟုတ်ဟု ပြောကြားခဲ့သည်။

အဆုံးမှာ အမိမယ်တော်မာရီယား၏ ကာကွယ်စောင့်ရှောက်ခြင်းအားဖြင့် သန့်ရှင်းသော ဝိညာဥ်တော်ဘုရားကောင်းချီးပေးကြပါစေဟုဆိူကာ အစည်းအဝေး တွင် ပါဝင်သူအားလုံးကို အပိတ် ဆုတောင်း

ပေးခဲ့သည်။

 

ဘာသာပြန်-RVA Myanmar

https ://bit.ly/32GQZGn

 

Add new comment

1 + 0 =