ပုပ်ဖရန်စစ်သည် တမန်တော်ခရီးစဉ်ဘေးကင်းအောင်မြင်စေရန် မယ်တော်ထံအပ်နှံ

ပုပ်ဖရန်စစ်သည် တမန်တော်ခရီးစဉ်ဘေးကင်းအောင်မြင်စေရန် မယ်တော်ထံအပ်နှံ

ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်သည် ယမန်နေ့ တနင်္လာနေ့က ရောမမြို့အတွင်းရှိ ‘စိန့်မေရီမေဂျာဘာ စီးလီကာ’ ဘုရားကျောင်းကြီးသို့ကြွရောက်၍ စက်တင်ဘာလ (၁၃) ရက်နေ့၌အစပြုမည့်၎င်း၏တမန် တော်ခရီးစဉ်အားစောင့်ရှောက်ဆုတောင်းပေးရန်သွားရောက်ဆုတောင်းအပ်နှံခဲ့သည်။

ဤလုပ်ရိုးလုပ် စဉ်သည် ရဟန်းမင်းကြီးအဖြစ်ရွေးချယ်တင်မြောက်ခံရပြီးနောက် ပြည်ပတမန်တော်ခရီးမကြွရောက်မီ နှင့်ကြွရောက်ပြီးတိုင်ပြုလေ့ရှိသည်။ ရဟန်းမင်းကြီးသည် ယမန်နေ့မွန်းလွဲပိုင်း၌ စိန့်မေရီမေဂျာဘာစီး လီကာဘုရားကျောင်း၀င်းအတွင်းရှိ ‘Maria Salus Populi Romani’ (ရောမမြို့သူမြို့သားများတို့၏ ကျန်းမာ ခြင်းမယ်တော်မာရိယာ) ထံသွားဖူးခဲ့သည်။

ဤမယ်တော့်ဆင်းတုတော်သည် ဉာဏ်တော် (၅) ပေ၊ လုံးပတ် (၃) ပေကျော်ရှိသည်။ ဤဆင်း တုတော်သည် Crete မြို့မှ အေဒီ (၅၉၀) ခုနှစ် ရဟန်းမင်းကြီးမဟာဂရေဂေါ်ရီသာသနာတော်ကြီးအားဦး ဆောင်နေစဉ်ကပင့်ဆောင်လာခဲ့ပြီး ပူဇော်ခံထားခြင်းဖြစ်သည်။

ရဟန်းမင်းကြီးဖရန်စစ်သည် စက်တင်ဘာလ (၁၃) ရက်နေ့ (ယနေ့) နံနက်၌ ရောမမှ Kazakhstan သို့လေယာဉ်ဖြင့်ပျံသန်းပြီး ဒေသစံတော်ချိန် မွန်းလွဲ (၁) ရီခန့်တွင်ဆိုက်ရောက်မည်ဖြစ် သည်။

Kazakhstan သည်အာရှအလယ်ပိုင်းနိုင်ငံတစ်နိုင်ငံဖြစ်ပြီး၊ ယခုခရီးစဉ်သည် ရဟန်းမင်းကြီးဖရန် စစ်၏ (၃၈) ကြိမ်မြောက်အီတလီနိုင်ငံပြင်ပသို့ တမန်တော်ခရီးကြွရောက်သည့်ခရီးဖြစ်သည်။

ယခုကဲ့သို့ ကြွရောက်စဉ်၌ ကမ္ဘာ့ဘာသာရေးခေါင်းဆောင်ကြီးများ၏ (၇) ကြိမ်မြောက် ကွန်ဂရက်စ်သို့လည်းတက် ရောက်မည်ဖြစ်သည်။ ကွန်ဂရက်စ်၏ ဆောင်ပုဒ်ကား ‘The Role of Leaders of World and Traditional Faiths in the Socio-Spiritual Development of Humanity after the pandemic’ (ကပ်ရောဂါဆိုးအလွန် လူ သားတို့၏ လူမှု-၀ိညာဉ်ရေးရာဖွံ့ဖြိုးတိုးတက်မှု၌ ကမ္ဘာ့ဘာသာရေးခေါင်းဆောင်တို့၏အခန်းကဣ) ဟု ပေးထားသည်။

ဗာတီကန်၏သတင်းပြန်ကြားရေးဌာန တာ၀န်ခံ ‘Matteo Bruni’ က ‘ရဟန်းမင်းကြီးဖရန် စစ်၏ခရီးစဉ်သည် ဘာသာရေးခေါင်းဆောင်တို့၏ဝိုင်း၀န်ကူညီယှိုင်းပင်းမှုဖြင့် ကမ္ဘာ့ငြိမ်းချမ်းရေးကို တိုးမြင့်လုပ်ဆောင်ရန်ဖြစ်သည်ဟုပြောကြားခဲ့သည်။

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်
https://bit.ly/3BbDonZ
 

Add new comment

3 + 17 =