ပုပ်ဖရန်စစ်သည် ဇွဲမလျော့ဘဲကမ္ဘာ့ငြိမ်းချမ်းရေအတွက်ဆုတောင်းရန်ဆက်လက်တိုက်တွန်း

ပုပ်ဖရန်စစ်သည် ဇွဲမလျော့ဘဲကမ္ဘာ့ငြိမ်းချမ်းရေအတွက်ဆုတောင်းရန်ဆက်လက်တိုက်တွန်း

ပုပ်ရဟန်းမင်းကြီးဖရန်စစ်သည် စိန့်ပီတာရင်ပြင်၌စုရုံးရောက်ရှိနေသောဘုရားဖူး (၁၀၀၀၀) တို့နှင့်အတူအန်ဂျေလူးမေတ္တာကိုဆုတောင်းမေတ္တာကိုအတူတကွဆုတောင်းခဲ့သည်။

အမိမယ်တော်ကောင်းကင် ဘုံသို့ဘုန်းတော်ဂုဏ်တော်နှင့်ပင့်ဆောင်ခံရသောပွဲနေ့ကြီး၌ ကမ္ဘာ့ငြိမ်းချမ်းရေးရရှိရန်အတွက် ရဟန်းမင်းကြီးကအမိမယ်တော်ထံတိုင် တည်အပ်နှံပူဇော်ခဲ့သည်။

ရဟန်းမင်းကြီးက ငြိမ်းချမ်းရေးအတွက်ဆုတောင်းရာ၌ဆုတောင်းမပြည့်သကဲ့သို့ဖြစ်နေသော်လည်း စိတ်ဓာတ်မကျရန်၊ ခေတ်မှီလူသတ်လက်နက်များ၏အသံဗလံသည် ငြိမ်းချမ်းရေးဆွေးနွေးပွဲများကိုလွှမ်းသွားတတ်ကြောင်း၊ ကြီးမားသောခြိမ်း ခြောက်မှုဖိ အားသည် တရားဥပဒေကိုအနိုင်ပိုင်းလိုက်သကဲ့သို့ဖြစ်တတ်ကြောင်း၊ သို့သော်ကျွန်ုပ်တို့သည်စိတ်ဓာတ်မကျဘဲ ဆုတောင်းခြင်း၌မျှော်လင့်ချက်ထား၍ ဆက်လက်ဆုတောင်းကြပါစို့ဟုဘုရားဖူးများအားတိုက်တွန်းခဲ့သည်။

ဗာတီကန်အနေဖြင့် ငြိမ်းချမ်းရေးအတွက်သံတမန်လမ်းကြောင်းဖြင့်ဆက်လက်ကြိုးစားအားထုတ်လုပ်ဆောင်လျှက်ရှိသည်။ ရဟန်းမင်းကြီးဖရန်စစ်၏တာ၀န်ပေးအပ်ခံထားရသော ကာဒီနယ် Zuppi က ရုရှားနှင့်ယူကရိန်းကြားပေါင်းကူး တံတားတည်ဆောက်နိုင်ရန်အားထုတ်
လျှက်ရှိသည်။

ထို့အတူ ဗာတီကန် ၏အတွင်းရေးမှူးသည်လည်း အန်ဂိုလာနှင့်တောင်ဆူဒန်သို့သွားရောက်၍ ဒေသငြိမ်းချမ်းရေးရရှိနိုင်ရေးညှိနှိုင်းဆွေးနွေးပေးလျှက်ရှိသည်။

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

https://bitly.ws/TmFg

Add new comment

12 + 0 =