ပုပ်ဖရန်စစ်သည် ဆွီစ်ဇာလန်နိုင်ငံသမ္မတနှင့်တွေ့ဆုံ

ပုပ်ဖရန်စစ်သည် ဆွီစ်ဇာလန်နိုင်ငံသမ္မတနှင့်တွေ့ဆုံ

ပုပ်ဖရန်စစ်သည် ဆွီစ်ဇာလန်နိုင်ငံသမ္မတနှင့်တွေ့ဆုံ

ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်သည် ကြာသပ တေးနေ့နံနက်ပိုင်းက ဆွီစ်ဇာလန်သမ္မတ Guy Parmelin နှင့်သီးသန့် တွေ့ဆုံခဲ့သည်။ ဤသို့တွေ့ဆုံရသည့်အတွက် နှစ်ဖက်လုံးမှလှိုက်လှဲပီတိဖြစ်ခဲ့ရကြောင်းနှင့်ရှေ့ဆက်လက် တွဲ၍ နိုင်ငံတ ကာအရေးနှင့်ပတ်သက်၍လုပ်ဆောင်သွားကြမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ကြသည်။

မေလ (၆) ရက်နေ့က ဗာတီကန်ရဲများဟုအလွယ်ခေါ်ကြသော ရဟန်းမင်းကြီးအဆက် ဆက်တို့၏ လုံခြုံရေးတာ၀န်ယူပေးသော ဆွီစ်ရဲအသစ် (၃၄) ဦး၏သစ္စာပြုပွဲ၌ ဆွီစ်ရဲတို့၏ရက်ရောသောပေးဆပ်မှုအကြောင်းကို ရဟန်းမင်းကြီးနှင့်ဆွီစ်ဇာလန်သမ္မတို့နှစ်ဦး လုံးက ရဲတို့အားချီးကျူးစ ကားပြောကြားခဲ့သည်။

အမှတ်တရလက်ဆောင် ပ စ္စည်းများဖလှယ်ကြပြီးနောက် ဆွီစ်ဇလန်နိုင် ငံ၏ သမ္မတသည် ကာဒီနယ် Pietro Parolin နှင့်နိုင်ငံခြားရေးရာတာ၀န်ခံ ဂိုဏ်းချုပ်ဆရာ တော်ကြီး Paul Richard Gallagher တို့နှင့်တွေ့ဆုံခဲ့သည်။

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3nVDhWy

Add new comment

1 + 0 =