ပုပ်ဖရန်စစ်သည် ဆိုးရွာသောရာသီဥတုဒဏ်ခံစားနေရသောအမေရိကန်နိုင်ငံနှင့်ကနေဒါနိုင်ငံ အတွက်ဆုတောင်း

ပုပ်ဖရန်စစ်သည် ဆိုးရွာသောရာသီဥတုဒဏ်ခံစားနေရသောအမေရိကန်နိုင်ငံနှင့်ကနေဒါနိုင်ငံ အတွက်ဆုတောင်း

ပုပ်ဖရန်စစ်သည် ဆိုးရွာသောရာသီဥတုဒဏ်ခံစားနေရသောအမေရိကန်နိုင်ငံနှင့်ကနေဒါနိုင်ငံ အတွက်ဆုတောင်း

 

            ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်အနေဖြင့် သဘာ၀ဘေးဒဏ်သင့်ပြီး လူ့အသက် ဆုံးရှုံးခဲ့ရသော Gaylord မှပြည်သူများအတွက် အလွန်စိတ်မကောင်းဖြစ်ရကြောင်း သာသနာပိုင် ဆရာတော် Jeffrey J. Walsh ထံပေးပို့သောသံကြိုးစာထဲတွင်ဖော်ပြထား သည်။

Gaylord မြို့သည် လူဦးရေ (၄၂၀၀) ခန့်နေထိုင်သော အမေရိကန်ပြည်ထောင်စု၊ မီချင်ဂန်ပြည်နယ်၊ Detroit ၏အ နောက်ဖက်တွင်ရှိသောမြို့လေးတစ်မြို့ဖြစ်သည်။ ထိခိုက်ဆုံးရှုံးမှုရှိခဲ့သော မိသားစု များနှင့်ထပ်တူထပ်မျှခံစားရပါ ကြောင်းဖော်ပြထားသည်။     

            ရဟန်းမင်းကြီးပါးလိုက်သောသတင်းစကား၌ အသက်ဆုံးရှုံးသွားသောသူတို့အတွက်၊ ထိခိုက်ဒဏ်ရာရသူများ၊ ရွေ့ပြောင်းနေထိုင်နေရသူများနှင့်ကူညီမှုများပြုလုပ်နေသူတို့အတွက် ဆုတောင်းပေးပါကြောင်း၊ ဘုရားသခင်သည် အား လုံးအားခွန်အားနှင့်အတွင်းစိတ်၏ ငြိမ်ချမ်းခြင်း ရရှိကြစေရန်ဆုတောင်းပေးပါကြောင်းမိန့်ကြားထားသည်။ ပြီးခဲ့သည့် သောကြာနေ့က၀င်ရောက် မွှေနှောက်သွားသော တိုရွန်တို မုန်တိုင်းသည် လူနှစ်ဦးအသက်ဆုံးရှုံးခဲ့ပြီး၊ လူပေါင်း (၄၀) ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ လျှပ်စစ်မီးများလည်းပြတ်တောက်သွားခဲ့သည်။ 

 

ကနေဒါနိုင်ငံ၌လည်းမုန်တိုင်းများ၀င်ရောက်

            နောက်သံကြိုးစာတစ်စောင်ကိုလည်း ရဟန်းမင်းကြီးသည် ကနေဒါနိုင်ငံ၏ ကက်သလစ် ဆရာတော်ကြီးများအ ဖွဲ့ချုပ်၏ဥက္ကဌဆရာတော် Raymond Poisson ထံပေးပို့ခဲ့သည်။ ကနေဒါနိုင်ငံ တောင်ပိုင်း၌လည်း မုန်တိုင်း၀င်ရောက်မွှေ နှောက်ခဲ့၍ လူသေဆုံးမှုလည်းရှိခဲ့ပြီး၊ ပျက်စီးဆုံးရှုံး မှုများပြားခဲ့သည်။ သံကြိုးစာ၌ရဟန်းမင်းကြီးဖရန်စစ်က မုန်းတိုင်း ဒဏ်သင့်ပြည်သူများ ဘုရား သခင်ထံမှနှစ်သိမ့်ခြင်းကောင်းကြီးခံစားရစေရန်နှင့်ရှင်သန်နေကြသော်လည်း နာကျင်ခံစား နေရသူများအတွက်နှင့်ကွယ်လွန်သွားခဲ့ကြသောသူတို့၏၀ိညာဉ်သည် ဘုရားသခင်၏အသနားတော် မြတ်ခံစားရပါ‌စေ ဟုဆုတောင်းပေးကြောင်း မိန့်ကြားထားသည်။

ရဟန်းမင်းကြီးသည် သူ၏သံကြိုးစာကို ထိုသဘာ၀ဘေးဒဏ်သင့်ခဲ့ သောဒေသမှ ညီအစ်ကို ဆရာတော်များကို အားပေးနှစ်သိမ့်၍ကောင်းကြီးများခံစားရစေရန်ဆုတောင်းကောင်းကြီးပေး ပြီး၊ အရပ်ဖက်မှအာဏာပိုင်များလည်း သဘာ၀ဘေးဒဏ်သင့်ပြည်သူများ၏လိုအပ်ချက်များကို ဆက်လက်ကူညီပေး စေလိုပါကြောင်းဆန္ဒပြုထားသည်။    

 

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

   https://bit.ly/3sV6C7b

Add new comment

1 + 0 =