ပုပ်ဖရန်စစ်သည် ဆိုင်းပရပ်စ်မှ ဒုက္ခသည် ၅၀ ကို အီတလီသို့ခေါ်ဆောင်မည်

ပုပ်ဖရန်စစ်သည် ဆိုင်းပရပ်စ်မှ ဒုက္ခသည် ၅၀ ကို အီတလီသို့ခေါ်ဆောင်မည်

ပုပ်ဖရန်စစ်သည် ဆိုင်းပရပ်စ်မှ ဒုက္ခသည် ၅၀ ကို အီတလီသို့ခေါ်ဆောင်မည်

 

ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်ဟာ ဆိုင်းပရပ်စ်နဲ့ ဂရိနိုင်ငံများသို့ တမန်တော်ကြီးခရီးစဉ်ကြွချီခဲ့တာဖြစ်ပြီး ဆိုင်းပရပ်စ်မှ ဒုက္ခသည် အယောက် ၅၀ ခန့်် ကို အီတလီသို့ ခေါ်ဆောင်မှာဖြစ်ပါတယ်။ ခေါ်ဆောင်တဲ့ စရိတ်စက ကုန်ကျခြင်းများကိုတော့ ဗာတီကန်ကပဲ စီစဉ်သွားမှာဖြစ်ကြောင်း ၊

၁၂ ယောက်မှ ၁၅ ယောက်အထိပါတဲ့ ပထမအသုတ်ကိုတော့ ခရစ္စမတ်မတိုင်ခင်မှာ ခေါ်ဆောင်မှာဖြစ်ပြီး ဒုတိယအသုတ်ကိုတော့ ၂၀၂၂ ဇန်နဝါရီ နဲ့ ဖေဖော်ဝါရီလ အတွင်းမှာ ခေါ်ဆောင်မှာဖြစ်တယ်လို့ဆိုပါတယ်။

အဆိုပါအစီအစဉ်တွေကို အီတလီမှ စိန့်အီဂျီးဒီအို အဖွဲ့အစည်းက တာဝန်ယူစီစဉ်သွားမှာပါ။

ဒုက္ခသည်တွေတော့ အများအားဖြင့် ဆီးရီးယား၊ ကွန်ဂို၊ ကမာရွန်းနဲ့ အီရတ် တို့မှဖြစ်ကြပြီး ကလေးငယ်များအပါအဝင် မိသားစုများလည်း ပါဝင်ကြောင်း ၊ ဒုက္ခသည်များရွှေ့ပြောင်းခြင်းကိစ္စရပ်ကို ကြာသပတေးနေ့  ဒီဇင်ဘာ ၂ ရက်နေ့ က စတင်ခဲ့တဲ့ ပုပ်ရဟန်းမင်းကြီးရဲ့ ဆိုင်းပရပ်စ် တမန်တော်ကြီးခရီးစဉ် မှာ ကြေငြာခဲ့တာလည်းဖြစ်ပါတယ်။

သောကြာနေ့ နံနက် မှာတော့ နီကိုးဆီးယားမှာရှိတဲ့ ဩသိုဒေါ့စ် ကာသီဒြယ် ကျောင်းတော်ကြီးမှာ အရှင်သူမြတ်က  ဂိုဏ်းချုပ်ဆရာတော်ကြီး Archbishop Chrysostomos II နဲ့ တွေ့ဆုံခဲ့ပါတယ်။

St Francis Saverio  အား အောက်မေ့သတိယပြီး ဆိုင်းပရပ်စ် ကက်သလစ်မိသားစု ဉီးရေ ၁၀၀၀၀ ခန့်နှင့်လည်း အရှင်သူမြတ်ဟာ မစ္ဆားတရားဉီးဆောင်ဟောကြားပေးခဲ့ပါသေးတယ်။

မွန်းလွဲပိုင်းမှာတော့ Holy Cross ဘုရားကျောင်းကို ကြွရောက်ပြီး ဂရိနှင့်ဆိုင်းပရပ်စ်၊ တူရကီ နှင့် ဆိုင်းပရပ်စ် ကွာဟမှုများအတွက် ဒုက္ခသည်များနဲ့ အတူဆုတောင်းမေတ္တာပြုခဲ့တာပါ။

အီတလီကို ခေါ်ဆောင်မယ့်အထဲမှာ ပါဝင်ကြမယ့် ဒုက္ခသည်အချို့လည်း ထိုနေရာမှာရှိနေကြပြီး အရှင်သူမြတ်နဲ့ တွေ့ဆုံခဲ့တယ်ုလို့ဆိုပါတယ်။    

အရှင်သူမြတ်ပုပ်ဖရန်စစ်ဟာ ရောက်လျင်ရောက်ခြင်းမှာပဲ ဂျေရုဇလင်မှ လာတင်း အကြီးအကဲ    Mons. Pierbattista Pizzaballa ရဲ့ လှိုက်လှဲနွေးထွေးစွာကြိုဆိုမှုကို လက်ခံရရှိခဲ့ပါတယ်။

  

    

ဘာသာပြန်-စစ္စတာရ်လူစီယားသန္တာအောင်၊ SJA

https://bit.ly/3y09NeV

 

Add new comment

6 + 0 =