ပုပ်ဖရန်စစ်သည် ဆိုင်းပရပ်စ်နှင့်ဂရိနိုင်ငံသို့တမန်တော်ခရီးကြွချီရန်ပြင်ဆင်နေ

ပုပ်ဖရန်စစ်သည် ဆိုင်းပရပ်စ်နှင့်ဂရိနိုင်ငံသို့တမန်တော်ခရီးကြွချီရန်ပြင်ဆင်နေ

ပုပ်ဖရန်စစ်သည် ဆိုင်းပရပ်စ်နှင့်ဂရိနိုင်ငံသို့တမန်တော်ခရီးကြွချီရန်ပြင်ဆင်နေ

 

ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်သည် လာမည့်ကြာသပတေးနေ့၌ ဆိုင်းပရပ်စ်နှင့် ဂရိနိုင်ငံသို့ တမန်တော်ခရီးကြွရောက်မည်ဖြစ်သည်။ အရှင်သူမြတ်သည် ဆိုင်းပရပ်စ်၌ (၂) နှစ်ရက်ကြာနေထိုင်မည်ဖြစ်သည်။ ခရီးဆိုက်ရောက်သောနေ့၌ နိုင်ငံရေး ခေါင်းဆောင်များနှင့်တွေ့ဆုံမည်။ သောကြာနေ့၌မူ ဩသိုဒေါ့ခရစ်ယာန်များဆီသို့သွားရောက် လည်ပတ်ကာ မစ္ဆားတရားကိုမူ အားကစားရုံ၌ပူဇော်မည်ဖြစ်သည်။ ထိုနေရာ၌ ပြောင်းရွေ့အဖွဲ့တစ်ဖွဲ့နှင့်တွေ့ဆုံပြီး အီတလီနိုင်ငံ၏ ကျွန်းများ၌နေထိုင်နိုင်ရန်ဆွေးနွေးညှိနှိုင်းမည်ဖြစ်သည်။

 

ပုပ်ရဟန်းမင်းကြီး၏ကြွရောက်ခြင်းကို ဒေသ အစိုးရလည်းအထူးမျှော်လင့်နေကြသည်။ အဘယ်ကြောင့်ဆိုသော်  (၁၉၇၄) ခုနှစ် တူရကီတို့နယ်ချဲ့လာခဲ့မှုကြောင့် နေရပ်စွန့်ခွာခဲ့ကြရသော  ‘မာရွန်နှိုက်’ (Maronite) ကက်သလစ်တို့ ၏အရေးကိုလည်း ဆွေးနွေးဖြေရှင်းနိုင်မည်ဟု မျှော်လင့်နေကြသည်။ ပြောင်းရွေ့ဘာသာတူများသည်လည်း ရဟန်း မင်းကြီးကြွရောက်၍ဆွေးနွေးညှိနိုင်းပေးမှုဖြင့် နိုင်ငံရေးပြဿများဖြေရှင်းနိုင်ကာ မိမိတို့၏နေရပ်သို့ပြန်သွားနိုင်ရန် ဆန္ဒရှိနေကြသည်။

 

နောက်တစ်နေ့ စနေနေ့၌ ရဟန်းမင်းကြီးသည် ဂရိနိုင်ငံသို့ဆက်လက်ကြွရောက်မည်ဖြစ်သည်။ ဂရိနိုင်ငံ၌ ကက်သလစ်ဘာသာတူဦးရေမှာ နိုင်ငံ့လူဦးရေ၏ (၁) ရာခိုင်နှုန်းထက်နည်းသည်။(၉၀) ရာခိုင်နှုန်းမှာ ဂရိဩသောဒေါ့ ခရစ်ယာန်များဖြစ်ကြသည်။ ဂရိသို့ရောက်ရှိရခြင်း၏ အဓိကအကြောင်းအရင်းကို တနဂ်နွေနေ့နံနက်ပိုင်းတွင်ရှိမည် ဖြစ်သည်။ ထိုအစီအစဉ်ကား ဂရိနိုင်ငံ Lesbos သို့ရောက်ရှိနေသော ဥရောပသို့ထွက်ပြေးခိုလှုံလာသောဒုက္ခသည်များ နှင့် တွေ့ဆုံမည်ဖြစ်သည်။  ရဟန်းမင်းကြီးဖရန်စစ်သည် ဤကျွန်းစုငယ်သို့ (၂၀၁၆) ခုနှစ်ကတစ်ကြိမ်ကြွရောက်ပြီး ဖြစ်သည်။ ရဟန်းမင်းကြီးသည် တနင်္လာနေ့ ၌ အေသင်မြို့ရှိ ကက်သလစ်ကျောင်းမှလူငယ်များနှင့်တွေ့ဆုံပြီးနောက် မွန်လွဲပိုင်းတွင် ရောမသို့လေကြောင်းခရီးဖြင့်ပြန်ကြွလာမည်ဖြစ်သည်။ 

 

 

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

Photo courtesy of CNA

https://bit.ly/3E2wW2z

Add new comment

2 + 0 =