ပုပ်ဖရန်စစ်သည် ဆရာတော် Hobayan ၏သာသနာအတွက်ဆက်ကပ်အမှုတော်ထမ်းခဲ့ခြင်းအတွက်ဂုဏ်ပြုခဲ့

ပုပ်ဖရန်စစ်သည် ဆရာတော် Hobayan ၏သာသနာအတွက်ဆက်ကပ်အမှုတော်ထမ်းခဲ့ခြင်းအတွက်ဂုဏ်ပြုခဲ့

ပုပ်ရဟန်းမင်းကြီးဖရန်စစ်သည် ဖိလစ်ပိုင်နိုင်ငံမှဆရာတော်တစ်ပါးဖြစ်သော မတ်လ (၁၁) ရက်နေ့ကပျံလွန်သွားခဲ့သည့် ဆရာတော် Angel Tic-I Hobayan ၏သာသနာအတွက်ဆက်ကပ်အမှုတော်ထမ်းခဲ့ခြင်းအတွက်လေးစားကြောင်းဂုဏ်ပြုချီးကျူးခဲ့သည်။

ဆရာတော်သည် Catarman သာသနာ ၏သာသနာပိုင်ဆရာတော်ဖြစ်ခဲ့သည်။ သူ၏ကျန်ရစ်သောရုပ်ကလပ်အား မတ်လ (၂၂, ၂၀၂၃) တွင်မြေချခဲ့ပါသည်။

ဆရာတော်သည် ပျံလွန်ချိန်၌ သက်တော် (၉၃) နှစ်ရှိပြီဖြစ်ပြီး သူသည် Catarman ၏ပထမဦးဆုံးဆရာတော်လည်းဖြစ်သည်။ သူသည် Samar ပြည်နယ်၏မြောက်ဘက်၌ နှစ် (၃၀) တိုင်အမှုတော်ထမ်းခဲ့သည်။ သူသည် နိုင်ငံအတွင်းရှိကက်သလစ်ဆရာတော်များအနက် သက်တော်အကြီးဆုံးလည်းဖြစ်ခဲ့သည်။

ရဟန်းမင်းကြီးပေးပို့လိုက်သောစာကို ဆရာတော် Emmanuel Trance ကဖတ်ကြားခဲ့သည်။ စာထဲ၌ရဟန်းမင်းကြီးက ဆရာတော်ကြီးပျံလွန်သွားခြင်းကြောင့်ပူဆွေးနေကြသော ဒေသန္တရ သာသနာတော်ကြီးနှင့်အတူရှိနေကြောင်း၊ ဆရာတော်ကြီးမှရဟန်းတစ်ပါးအနေဖြင့်လည်းကောင်း၊ ဆရာ တော်တစ်ပါးအနေဖြင့်လည်းကောင်း ရွတ်ရွတ် ချွန်ချွန်ဆက်ကပ်အမှုတော်ထမ်းဆောင်ခဲ့သည်ကိုလည်းပြန် လည်အမှတ်ရဖော်ပြထားသည်။ တန်ခိုးကြီးသောသိုးထိန်းဖြစ်သည့်ခရစ္စတူးသခင်သည် ဆရာတော်ထမ်းဆောင်ခဲ့သည်အမှုတော်များအတွက်သူ၏၀ိညာဉ်အားဆုလာဘ်ပေးသနားပါစေ။ ကောင်းကင်သုခချမ်းသာကိုလည်းပျော်ရွှင်လန်းဆန်းစွာခံစားခွင့်ပြုတော်မူပါစေဟုပါရှိသည်။

ဆရာတော်ကြီး၏စျာပနမစ္ဆားတရားအား ရဟန်းမင်းကြီးကိုယ်စားလှယ် ကာဒီနယ် Charles Brown ကဦးဆောင်ပူဇော်ပြီး ဖိလစ်ပိုင်ဘုန်းကြီး ဖာသာရ် Agustin Opalalic မှဩ၀ါဒဟောကြား ခဲ့သည်။ စျာပနမစ္ဆားကို Catarman ကယ်သီဒရယ်၌ပူဇော်ခဲ့ပါသည်။ ရဟန်းမင်းကြီးကိုယ်စာလှယ်က ယခုကဲ့သို့သက်ကြီး၀ါကြီးဆရာတော်တစ်ပါး၏စျာပနမစ္ဆားအား ပူဇော်ခွင့်ရခြင်းသည်လွန်စွာထူးခြား သောဂုဏ်တစ်ခုဖြစ်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် သူ့အတွက်သီးသန့်ဆုတောင်းပေးနေကြသောကြောင့်ဖြစ်ကြောင်းပြောကြားခဲ့သည်။

ဆရာတော်ကြီးသည် အမှုတော်မှအနားယူသွားခဲ့သည်မှာ (၁၈) နှစ်ပြည့်ခဲ့ပြီဖြစ်သော်လည်း သာ သနာအမှုတော်ကိုဆောင်ရွက်ရန်မမောမပန်းနိုင်သေးဘဲ သူလှုပ်လှုပ်ရှားရှားရှိသည့်အချိန်ထိ သူ၏အ ရိုက်အရာကိုဆက်ခံသောဆရာတော် Emmanuel Trance ကသူ၏အကူအညီကိုတောင်းခံလေ့ရှိကြောင်း၊ သို့သော် သက်တော်အလွန်ကြီးရင့်သွားသောအခါ စိတ်သွားတိုင်းကိုယ်မပါနိုင်တော့ကြောင်း၊ သူသည် ရဟန်းတစ်ပါး၏အသက်တာ၊ ဆရာတော်တစ်ပါး၏အသက်တာကိုမြတ်နိုးကြောင်း ဖာသာရ် Opalalic ကသူ၏တရားထဲ၌ထည့်ဟောခဲ့သည်။

စျာပနမစ္ဆားတရားသို့ ဘာသာတူများစွာပါ၀င်ပူဇော်ခဲ့ကြသည်။ ထို့အတူပြည်နယ်အတွင်းရှိဆရာ တော်ကြီးများအားလုံးလည်းပါ၀င်ပူဇော်ခဲ့ကြသည်။ မစ္ဆာတရားပူဇော်အပြီး၌ ကြွင်းကျန်ရုပ်ကလပ်ကိုကယ်သီုရယ်၏၀ဲဘက်မစ္ဆားပလ္လင်ဘေး၌ပင်မြေချခဲ့သည်။
ဆရာတော်သည် (မတ်လ ၂၅၊ ၁၉၅၅) ခုနှစ်၌ရဟန်းသိက္ခာထပ်ခဲ့သည်။ သူသည် ရဟန်းများအနက်ဆရာတော်၏ လက်ထောက်ရဟန်းတာ၀န်ကိုထမ်းဆောင်နေစဉ်၌ပင်အခြားတာ၀န်ကြီးတစ်ခုဖြစ် သော ‘နာဇရက်မြို့သားယေဇူး’ ရဟန်းလောင်းကျောင်း၏ ကျောင်းအုပ် အဖြစ်လည်းတာ၀န်ထမ်းဆောင်ခဲ့သည်။

ဆရာတော်အားသူ၏မိခင်သာသနာဖြစ်သော Catarman ၏ဆရာတော်အဖြစ် ရဟန်းမင်းကြီး ပေါလ် (၆) မှ (၁၉၇၄) တွင်ခန့်အပ်ခဲ့ပြီး (မတ်လ ၅၊ ၁၉၇၅) တွင် ဆရာတော်သိက္ခာထပ်ခဲ့သည်။ (မတ် ၁၁၊ ၁၉၇၅) တွင် သာသနာပိုင်ဆရာတော်အဖြစ်ပလ္လင်အပ်နှင်းခံခဲ့ရသည်။ သတ်မှတ်ထားသောသက်တော်ပြည့်သွား၍ ဆရာတော်အမှုတော်မှ (မတ်လ ၁၀၊ ၂၀၀၅) ခုနှစ်တွင်အနားယူခဲ့သည်။

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3FTLO6l

Add new comment

3 + 2 =