ပုပ်ဖရန်စစ်သည် ဂျပန်နိုင်ငံ၏၀န်ကြီးချုပ်နှင့်တွေ့ဆုံ၍နူးကလီးယားကင်းမဲ့သောကမ္ဘာကြီးဖြစ်ရန်မျှော်လင့်

ပုပ်ဖရန်စစ်သည် ဂျပန်နိုင်ငံ၏၀န်ကြီးချုပ်နှင့်တွေ့ဆုံ၍နူးကလီးယားကင်းမဲ့သောကမ္ဘာကြီးဖြစ်ရန်မျှော်လင့်

ပုပ်ဖရန်စစ်သည် ဂျပန်နိုင်ငံ၏၀န်ကြီးချုပ်နှင့်တွေ့ဆုံ၍နူးကလီးယားကင်းမဲ့သောကမ္ဘာကြီးဖြစ်ရန်မျှော်လင့်

ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်သည် ဂျပန်နိုင်ငံ၏၀န်ကြီးချုပ် Fumio Kishida အားဗာတီကန်၌လက်ခံတွေ့ဆုံခဲ့သည်။ ယခုကဲ့သို့တွေ့ဆုံခြင်းသည် ဂျပန်နိုင်ငံနှင့်ဗာတီကန်တို့အကြား သံခင်းတမန်ခင်းအဆက်အသွယ်ရှိခဲ့သည်မှာ နှစ် (၈၀) ပြည့်သည့်နှစ်လည်းဖြစ်သောကြောင့်ဖြစ်သည်။

ဂျပန်သည် (၁၉၄၂) ခုနှစ်မှစ၍ အာရှနိုင်ငံများအနက် ဗာတီကန်နှင့်သံတမန်အဆက်အ သွယ်ရှိခဲ့သော ပထမဦးဆုံးနိုင်ငံလည်းဖြစ်သည်။ ၀န်ကြီးချုပ်သည် အနူမြှူဗုံးဒဏ်ခံခဲ့ရသော ဟီရိုရှီးမားမြို့မှကြွေထည် လက်ဆောင်ပေးခဲ့သည်။ ၀န်ကြီးချုပ်သည် ဟီရိုရှီးမားဇာတိဖြစ်သည်။ ရဟန်းမင်းကြီးကလည်း ငြိမ်းချမ်းရေးသင်္ကေတ များဖြစ်သည့် သံလွင်ခက်၊ ဂျိုးဌက်ပုံပါသည့် ကြေးရုပ်တုကိုပြန်လည်ပေးအပ်ခဲ့သည်။

ရဟန်းမင်းကြီးနှင့်၀န်ကြီးချုပ်တို့ သည် ယူကရိန်းနိုင်ငံ၏စစ်ရေးနှင့်ပတ်သက်၍ဆွေးနွေးခဲ့ကြကြောင်း၊ နူးကလီးယားလက်နက်ကင်းမဲ့သည့် ကမ္ဘာကြီးဖြစ် ရန် နှစ်ပြည်ထောင်လုံးကမျှော်လင့်ကြသည်။ နှစ်ပြည်ထောင်လုံးအနေဖြင့် နူးကလီးယားလက်နက်ကိုပိုင်ဆိုင်ခြင်းသည် အဘယ်သို့မျှစဉ်းစားမရ။ လက်မခံနိုင်ပေ။ ဤတွေ့ဆုံခြင်းသည် (၂၀၁၉) ခုနှစ် ရဟန်းမင်းကြီးဖရန်စစ်၏ ဟီရိုရှီးမားနှင့် နာဂဆကီမြို့နှစ်မြို့သို့ကြွရောက်ခဲ့သည့်သမိုင်းကိုပြန်လည်ပဲ့တင်ရိုက်ခတ်လာသည်။ အဘယ်ကြောင့်ဆိုသော် ရဟန်း မင်းကြီးကအဆိုပါ တမန်တော်ခရီးစဉ်၌ နိုင်ငံတော်ခေါင်းဆောင်ကြီးများအနေဖြင့် ဓာတုလက်နက်များအဆုံးသတ်စေရေး ကိုတိုက်တွန်းခဲ့သည်ဟုဆိုသည်။

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

Photo courtesy of the Star/google images

https://bit.ly/37iZeuP

 

Add new comment

15 + 5 =