Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
ပုပ်ဖရန်စစ်သည် ဂျပန်နိုင်ငံ၊ Oita သာသနာအတွက်ဆရာတော်အသစ်ကိုကြေညာ
ပုပ်ဖရန်စစ်သည် ဂျပန်နိုင်ငံ၊ Oita သာသနာအတွက်ဆရာတော်အသစ်ကိုကြေညာ
ဧပြီလ (၅) ရက်နေ့က ဂျပန်နိုင်ငံ၊ Oita သာသနာအတွက် ဆရာတော်အသစ်၏ အမည်ကိုထုတ်ပြန်ကြေညာခဲ့ သည်။ အဆိုပါသာသနာ၏ သာသနာပိုင်ဖြစ်လာမည့်ဆရာတော်မှာ Sulpizio Shinzo Moriyama ဟုခေါ်ပါသည်။ လက်ရှိ၌ ဆရာတော်လောင်းသည် ဂျပန်နိုင်ငံ ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်၏ အထွေထွေအတွင်းရေးမှူးဖြစ်သည်။ Oita သာသနာမှဘာသာတူများက ယခုကဲ့သို့ ဆရာတော်အသစ်ရရှိလိုက်သောကြောင့်၀မ်းသာကြောင်း၊ ရွေး ကောက်ခံရသောဆရာတော်သစ်အတွက် သတိရဆုတောင်းပေးကြပါရန်လည်း အဆိုပါသာသနာမှကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။
Oita သည် ပြည်နယ်၏မြို့တော်ဖြစ်သည်။ ဂျပန်နိုင်ငံ၊ Kyushu ကျွန်းပေါ်၌တည်ရှိသည်။ လက်ရှိ၌ ဆရာ တော်သိက္ခာထပ်မည့်နေ့ရက်၊ အစီအစဉ်များကိုမူမကြာမီထုတ်ပြန်မည်ဖြစ်သည်။
- ဆရာတော်လောင်းသည် (ဇန္န၀ါရီလ ၁၇၊ ၁၉၅၉) တွင် Fukuoka ၌ မွေးဖွားခဲ့သည်။
- သူသည် (၁၉၈၄) တို ကျိုတက္က သိုလ်မှ ဒဿနိက (အတွေးအခေါ်) ဘာသာရပ်ဖြင့်ဘာချာလာဘွဲ့ရခဲ့သည်။
- သီဩလိုဂျီဘာသာရပ်ကိုမူ (၁၉၈၈) Fukuoka ရှိ St. Sulpizio ရဟန်းဖြစ်တက္ကသိုလ်၌ သီအိုလိုဂျီသင် ကြားခဲ့သည်။ ရဟန်းသိက္ခာကိုမူ (မတ်လ ၂၁၊ ၁၉၈၈) တွင်သိက္ခာထပ်ခဲ့သည်။
- (၁၉၈၈ မှ ၁၉၉၁) - Daimyo Cho ၏ကျောင်းထိုင်အဖြစ်လည်းကောင်း၊
- (၁၉၉၁ မှ ၁၉၉၃) - Kokura ၏ကျောင်းထိုင်အဖြစ်လည်းကောင်း၊
- (၁၉၉၃ မှ ၁၉၉၅) - Fukuoka ရှိအခြေခံရဟန်းဖြစ် သင်ကျောင်း၏ ကျောင်းအုပ်အဖြစ်လည်းကောင်း၊
- (၂၀၀၁ မှ ၂၀၀၇) - Tobata ၏ကျောင်းထိုင်အဖြစ်လည်းကောင်း၊
- (၂၀၀၇ မှ ၂၀၁၃) - Nishijin ၏ကျောင်းအုပ်အဖြစ်လည်းကောင်း၊
- (၂၀၁၄ မှ ၂၀၁၇) – Kurkume ၏ကျောင်းထိုင်အဖြစ်လည်းကောင်း၊
- (၂၀၁၅ မှ ၂၀၁၇) - ဧဝံဂေလိသတင်းကောင်း ပျံ့ပွားရေး ကော်မီတီ ၏တာ၀န်ခံအဖြစ်လည်းကောင်း၊
- (၂၀၁၇ မှ ၂၀၂၀) - ဂိုဏ်းချုပ်သာသနာအတွင်း ကြပ်မတ်ဖွင့်လှစ်သော ရဟန်းဖြစ်တက္ကသိုလ်၏တာ၀န်ခံအ ဖြစ်လည်းကောင်း၊
- (၂၀၂၀) - ဂျပန်နိုင်ငံ ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်က သူ့အားအထွေ ထွေအတွင်း ရေးမှူးအဖြစ်လည်းကောင်း၊
- (ဒီဇင်ဘာလ ၂၈၊ ၂၀၂၀) မှစ၍ Ōita သာသနာသည် ဆရာတော်နေရာလစ်လပ်နေခဲ့သည်။ ယခင်သာသနာပိုင် ဆရာတော်ဖြစ်သော ဆရာတော် Peter Takaaki Hirayama သည် (ဒီဇင်ဘာလ ၂၈၊ ၂၀၂၀) ၌ပျံလွန်သွားခဲ့သည်။ Ōita သာသနာအား (ဒီဇင်ဘာလ ၂၂၊ ၁၉၆၁) ခုနှစ်ကတည်ထောင်ခဲ့သည်။ သာသနာ၏ အကျယ်အ၀န်းမှာ (၁၁၄၄၆) ကီလိုမီတာစကွဲရှိပြီး၊ မိုင်အရဆိုလျှင် (၄၄၁၉၃၂၅၃) မိုင်ကျယ်၀န်းပါသည်။
- သာသနာ၏ကက်သလစ်လူဦးရေမှာ (၂၀၁၉) ခုနှစ်၏စစ်တမ်းအရ မြို့သူမြို့သား (၂၂၂၁၂၃၆) အနက် (၅၉၇၄) ဦးသာရှိသည်။
အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်
Add new comment