ပုပ်ဖရန်စစ်သည် ဂိုဏ်းချုပ်ဆရာတော် Claudio Gugerotti အား အရှေ့တိုင်းအသင်းတော်၏ တာ၀န်ခံအဖြစ်ရွေးချယ်ခန့်အပ်

ပုပ်ဖရန်စစ်သည် ဂိုဏ်းချုပ်ဆရာတော် Claudio Gugerotti အား အရှေ့တိုင်းအသင်းတော်၏ တာ၀န်ခံအဖြစ်ရွေးချယ်ခန့်အပ်

ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်သည် ဂိုဏ်းချုပ်ဆရာတော် Claudio Gugerotti အား အရှေ့တိုင်းအသင်းတော်၏ တာ၀န်ခံအဖြစ် ရွေးချယ်ခန့်အပ်လိုက်သည်။

ယခုအမှုတော်ကို (၁၅) နှစ်ကြာထမ်းဆောင်ခဲ့သော မကြာမီက သက်တော် (၇၉) နှစ်ပြည့်သွားသော ကာဒီနယ် Leonardo Sandri ၏နေရာ၌အစားထိုးခန့်အပ်ခြင်ဖြစ်သည်။

ရဟန်းမင်းကြီးဘေနေဒစ် (၁၆) က ကာဒီနယ် Leonardo Sandri အား (၂၀၀၇) တွင်အဆိုပါအမှုတော်ကိုခန့်အပ်ပေးခဲ့ပြီး ရဟန်းမင်းကြီးဖရန်စစ်က (၂၀၁၄) တွင်ပြန်လည်သက်တမ်းတိုးခန့်အပ်ခဲ့ပြန်သည်။ ကာဒီနယ်သည် လာမည့်ဇန္န၀ါရီလတွင် အမှုတော်မှအနားယူမည်ဖြစ်ပြီး သက်တော် (၆၇) နှစ်ရှိ ဂိုဏ်းချုပ်ဆရာတော် Claudio Gugerotti မှဆက်လက်ထမ်းဆောင်သွားမည်ဖြစ်သည်။

ဂိုဏ်းချုပ်ဆရာတော်၏ပညာအရည်အချင်းနှင့်အမှုတော်

ဂိုဏ်းချုပ်ဆရာတော်အား (၁၉၅၅) ခုနှစ်တွင် Verona ၌မွေးဖွားခဲ့သည်။ သူ့အား (၁၉၈၂) ခုနှစ်တွင် ထာ၀ရရဟန်းသိက္ခာတင်ခဲ့သည်။ Venice မြို့၌ဖွင့်လှစ်ထားသော Ca' Foscari တက္ကသိုလ်၌ အရှေ့တိုင်းဘာသာစကားများနှင့်စာပေဘာသာရပ်ဖြင့်ဘွဲ့ရခဲ့သည်။ ၀တ်ပြုခြင်းဆိုင်ရာဘာသာရပ်လည်း Sant'Anselmo တက္ကသိုလ်မှမာစတာဘွဲ့ရခဲ့သည်။ ထို့အတူ အရှေ့တိုင်းတက္ကသိုလ်မှ အရှေ့တိုင်းအသင်းတော်ဆိုင်ရသိပ္ပံဘာသာရပ်ဖြင့် ပါရာဂူဘွဲ့ရခဲ့သည်။ သူသည် Venice၊ Padua၊ ရောမမြို့များမှတက္ကသိုလ်၊ ဂရေဂေါ်ရီယန်တက္ကသိုလ်နှင့်အရေးတိုင်းတက္ကသိုလ်များ၌စာများပို့ချခဲ့သည်။

ရဟန်းမင်းကြီး၏ကိုယ်စားလှယ်အဖြစ်အမှုထမ်းခြင်း

ဂိုဏ်းချုပ်ဆရာတော်သည် ရဟန်းမင်းကြီး၏လက်အောက်ရှိ အရှေ့တိုင်းအသင်းတော်၏ရုံးတော်၌အမှုထမ်းခဲ့သည်။ ဗာတီကန်၌အမှုထမ်းသည့်သက်တမ်းမှာ (၁၉၈၅) မှစခဲ့သည်။ (၁၉၉၇) ၌ စိန့်ဂျွန်ပေါလ် (၂) က အရှေ့တိုင်းအသင်းတော်၏ရုံးတော်၌ လက်ထောက်အတွင်းရေးမှူးအဖြစ်ခန့်အပ်ခဲ့သည်။ သူသည် ရဟန်းမင်းကြီးတို့၏မစ္ဆားပူဇော်ရာတွင် ကူညီညွှန်ကြားပေးသူအဖြစ် (၁၉၉၀ မှ ၂၀၀၁) အထိထမ်းဆောင်ခဲ့သည်။ ထိုနှစ်ဒီဇင်ဘာလ၌ပင် သူ့အား Ravello ၏အကူဆရာတော်အဖြစ်ခန့်အပ်ခဲ့သည်။ (၂၀၀၂) ၌ စိန့်ဂျွန်ပေါလ် (၂) ကသူ့အားဆရာတော်အဖြစ်ပြန်လည်တင်မြောက်ခဲ့သည်။ ထိုအချိန်မှစ၍ ရဟန်းမင်းကြီး၏ကိုယ်စားလှယ်အဖြစ် စေလွှတ်ရာသို့သွားရောက်အမှုတော်ထမ်းနေခဲ့သည်။ သူသည် Georgia, Armenia နှင့် Azerbaijan နိုင်ငံများ၌ရဟန်းမင်းကြီးကိုယ်စားလှယ်အဖြစ်အမှုထမ်းခဲ့သည်။ ထို့နောက် (၂၀၁၁) ခုနှစ်၌ ရဟန်းမင်းကြီးဘေနေဒစ် (၁၆) ကသူ့အား Belarus ၏ရဟန်းမင်းကြီးကိုယ် စားလှယ်အဖြစ်ခန့်အပ်ခဲ့ပြန်သည်။ (၂၀၁၅) တွင် ရဟန်းမင်းကြီးဖရန်စစ်က သူ့အား ယူကရိန်းနိုင်ငံသို့ စေလွှတ်ပြီး၊ (၂၀၂၀) တွင် အဂ်လန်သို့စေလွှတ်ခဲ့သည်။

စာအုပ်စာပေထုပ်‌ဝေခဲ့မှု

သူသည်ဆောင်းပါးများစွာကိုရေးသားခဲ့သည့်အပြင် စာအုပ်များစွာကိုလည်းအီတလီဘာသာဖြင့်ထုတ်‌ဝေခဲ့သည်။ အရှေ့တိုင်းအသင်းတော်နှင့်စပ်လျင်းသော သူ၏ အတွေ့ အကြုံနှင့်၀တ်ပြုခြင်းနှင့်စပ်လျင်း၍စာအုပ်များရေးသားထုတ်‌‌ဝေခဲ့သည်။ ၄င်းတို့မှာ "La liturgia armena delle ordinazioni e l’epoca ciliciana. Esiti rituali di una teologia di comunione tra le Chiese" (Rome 2001); "L’uomo nuovo un essere liturgico" (Roma 2005), "Caucaso e dintorni" (Rome 2012); and "Riflessi d’oriente" (Bose 2012) တို့ဖြစ်ကြပြီး ရိုမေးနီးယားနှင့်ယူကရိန်း ဘာသာသို့လည်း ဘာသာပြန်ဆိုခဲ့ကြသည်ဟုဆိုသည်။

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3GCsFaq
 

Add new comment

2 + 8 =