ပုပ်ဖရန်စစ်သည် ဂရိနိုင်ငံ၏နွေးထွေးသောကြိုဆိုမှုကိုကျေးဇူးတင်ကြောင်းမိန့်ကြား

ပုပ်ဖရန်စစ်သည် ဂရိနိုင်ငံ၏နွေးထွေးသောကြိုဆိုမှုကိုကျေးဇူးတင်ကြောင်းမိန့်ကြား

ပုပ်ဖရန်စစ်သည် ဂရိနိုင်ငံ၏နွေးထွေးသောကြိုဆိုမှုကိုကျေးဇူးတင်ကြောင်းမိန့်ကြား

 

           ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်သည် ယမန်နေ့ အာဒ်၀င်တူးကာလ ဒုတိယပတ် တနင်္ဂနွေနေ့   မစ္ဆားတရားကို ဂရိနိုင်ငံ၏မြို့တော် အေသင်၌ဦးဆောင်ပူဇော်ခဲ့သည်။

ထို၀တ်ပြုခြင်း၌ပင် ရဟန်းမင်းကြီးက ဂရိပြည်သူတို့၏လှိုက်လှဲနွေးထွေးသောကြို ဆိုမူအတွက် ကျေးဇူးတင်ကြောင်း၊ ကျေးဇူးတင်စကားကို ရဟန်းမင်းကြီးသည် ဂရိဘာသာစကားဖြင့်ထုတ်ဖော်မိန့် ကြားခဲ့သည်။ ထိုစကားလုံးသည် ကျွန်ုပ်တို့နေ့စဉ်ပူဇော်နေသော မစ္ဆားတရားအတွက် သုံးနှုန်းသော စကားလုံး ‘Eucaristia or Eucharist’ ဖြစ်သည်။ အနက်မှာကျေးဇူးဆပ်တင်ခြင်းဖြစ်သည်။

ယေဇူးသခင်၏အသက်တာကိုပုံဖော်သည့် စကားလုံးဖြစ်ကြောင်း၊ ကျွန်ုပ်တို့ခရစ်ယာန်များအတွက်မှာ ကျေးဇူးဆပ်တင်ခြင်းသည် ကျွန်ုပ်တို့၏ယုံကြည်ခြင်းနှင့် အသက်တာ၏ ဗဟိုချက်မဖြစ်ကြောင်း မိန့်ကြားခဲ့သည်။ ထို့နောက် သန့်ရှင်းသော၀ိညာဉ်တော်ဘုရားသည် ကျွန်ုပ်တိုဖြစ်နေသည့်အရာ၊ ပြုလုပ်သမျှကို ဘုရားသခင်အား ကျေးဇူးတင်ခြင်းအဖြစ်ပြောင်းလဲပေးရန်၊ ညီအစ်ကိုမောင်နှမ များအတွက် ချစ်ခြင်းလက်ဆောင်မွန်အဖြစ်ပြောင်းလဲပေးရန်ဆုတောင်းခဲ့သည်။

 

            ရဟန်းမင်းကြီးဖရန်စစ်သည် ဂရိနိုင်ငံ၏အရပ်ဖက် အာဏာပိုင်များနှင့် ဂရိနိုင်ငံ၏ ကက်သလစ် ဆရာတော်ကြီး များအား ဂရိနိုင်ငံသို့ကြွရောက်ရန်ဖိတ်ကြားခြင်းနှင့်သူ၏တမန်တော်ခရီးစဉ်အဆင်ပြေ ချောမွေ့ဘေးကင်းစေရန် ၀ိုင်း၀န်းကူညီပြင်ဆင်ခဲ့သည့်အတွက်လည်းကျေးဇူးတင်ကြောင်း၊ ဂရိနိုင်ငံအတွက်လည်းဆက်လက်၍ တတ်နိုင်သမျှကူညီစောင့်ရှောက်သွားမည်ဖြစ်ကြောင်း၊ နက်ဖန်နေ့ (ယနေ့) ၌ ရဟန်းမင်းကြီးသည် အီတလီသို့ပြန်ကြွသွားမည် ဖြစ်သော်လည်း ဂရိနိုင်ငံသားများ အားချန်ထားမေ့ပျောက်ခဲ့မည်မဟုတ်ကြောင်း၊ ကျွန်ုပ်၏အမှတ်တရများစွာထဲ၌ဂရိ နိုင်ငံကို ထည့်သွင်း ထားပြီး၊ ဆုတောင်းပေးနေမည်ဖြစ်ကြောင်းဆိုပြီး ကျေးဇူးပြု၍ကျွန်ုပ်အတွက်လည်း ဆုတောင်းပေး ပါဟုလည်းတောင်းခံခဲ့သည်။

 

ရဟန်းမင်းကြီးဖရန်စစ်သည် အေသင်၌နှစ်ရက်တာတမန်တော်ခရီးရပ်နားပြီး၊ ဒီဇင်ဘာလ (၆) ရက်နေ့ (ယနေ့)၌ရောမသို့ပြန်ကြွသွားခဲ့ပါသည်။    

 

RVA ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3orZJIM

Add new comment

9 + 6 =