ပုပ်ဖရန်စစ်သည် ကွန်ဂို၌ဖြစ်ပွားသောတိုက်ခိုက်မှုကိုပြစ်တင်ရှုံ့ချ

ပုပ်ဖရန်စစ်သည် ကွန်ဂို၌ဖြစ်ပွားသောတိုက်ခိုက်မှုကိုပြစ်တင်ရှုံ့ချ

စစ်နှင့်အကြမ်းဖက်မှုများဆိုးရွားစွာဖြစ်ပွားနေသောအာဖရိက၌ ငြိမ်းချမ်းရေးတည်ဆောက် ကြရန်ပြီးခဲ့သော ဗုဒ္ဓဟူးနေ့စိန့်ပီတာရင်ပြင်၌စုရုံးရောက်ရှိနေသော ဘုရားဖူးများနှင့်တွေ့ဆုံစဉ် ပုပ်ရဟန်းမင်းကြီးက ပန် ကြားခဲ့သည်။ ကွန်ဂိုသမ္မတနိုင်ငံ၌ဖြစ်ပွားသောအကြမ်းဖက်မှုကို ကျွန်ုပ်တို့သည်ထိတ်လန့်မှုစွာ စောင့်ကြည့်နေရသည်ဟုဆိုသည်။

အကြမ်းဖက်မှုများကြောင့်မောပန်းလာကြပြီ။

ရဟန်းမင်းကြီးအနေဖြင့် Maboja ၌ဖြစ်ပွားခဲ့သော အကာအကွယ်မဲ့တို့၏သေ ခြင်းကိုအဘယ်သို့မျှလက်မခံနိုင်ကြောင်း၊ သေးဆုံးသွားသူများထဲ၌ကျန်းမာရေးစောင့် ရှောက်ပေးနေသော စစ္စတာရ် Sylvie Kalima လည်းဆုံးရှုံးခဲ့ရသည်။ အသက်ဆုံးရှုံးသွား သူများ၊ ပူဆွေးခံစားနေရသောဆွေမျိုးသားချင်းများ၊ ထိုအဖြစ်အခြေအနေကိုကြုံတွေ့ ခဲ့ရသောခရစ်ယာန်မိသားစုများ၊ ထိုဒေသ၌နေထိုင်ကြသောဒေသခံများအတွက်လည်း ဆုတောင်းပေးပါကြောင်း၊ စစ်ပွဲကာလရှည်ကြာလာခြင်းကြောင့်လူတို့သည်မောပန်း နွမ်းလျှလှပြီဖြစ်ကြောင်းမိန့်ကြားခဲ့သည်။

၀င်စီးခြင်းသည်အကြမ်းဖက်မှုကိုကွင်းပမာဖြစ်သွားစေသည်။

ဗုဒ္ဓဟူးနေ့ည၌ Maboya ရွာသည် အကြမ်းဖက်စီးနင်းခြင်းကိုခံခဲ့ရသည်။ ဤလုပ်ရပ်ကို ‘the Allied Democratic Forces (ADF)’ ဒီမိုကရေစီလိုလားသောတပ်ပေါင်းစုနှင့်မဟာမိတ် ဖွဲ့ထားသော ကွန်ဂိုအီစ္စလာမ်သူပုန်အဖွဲ့၏လက်ချက်ဖြစ်သည်။ သူပုန်အဖွဲ့သည် ဆေးရုံကိုပစ်မှတ်ထားတိုက်ခိုက်ခဲ့သည်။ ဆေးကုသခံယူနေသောလူနာများ၊ ၀န်ထမ်းများအသက်ဆုံး ရှုံးခဲ့ကြရသည်။ ဆေးများ၊ ဆေး၀ါးပစ္စည်းများကိုလည်းလုယူသွားကြပြီး၊ အဆောက်အဦးကိုမီးတင်ရှို့ခဲ့သည်။

အောက်တိုဘာလ (၄) ရက်နေ့ကလည်း ပြည်နယ်တစ်ခုထဲဖြစ်သော Kainama ရွာမှခရစ်ယာန် (၂၀) ဦးသတ်ဖြတ်ခံခဲ့ရသည်။ ဤအဖွဲ့သည် မြောက်ပိုင်း Kivu နှင့် Ituri ပြည်နယ်တို့ တွင်ပုံမှန်နီးပါးအကြမ်းဖက်ခံနေရသည်။ ပြီးခဲ့သောဖေဖော်၀ါရီလကလည်း သူ၏ကျောင်းတိုက်သို့ပြန်လာနေသော ကက်သလစ်ဘုန်းတော်ကြီးတစ်ပါးကိုလည်းသတ်ဖြတ်ခဲ့သည်။ သာသနာပိုင်ဆရာတော် Melchisédec Sikuli Paluku ကလည်းအခင်းဖြစ်ပွားသည့်အကြောင်းနှင့်ပတ်သက်၍စကားဖြင့်ထုတ်ဖော်မပြနိုင်အောင်ဖြစ်ရကြောင်း၊ သာသနာအနေဖြင့်လည်းယခုတိုက် ခိုက်မှုကိုရှုံ့ချဆန့်ကျင်ကြောင်း၊ ဤအကြမ်းဖက်လုပ်ရပ်သည် လူ့အသက်ဆုံးရှုံးခြင်းသာအဖတ်တင်ကြောင်း၊ သူတော်စင်ဒေါက်တာသီလရှင်တစ်ပါး၏အသက်ပင်ဆုံးရှုံးလိုက်ရကြောင်း အတည်ပြု ပြော ကြားခဲ့သည်။

ရဟန်းမင်းကြီးဖရန်စစ်အနေဖြင့် ကွန်ဂိုသမ္မတနိုင်ငံသို့တမန်တော်ခရီးကြွရောက်ရန်ရှိကြောင်းနှင့်ကွန်ဂိုပြည်သူများနှင့်နီးကပ်စွာရှိနေကြောင်းကိုလည်းမိန့်ကြား ခဲ့သည်။

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3TEtmDL
 

Add new comment

4 + 4 =