ပုပ်ဖရန်စစ်သည် ကမ္ဘာ့ဆရာများနေ့၌ ဘာသာရေးခေါင်းဆောင်ကြီးများနှင့်ပညာရေးအကြောင်းဆွေးနွေးခဲ့

ပုပ်ဖရန်စစ်သည် ကမ္ဘာ့ဆရာများနေ့၌ ဘာသာရေးခေါင်းဆောင်ကြီးများနှင့်ပညာရေးအကြောင်းဆွေးနွေးခဲ့

ပုပ်ဖရန်စစ်သည် ကမ္ဘာ့ဆရာများနေ့၌ ဘာသာရေးခေါင်းဆောင်ကြီးများနှင့်ပညာရေးအကြောင်းဆွေးနွေးခဲ့

နှစ်စဉ်အောက်တိုဘာလ (၅) ရက်နေ့သည် ကမ္ဘာ့ဆရာများနေ့ဖြစ်ရာ ထိုနေ့ကိုဂုဏ်ပြုသောအားဖြင့် ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်သည် အဂ်ါနေ့က ပညာရေးအကြောင်းကိုဆွေးနွေးရန် သက်၀င်ယုံကြည်မှုမတူညီသော အောသိုဒေါ့စ်၊ မွတ်စလင်၊ ဂျူး၊ ဗုဒ္ဓ၊ ဆီစ်ခ်၊ ဂျိန်း၊ ကဲလ်ဗင်၊ ကွာကာနှင့်ဧ၀ံဂေလိအသင်းများမှ ဘာသာရေးခေါင်းဆောင်များကို ဗာတီကန်သို့ဖိတ်ကြား၍ ပညာရေးအကြောင်းဆွေးနွေးခဲ့ကြသည်။

ထို့နောက် စုပေါင်း ကြေညာချက်တစ်စောင် ကိုထုတ်ပြန်နိုင်ခဲ့သည်။ ထိုကြေညာချက်၌ ဆရာများအနေဖြင့် သင်ကြားပို့ချချက်နည်းလမ်းဖြင့် စီးပွားရေး၊ နိုင်ငံရေး နှင့့်ပတ်သက်၍ နားလည်နိုင်မည့် နည်းလမ်းသစ်များကိုရှာဖွေရာ၌အားထုတ်ကြရန်၊ ဤသို့ပြုလုပ်ခြင်းသည် လူသား များကိုလည်းကောင်း၊ လူသားမိသားစုကိုလည်းကောင်းအစေခံခြင်းဖြစ်ကြောင်း၊ ဤသို့အားဖြင့် သဘာ၀ပတ်၀န်းကျင်စိမ်းလန်းစိုပြေရေးကိုအကျုံး၀င်စေကြောင်းထည့်သွင်းဖော်ပြထားသည်။

ဤအစည်းအ‌ေ၀းကို (၂၀၂၀၊ အောက်တိုဘာ) လကလည်း ရဟန်းမင်းကြီးဖရန်စစ်ကိုယ်တိုင်ဦးစီး၍ တစ်ကြိမ်ကျင်းပပြီးဖြစ်သည်။ အခြားသော ဘာသာရေးခေါင်းဆောင်များကလည်း လူသားများအား ပညာရေး၏ ဗဟိုချက်မတွင်ထည့်သွင်းထားရှိရန်နှင့်အမျိုးသ မီးထု၏ဂုဏ်လသိက္ခာကိုလည်းလေးစားကာ အနာဂါတ်၌တရားမျှတခြင်းနှင့်ငြိမ်းချမ်းရေးကို သူတို့နှင့်အတူလက်တွဲ၍ တည်ဆောက်ရန်ကိုလည်းစုပေါင်းတိုက်တွန်းထားသည်။

ရဟန်းမင်းကြီးဖရန်စစ်က ကလဲမင်တိုင်းဟုခေါ်သော ရဟန်းမင်းကြီး၏ရုံးတော်၌စုရုံးရောက်ရှိနေကြသော ဘာသာရေးခေါင်းဆောင်များအား ‘ဘာသာရေးသည် ပညာရေးနှင့်နီးကပ်စွာရှိကြောင်း၊ ဘာသာရေးလုပ်ဆောင်ချက် များ၊ ပညာရှင်များ၊ ပညာရေးစနစ်နှင့်ဒွန်တွဲသွားရမည်ဖြစ်ကြောင်း၊ အတိတ်ကာလကသော် လည်းကောင်း၊ ကျွန်ုပ်တို့ ကာလ၌သော်လည်းကောင်း ကျွန်ုပ်တို့ဘာသာတရားကပေးသောဉာဏ်ပညာနှင့်လူသားထု၏အစဉ်အလာနှင့်အတူ ပညာရေးနည်းလမ်းသစ်များကိုလိုလားကြသည်။ သို့မှသာကျွန်ုပ်တို့၏ညီအစ်ကိုမောင်နှမ ကမ္ဘာကြီးအားပိုမို၍အဆင့် မြင့်မားလာစေမည်ဖြစ်ကြောင်း၊ အကယ်၍အတိတ်က ကျွနု်ပ်တို့၏မတူညီမှုများကို အခွင့်အရေးတစ်ခုအဖြစ်ပင်အ သုံးချနိုင်ခဲ့ပါလျှင် ယနေ့ခေတ်၌ထိုအခြေအနေကို ဘုရားသခင်ထံစုဆုံနိုင်ရန်အခြားသောနည်းလမ်းများ၊ မျိုးဆက် သစ်လူငယ်များအား ငြိမ်းချမ်းချစ်ခင်စွာအတူယှဉ်တွဲနေထိုင်ရေးကိုပညာပေးသောနည်းလမ်းများအဖြစ်လက်ခံရမည်ဖြစ်ကြောင်း၊ မည်သူမည်၀ါသည် မည်သည့်နေရာ၌မွေးဖွားကြီးပြင်းခဲ့သည်ဆိုသည်ကိုဘွာမခတ်ရန်၊ အတိတ်က အမျိုး သမီး၊ ကလေးနှင့်အကာအကွယ်မဲ့သောလူတန်းစားတို့၏ အခွင့်အရေးများကိုလေးစား လိုက်နာခဲ့ခြင်းမရှိပါလျှင် ယနေ့ထိုအမှားမျိုးထပ်မံမဖြစ်ပွားစေရန် ခိုင်မာပြတ်သားစွာ ၄င်းတို့၏အခွင့်အရေးကိုကာကွယ်ပေးရမည်။ အာဏာမဲ့သူတို့အဖို့ရပ်တည်ပေးရမည်။ ပြောဆိုပိုင်ခွင့်မရှိသူများအဖို့ပြောဆိုပေးရမည်ဟုမိန့်ကြားခဲ့သည်။

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

Photo courtesy of CNA

https://bit.ly/3DmrYx3

Add new comment

8 + 1 =