ပုပ်ဖရန်စစ်သည် ကမ္ဘာတစ်ဝှမ်းမှ ကာဒီနယ်အသစ် (၂၁) ဦးကို ကြေညာခဲ့

ပုပ်ဖရန်စစ်သည် ကမ္ဘာတစ်ဝှမ်းမှ ကာဒီနယ်အသစ် (၂၁) ဦးကို ကြေညာခဲ့

ပုပ်ဖရန်စစ်ဟာ ဩဂုတ်လ (၂၇) ရက် စနေနေ့မှာ ၊ ကာဒီနယ် အသစ် (၂၁ )ပါးကို တင်မြောက်ပေးမယ်လို့ ကြေညာခဲ့ပါတယ်။

အဆိုပါ ကာဒီနယ်များဟာ ကမ္ဘာတစ်ဝှမ်းရှိ အသင်းတော်အား ကိုယ်စားပြုပြီး ယဉ်ကျေးမှုမျိုးစုံ၊ အကြောင်းအရာအားလုံးနဲ့ သိုးထိန်း အမှုတော်မြတ်ဆိုင်ရာများကို ထင်ဟပ်စေကြောင်း

တနင်္ဂနွေနေ့ မယ်တော်သခင်မ မိုးကောင်းကင်သို့ ပင့်ဆောင်ခြင်း ခံရသောပွဲနေ့ နိဂုံးအဆုံးမှာ ပုပ်ဖရန်စစ်က ဩဂုတ်လ (၂၇ )ရက် စနေနေ့မှာ ကာဒီနယ်များ တင်မြောက်ပေးခြင်းအတွက် စည်းဝေး ခေါ်မှာ ဖြစ်ကြောင်း မြွက်ကြားခဲ့ပါတယ်။

လာမည့်နှစ်ရက်အတွင်း တနင်္လာနေ့ နဲ့ အဂ်ါနေ့ဩဂုတ်လ (၂၉-၃၀) ရက်များမှာ တမန်‌တော်တွေရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေသစ် Praedicate evangelium ကိုပြန်လည်သုံးသပ်ဖို့ ကာဒီနယ်များ အားလုံးနဲ့တွေ့ဆုံမှာ ဖြစ်ကြောင်းလည်း အရှင်သူမြတ်က မြွက်ကြားခဲ့ပါတယ်။

"ဩဂုတ်လ (၂၇)ရက် စနေနေ့မှာ ကာဒီနယ်များ တင်မြောက်ပေးခြင်းအတွက် ကျွန်ုပ် အစည်းအဝေးတစ်ခုကျင်းပပါမယ်။ ရောမမြို့က ဆရာတော်အဖြစ် တာဝန်ထမ်းဆောင်ရာမှာ ဘုရားသခင်ရဲ့ လူသားအားလုံး ကောင်းကျိုးအတွက် သူတို့ရဲ့ကူညီပေးမှုအတွက်ဆုတောင်းကြပါစို့။”ဆိုပြီး ပုပ်ဖရန်စစ်က တိုက်တွန်းထားပါတယ်။

ကာဒီနယ်များရဲ့အစုအဖွဲ့မှာ လက်ရှိမှာတော့ ကာဒီနယ် (၂၀၈) ဦး ပါ၀င်ပြီး သူတို့ထဲက (၁၁၇)ဦးဟာ ပုပ်ရဟန်းမင်းကြီးရွေးချယ်ရာမှာ ရွေးကောက်ခံ ကိုယ်စားလှယ်အဖွဲ့ ဝင်သူများဖြစ်ပြီး (၉၁ )ဦးမှာ ရွေးကောက် တင်မြှောက် ခြင်းမပြုနိုင်သူများဖြစ်ကြပါတယ်။

ဩဂုတ်လ ( ၂၇) ရက်နေ့အထိ ကာဒီနယ် ( ၂၂၉ )ဦးအထိ တိုးလာမှာဖြစ်ပြီး သူတို့ထဲက ( ၁၃၁ ) ဦးကတော့ ရွေးကောက်ခံနိုင်သူများ ဖြစ်ကြမှာပါ။

ကာဒီနယ်များထဲမှ (၈ )ဦးဟာ ဥရောပမှဖြစ်ပြီး အာရှမှ (၆)ဦး၊ အာဖရိကမှ (၂) ဦး၊ မြောက်အမေရိကမှ (၁)ဦးနှင့် အလယ်ပိုင်းနဲ့လက်တင်အမေရိကမှ (၄)ဦးတို့ဖြစ်ကြပါတယ်။

ကာဒီနယ်အသစ် (၂၁ )ပါးရဲ့ အမည်တွေမှာ

၁။ ဂိုဏ်းချုပ်ဆရာတော် Arthur Roche
(မြင့်မြတ်သော ဝတ်ပြုကိုးကိုယ်ခြင်းဆိုင်ရာများ ကို ကြီးမှူးရသော ခေါင်းဆောင် နှင့် စက္ကရမင်တူးများ၏ စည်းကမ်းထိန်းသိမ်းရေး အမှုတော်ဆောင်ကိုဦးဆောင်သူ)

၂။ဂိုဏ်းချုပ်ဆရာတော် Lazzaro You Heung sik ( ဘုန်းတော်ကြီးများအတွက် အသင်းတော် စီရင်စု)

3. ဂိုဏ်းချုပ်ဆရာတော် Fernando Vérgez Alzaga, L.C. ( ဗာတီကန်မြို့တော်နိုင်ငံ အတွက် ပုပ်ရဟန်းမင်းကြီး၏ တာဝန်ခံပြောရေးဆိုခွင့်ရှိသူ ဗာတီကန်မြို့တော်နိုင်ငံကို အုပ်ချုပ်ရ
သည့် ဥက္ကဌ)

၄။ ဂိုဏ်းချုပ်ဆရာတော် Jean-Marc Aveline (Metropolitan Archbishop of Marseille )(ပြင်သစ်)

၅။ ဆရာတော် Peter Okpaleke (Bishop of Ekwulobia) (နိုက်ဂျီးရီးယား)

၆။ဂိုဏ်းချုပ်ဆရာတော် Leonardo Ulrich Steiner, O.F.M. (Metropolitan Archbishop of Manaus )(ဘရာဇီးလ်)

၇။ ဂိုဏ်းချုပ်ဆရာတော် Archbishop Filipe Neri António Sebastião di Rosário Ferrão (Archbishop of Goa and Damão) (အိန္ဒိယ)

၈။ ဆရာတော် Robert Walter McElroy (Bishop of San Diego )(အမေရိက)

၉။ ဂိုဏ်းချုပ်ဆရာတော် Virgilio Do Carmo Da Silva, S.D.B. (Archbishop of Dili )( အရှေ့တီမော)

၁၀။ ဆရာတော် Oscar Cantoni (Bishop of Como )(အီတလီနိုင်ငံ၊ ကိုမို ဆရာတော်ကြီး)

၁၁။ ဂိုဏ်းချုပ်ဆရာေတာ်Anthony Poola (Archbishop di Hyderabad) (အိန္ဒိယ)

‌၁၂။ ဂိုဏိးချုပ်ဆရာတော် Paulo Cezar Costa (Metropolitan Archbishop of Brasília) (ဘရာဇီးလ်)

၁၃။ ဆရာတော် Richard Kuuia Baawobr, M. Africa (Bishop of Wa) (ဂါနာ)

၁၄။ ဂိုဏ်းချုပ်ဆရာတော် William Goh Seng Chye (စင်ကာပူ ဂိုဏ်းချုပ်ဆရာတော်)

၁၅။ ဂိုဏ်းချုပ်ဆရာတော် Adalberto Martínez Flores (Metropolitan Archbishop of Asunción) (ပါရာဂွေး)

၁၆။ ဂိုဏ်းချုပ်ဆရာတော် Giorgio Marengo, I.M.C. ( Apostolic Prefect of Ulaanbaatar )(မွန်ဂိုးလီးယား)

၁၇။ ဂိုဏ်းချုပ်ဆရာတော် Jorge Enrique Jiménez Carvajal ( Archbishop Emeritus of Cartagena )(ကိုလံဘီယာ)

၁၈။ ဆရာတော် Lucas Van Looy, S.D.B. (Bishop Emeritus of Gent) (ဘယ်လ်ဂျီယံ)

၁၉။ ဂိုဏ်းချုပ်ဆရာတော် Arrigo Miglio (Archbishop Emeritus of Cagliari )(အီတလီ)

၂၀။ ဘုန်းတော်ကြီးGianfranco Ghirlanda, S.J (ဓမ္မသဂြိုလ် Theology ပါမောက္ခ)

၂၁။ မွန်ဆီညော်Fortunato Frezza (Canon of Saint Peter's Basilica ) တို့ဖြစ်ကြပါသည်။

အာဗီအေဘာသာပြန်- သျှားလွန်းမယ်

https://bit.ly/3pMXZd2

Add new comment

2 + 1 =