ပုပ်ဖရန်စစ်သည် ကက်သလစ်သာသနာတော်ကြီး၏သမိုင်း၌ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်သုံး ၍တိုက်ရိုက်ထုတ်လွှင့်ခဲ့သည့်ပထမဦးဆုံးရဟန်းမင်းကြီးဖြစ်လာ

ပုပ်ဖရန်စစ်သည် ကက်သလစ်သာသနာတော်ကြီး၏သမိုင်း၌ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်သုံး ၍တိုက်ရိုက်ထုတ်လွှင့်ခဲ့သည့်ပထမဦးဆုံးရဟန်းမင်းကြီးဖြစ်လာ

ပေါ်ပင်လုပ်ခြင်းမဟုတ်ပေ။ လိုအပ်ချက်နှင့်ထိရောက်မြန်ဆန်မှုကိုဖြည့်ဆည်းဆောင်ရွက်ရန်ဖြစ်သည်။ ထို့ကြောင့် အမိကက်သလစ်သာသနာတော်ကြီး၏သမိုင်း၌ ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်သည် ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်သုံး၍တိုက်ရိုက်ထုတ်လွှင့်ခြင်းကိုပထမဦးဆုံးပြုလုပ်သောရဟန်းမင်းကြီးဖြစ်လာခဲ့သည်။

ရဟန်းမင်းကြီးသည် ဖရန်စစ္စကင်ဘုန်းတော်ကြီးလည်းဖြစ်ပြီး သတင်းသမားလည်းဖြစ်သော ဖာသာရ် Enzo Fortunato နှင့်နှစ်မိနစ်ကြာတိုက်ရိုက်ထုတ်လွှင့်ခြင်း၌ပါ၀င်ခဲ့သည်။ ထိုသို့ထုတ်လွှင့်ရာ၌ သတင်းသမားလည်းဖြစ်သော ဖရန်စစ္စကင်ဘုန်းတော်ကြီးက ဘာသာတူများသည်ရဟန်းမင်းကြီးအတွက်ညစဉ်ဆုတောင်းပေးလျှက်ရှိကြောင်း၊ ဘာသာတူများရဟန်းမင်းကြီးအတွက်ဆုတောင်းပေးခြင်းသည်အလွန်ကောင်းကြောင်းလည်းပြောကြားခဲ့သည်။

ထို့အတူရဟန်းမင်းကြီးကလည်း ‘ကောင်းသောညချမ်းပါ ကောင်းသောပြည်သူအပေါင်းတို့၊ သင်တို့ သည်လူကောင်းများဖြစ်ကြသည်ကို ဖာသာရ်ပြောပြ၍ သိ၍သင်တို့သည်အမှန်အကန်ဖြစ်ပါသည်။ ကျေးဇူး တင်ပါသည်။ သင်တို့၏ အလုပ် များနှင့်အသက်စမ်ရေဖြစ်သော ဘုရား သခင်၏နှုတ်တော်ထွက်စကားများကို ဆာငတ်သောက်စို့လိုသည့်ဆန္ဒရှိခြင်းသည် လွန်စွာကောင်းပါသည်။ ရေပြတ်လပ်ပါက ရှေ့မဆက်နိုင်တော့ပေ။ ဘုရားသခင် ၏နှုတ်တော်ထွက်စကားသည် စမ်းရေကဲ့သို့ဖြစ်သည်။ အသက်ကိုပေးသည်။ ကျွန်ုပ်တို့နှင့်အစဉ်ရှိသည်။ ကျွန်ုပ်တို့အားကြီးထွားစေသည်။ ဘုရားသခင် ၏နှုတ်တော်ထွက်စကားဖြင့် ကျွန်ုပ်တို့ရှေ့ ဆက်ရသည်။ ထို့ကြောင့်မစွန့်နှင့်။ ဆက်လက်၍ကောင်းသောသူများဖြစ်ကြပါစေ’ ဟုတိုက်ရိုက်ထုတ်လွှင့်ရင်းအားပေးစကားမိန့်ကြားခဲ့သည်။

ရဟန်းကြီးအနေဖြင့် ယခုတိုက်ရိုက်ထုတ်လွှင့်ခြင်းသည် ပထမအကြိမ်ဖြစ်သော် လည်း လူမှုကွန်ရက်သုံးခြင်းမှာပထမအကြိမ်မဟုတ်ပေ။ ရဟန်းမင်းကြီးဖရန်စစ်မှအရိုက်အရာကို ဆက်ခံခဲ့ရဟန်းမင်းကြီးဘေနေဒစ် (၁၆) သည် (၂၀၁၂) ခုနှစ်၌ လူမှုကွန်ရက် ‘တွီတာ’ အကောင့်ဖွင့်ခြင်းအား ဖြင့် ကက်သလစ်သာသနာတော်ကြီး၏လူမှုကွန်ရက်ပထမဦးဆုံးသုံးသူအဖြစ်သမိုင်၀င်ခဲ့သည်။

ရဟန်းမင်း ကြီးဘေနေဒစ် (၁၆) ၏ ‘တွီတာ’ အကောင့်အမည်မှာ @‘Pontifex’ (Pontiff – ရဟန်းမင်းကြီး) ဟုဖြစ်ပါသည်။

အကောင့်ဖွင့်ပြီး (၉) ရက်မြောက်နေ့၌ ရဟန်းမင်းကြီးသည် သူ၏ထောက်ရှုချက်ကိုစတင်ရေးတင်ခဲ့ပါသည်။

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

http://bitly.ws/PRcJ

Add new comment

7 + 3 =