Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
ပုပ်ဖရန်စစ်သည် အနားယူတော့မည့်သူ၏ဒရိုင်ဘာ အား ရာပေါင်းများစွာသေဘုရားဖူးပရိတ်သတ်ရှေ့မှောက်တွင်ကျေးဇူးတင်စကားဆို
ပုပ်ဖရန်စစ်သည် အနားယူတော့မည့်သူ၏ဒရိုင်ဘာ အား ရာပေါင်းများစွာသေဘုရားဖူးပရိတ်သတ်ရှေ့မှောက်တွင်ကျေးဇူးတင်စကားဆို
ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်၏ နွေရာသီခရီးစဉ်မစတင်ခင် ပရိတ်သတ်နှင့် နောက်ဆုံးတွေ့ဆုံချိန်၌ ဘာသာဝင်များအား ရှင်ပေါလ်လူးသည် ဘုရားရှင်နှင့် ကိုယ်တိုင်ထိတွေ့ခြင်းအားဖြင့်
သူလိုအပ်နေသော လွတ်လပ်မှုကို မည်ကဲ့သို့ ရရှိခဲ့ကြောင်းကို “ရှင်ပေါလ်လူးသည် ဧဝံဂေလိသတင်းကောင်းကို ဟောပြောရာတွင်လည်းကောင်း၊ သူ၏ အတိတ်ကအပြစ်များကို ၀န်ခံရာတွင်လည်းကောင်း ပွင့်လင်းစွာ ပြောဆိုခဲ့သည်။
ထိုအရာသည် နှလုံးသားကို လွတ်မြောက်စေသောအမှန်တရားဖြစ်သည်သာမက ဘုရားရှင်ထံမှလာသော လွတ်လပ်ခြင်းလည်း ဖြစ်သည်။”ဟု ဝေမျှပြောဆိုခဲ့သည်။
လူထုပရိတ်သတ်နှင့်တွေ့ဆုံခြင်း အဆုံးသတ်ခါနီးတွင်ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်သည် ဗာတီကန်အတွက် ဆယ်စုနှစ်ပေါင်းများစွာ ကားမောင်းပေးခဲ့ပြီး ယခုအခါ အနားယူတော့မည့် ၎င်း၏ ကားမောင်းသူအား လူအများရှေ့မှောက်တွင် “သူသည် (၁၄)နှစ်သားကတည်းက ဗာတီကန်တွင် အလုပ်လုပ်ခဲ့သူဖြစ်ပြီး အလုပ်ကို စက်ဘီးဖြင့်လာလေ့ရှိသည်။ ယခုတွင်မူ သူသည် ရဟန်းမင်းကြီးအတွက် ကားမောင်းပေးသူ ဖြစ်သည်။ သူ၏ပေးဆပ်မှုများအတွက်လက်ခုပ်သံများဖြင့် အသိအမှတ်ပြုကြစို့”ဟူ၍ ကျေးဇူးတင်စကားပြောဆိုခဲ့သည်။
ရဟန်းမင်းကြီး အရှင်သူမြတ်သည် ဗာတီကန်တွင် လုပ်အားဆက်ကပ်နေကြသော သာမာန်ဘာသာဝင်များအားလုံးကိုလည်း ကျေးဇူးတင်ကြောင်း ပြောဆိုခဲ့သည်။ နှုတ်ဆက်စကာမဆိုမှီ ရဟန်းမင်းကြီးအရှင်သူမြတ်မှဘုရားဖူးရောက်လာကြသော ဘာသာဝင်များအား ဘုရားရှင်နှင့်ရင်းနှီးကျွမ်းဝင်မှုကို တိုးပွားစေသော နွေရာသီအားလပ်ရက်ဖြစ်ပါစေကြောင်း ဆန္ဒပြုခဲ့သည်။
ဘာသာပြန်-Bro.Patrick Aye Shine Aung
Add new comment