ပုပ်ဖရန်စစ်သည်လာမည့်စက်တင်ဘာလ ၌ ကာဒီနယ်အသစ်များရွေးချယ်မည်ဖြစ်ကြောင်းမိန့်ကြား

ပုပ်ဖရန်စစ်သည်လာမည့်စက်တင်ဘာလ ၌ ကာဒီနယ်အသစ်များရွေးချယ်မည်ဖြစ်ကြောင်းမိန့်ကြား

ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်သည် ပြီးခဲ့သောတနင်္ဂနွေနေ့ မွန်းတည့်အချိန်၊ နေပူရှိန်မှလည်းခြစ်ခြစ်တောက်ပူနေသော်လည်း ‘အန်ဂျေလူးစ်’ မေတ္တာကိုရွတ်ဆိုပူဇော်ရန် စိန့်ပီတာရင်ပြင်၌စုရုံးရောက်ရှိနေသောဘုရားဖူးဘာသာတူများအား လာမည့်စက်တင် ဘာလ (၃၀) ရက်နေ့၌ အစည်းအဝေးတစ်ရပ်ကိုကျင်းပပြီး ကာဒီနယ်အသစ်များကိုရွေးချယ်ကြေညာမည်ဖြစ်ကြောင်း၊ ကာဒီနယ်တို့သည် ကမ္ဘာတစ်၀ှမ်းလုံးနှင့်ဆိုင်ကြောင်းကိုပြသရမည့်ဗီဇရှိသကဲ့သို့ ဘုရားသခင်၏ချစ်ခြင်း၊ သနားခြင်းကိုကမ္ဘာကြီးအားဆက်လက်ကြေညာဟောပြောရမည့်သူများဖြစ်ကြသည်ဟုမိန့်ကြားခဲ့သည်။

ရဟန်းမင်းကြီးဖရန်စစ်သည် (၂) လကျော်အတွင်း၌ ကာဒီနယ်အသစ် (၂၁) ပါးကိုထပ်မံရွေးချယ်တင်မြောက်မည်ဖြစ်သည်။

၄င်းတို့အနက် (၁၈) ပါးမှာ ရဟန်းမင်းကြီး၏အမှုတော်ဆောင်နေရာလစ်သွားသည့်အခြေအနေမျိုး၌ မဲပေးရွေးချယ်ခွင့်ရှိသူများဖြစ်လာမည်ဖြစ်သည်။ ကျန် (၃) ပါးမှာ သက်တော် (၈၀) ကျော်နေပြီဖြစ်၍ ကာဒီနယ်အဖြစ်ဂုဏ်ပြုချီးမြင့်ခြင်းသာဖြစ်ပြီး ရဟန်း မင်းကြီးအသစ်ရွေးချယ်ရန်လိုအပ်လာပါက မဲပေးပိုင်ခွင့်မရှိပေ။ အဆိုပါကာဒီနယ် (၂၁) ပါးတို့သည် ကမ္ဘာတစ်၀ှမ်းလုံးအားကိုယ်စားပြုသော ကမ္ဘာ့နိုင်ငံအသီးသီးရှိကက်သလစ်သာသနာတော်မှဖြစ်ကြသည်။

ရဟန်းမင်းကြီးသည် ယေဇူးသခင်မွေးဖွားသန့်စင်ခဲ့သော သန့်ရှင်းသောမြေအတွက်လည်းသတိရဆုတောင်းပေးခဲ့သည်။ ဇူလိုင် (၉) ရက်နေ့သည် ‘Sea Sunday’ (ပင်လယ်သမုဒ္ဒရာနှင့်ရေလုပ် သားများအတွက်သတိရဆုတောင်းပေးရသော အဏ္ဏာ၀ါတနင်္ဂနွေနေ့) ဖြစ်၍ ရေလုပ်ငန်းအမျိုးမျိုး၌အသက် မွေး၀မ်းကျောင်းပြုနေသူများအားလုံးအတွက်အထူးဆုတောင်းပေးခဲ့သည်။

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/44oZYqv

Add new comment

5 + 2 =