ပုပ်ဖရန်စစ်သည်လစ္စဘွန်း၌လူငယ်၊ လူကြီးတို့အား ‘မကြောက်တရား’ ဟောကြား

ပုပ်ဖရန်စစ်သည်လစ္စဘွန်း၌လူငယ်၊ လူကြီးတို့အား ‘မကြောက်တရား’ ဟောကြား

ကမ္ဘာ့လူငယ်များနေ့သည် ဩဂုတ်လ (၁ – ၆) ရက်နေ့အထိကျင်းပခဲ့သည်။ ဤပွဲတော်သို့လာရောက် ကြသော ကမ္ဘာ့နိုင်ငံအသီးသီးမှလူငယ်များသည် လစ္စဘွန်းသို့ကြိုရောက်ရှိနေခဲ့သည်။ ရဟန်းမင်းကြီးဖရန် စစ်မှာမူ ဩဂုတ်လ (၂) ရက်နေ့မှကြွရောက်သွားခဲ့ပြီး (၆) ရက်နေ့မှရောမသို့ပြန်ကြွလာခဲ့ရာ ရဟန်းမင်းကြီးသည် ပေါ်တူဂီနိုင်ငံ၌ (၅) ရက်ကြာသီတင်းသုံးခဲ့ပါသည်။

ရဟန်းမင်းကြီးသည် ထို (၅) ရက်တာအတွင်း ကမ္ဘာအတိုင်းအတာနှင့်ယှဉ်သောဩ၀ါဒများအား လူငယ်များ၊ နိုင်ငံရေးခေါင်းဆောင်များ၊ ဆရာတော်များ၊ မကျန်းမာသူများနှင့်အခြားသောအဖွဲ့အစည်းများစွာကိုလည်းမိန့်ကြားခဲ့သည်။

ရဟန်းမင်းကြီးဖရန်စစ်သည် ပေါ်တူဂီသို့ခရီးရောက်မဆိုက် သူ့အားလှိုက်လှဲစွာကြိုဆိုသောအခမ်းအနား၌ ‘အနောက်နိုင်ငံများ မိမိတို့၏မူလဇစ်မြစ်၏တန်ဖိုးဆီသို့ပြန်ဦးလှည့်ကြ’ ဟုတိုက်တွန်းခဲ့သည်။

ပေါ်တူဂီနိုင်ငံအနေဖြင့် လောကီဆန်သည်ထက်ဆန်လာနေသော်လည်း ရဟန်းမင်းကြီးက ကက်သလစ်ဆရာတော်ကြီးများ၊ ဘုန်းတော်ကြီးများ၊ သုံးပါးသစ္စာရှင် သူတော်စင်များ၊ သာသနာအမှုတော်ကိုနည်းလမ်းအသွယ်သွယ်ဖြင့်ထမ်းနေကြသောသူများအား သာသနာအမှုနှင့်ဧ၀ံဂေလိတရားဒေသနာပြန့်ပွှားစေရေး ကြေညာဟောပြောရန်၊ ကမ္ဘာကြီးသည်လောကီဆန်လာပြီး ဧ၀ံဂေလိသတင်းကောင်းကိုနားမထောင်လိုတော့၍ဟောကြားရန်မလိုဟုဆိုကာရှောင်ကွင်းရန်၊ လစ်လျှူရူရန်မလိုကြောင်း၊ ယခုအချိန်သည် ကျေးဇူးတော်အခြေအနေဖြစ်ကြောင်း၊ ကျေးဇူးတော်ကိုရင်းနှီးမြှုပ်နှံရန်လိုကြောင်းတိုက်တွန်းခဲ့သေးသည်။

ရဟန်းမင်းကြီးဖရန်စစ်သည် အထက်ကဆိုခဲ့သောလူထုကြီးများနှင့်ထိတွေ့သိရှိရပြီးနောက် ‘မ‌ကြောက်တရား’ ကိုဇောင်းပေးမိန့်ကြားခဲ့ပြန်သည်။ ကောင်းသောဆာမာရီတန်ကဲ့သို့ ကောင်းမှုများကိုလုပ်ဆောင်ရင်း ရှေ့ဆက်သွားရန်၊ ကြောက်စိတ်၏လောင်းရိပ်ကိုခံနေခြင်းထက် စိတ်ကူးစိတ်သန်းကောင်းများဖြင့်အစားထိုးရန်အားပေးခဲ့သည်။

ရဟန်းမင်းကြီးသည် ကမ္ဘာ့လူငယ်များနေ့အခမ်းအနား၌ရောက်ရှိနေသောလူငယ်တစ်သန်းကျော်တို့အား ဆန္ဒရှိကသူတို့အားလုံးအတွက် အမိသာသနာတော်ကြီး၌တစ်နေရာစီရှိကြောင်း၊ ထိုကမ္ဘာ့လူငယ်များနေ့အခမ်းအနားအတွက် လူငယ်များနှင့်နောက်ဆုံးတွေ့ဆုံခဲ့ချိန်၌ ရဟန်းမင်းကြီး၏သတင်းစကားသည်လွန်စွာရှင်းလင်းပြတ်သားပါသည်။

ရဟန်းမင်းကြီးက ‘လူငယ်တို့၊ သင်တို့တစ်ဦးစီ၏မျက်လုံးများကိုကြည့်၍ မကြောက်ကြနှင့်’ ဟုတိုက်တွန်းလို တယ်လိူ့ မိန့်ကြားခဲ့သည်။

ရဟန်းမင်းကြီးဖရန်စစ်သည် သူ၏ကမ္ဘာ့လူငယ်များနေ့အခမ်းအနားများ၌ လူငယ်များကိုဖြစ်စေ၊ လူကြီးများကိုဖြစ်စေ အမှန်တရားအတွက်၊ ဧ၀ံဂေလိတရားကိုလုပ်ဆောင်ရာ၌ မကြောက်ကြရန်၊ ရှေ့ဆက်ရန်၊ သာသနာအတွင်း၊ ကမ္ဘာကြီးအတွင်း၌အစားထိုးမရသောသူတို့၏ကဏ္ဍကိုလည်းအမိအရဖမ်းဆုပ်ကြရန်တိုက်တွန်းခဲ့သည်။ .

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

http://bitly.ws/RpaH

Add new comment

11 + 3 =