ပုပ်ဖရန်စစ်သည်ဂရိစ် မှလူငယ်များနှင့် တွေ့ဆုံနုတ်ဆက်၍ရောမသို့ ပြန်လည်ထွက်ခွာ

ပုပ်ဖရန်စစ်သည်ဂရိစ် မှလူငယ်များနှင့် တွေ့ဆုံနုတ်ဆက်၍ရောမသို့ ပြန်လည်ထွက်ခွာ

ပုပ်ဖရန်စစ်သည်ဂရိစ် မှလူငယ်များနှင့် တွေ့ဆုံနုတ်ဆက်၍ရောမသို့ ပြန်လည်ထွက်ခွာ

 

ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်ဟာ ဂရိနိုင်ငံကို ရောက်ရှိနေတာ ဖြစ်ပြီး ဒေသစံတော်ချိန် နံနက် ၉ : ၄၅ မိနစ် မှာ အေသင်မှာရှိတဲ့ Usruline သီလရှင်များ ရဲ့ စာသင်ကျောင်းမှာ လူငယ်များနဲ့ တွေ့ဆုံဘို့စီစဉ်ခဲ့ပါတယ်။

အရှင်သူမြတ်ဟာ ဆီးရီးယား၊ ဖိလစ်ပိုင် နဲ့ တီးနိုစ် ဂရိကျွန်းစု မှ လူငယ်များစွာရဲ့ ရင်ဖွင့်သံကို နားထောင်ပေးခဲ့ပါတယ်။

လူငယ်များအားနားထောင်ပြီးတဲ့အခါမှာတော့အရှင်သူမြတ်က ၎င်းရဲ့ မိန့်မှာစကားကို မြွက်ကြားပြီး နုတ်ဆက်ခဲ့တာပါ။ ဒါကတော့ အရှင်သူမြတ်အနေနဲ့ ရောမမြို့တော်သို့မပြန်ခင် ၎င်းရဲ့ တမန်တော်ကြီးခရီးစဉ်မှ နောက်ဆုံးတွေ့ဆုံခြင်းအစီအစဉ် ပဲဖြစ်ပါတယ်လို့ဆိုပါတယ်။

ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်ဟာ ဒီနေ့မှာတော့ ၎င်းရဲ့ ၃၅ ကြိမ်မြောက် နိုင်ငံတကာ တမန်တော်ကြီး ခရီးစဉ်ကို အဆုံးသတ်ကာ အေသင်မြို့ နိုင်ငံတကာလေဆိပ်မှာ နိုင်ငံခြားရေးဝန်ကြီး Nikolaos Kotzias နဲ့ တွေ့ဆုံပြီး ခဏတာ စကားလက်ဆုံကျကာ နုတ်ဆက်ထွက်ခွာခဲ့တာဖြစ်ပါတယ်။

 

ဘာသာပြန်-စစ္စတာရ်လူစီယားသန္တာအောင်၊ SJA

https://bit.ly/3EIa3Cd

 

Add new comment

9 + 2 =