ပုပ်ဖရန်စစ်လာမည့် မေလ (၁၈) ရက်နေ့၌ ရိုမီယိုနှင့်ဂျူးလီးယက်ဇာတ်လမ်းဖြစ်ခဲ့သည့်မြို့ သို့တစ်နေ့တာ တမန်တော်ခရီးကြွရောက်မည်။

ပုပ်ဖရန်စစ်လာမည့် မေလ (၁၈) ရက်နေ့၌ ရိုမီယိုနှင့်ဂျူးလီးယက်ဇာတ်လမ်းဖြစ်ခဲ့သည့်မြို့ သို့တစ်နေ့တာ တမန်တော်ခရီးကြွရောက်မည်။

ရိုမီယိုနှင့်ဂျူးလီးယက်တို့အား အချစ်စံထားကြသူများဟုဩဘာပေးကြသည်။
ရိုမီယိုနှင့်ဂျူးလီးယက်တို့၏မြို့ကား ‘ဗေရိုးနာ’ (Verona) ဟုခေါ်ပါသည်။ အီတလီမြောက်ပိုင်းမှ အထင်ကရမြို့ကြီးတစ်မြို့ဖြစ်သည်။

ပုပ်ရဟန်းမင်းကြီးဖရန်စစ်ယခုကဲ့သို့ကြွရောက်ရခြင်း၏ဦးတည်ချက်ကို ဆာလံကျမ်း (၈၅) မှ ‘တရားမျှတခြင်းနှင့်ငြိမ်းချမ်းခြင်းတွေ့ဆုံခြင်း’ ကိုဦးတည်သည်။

အခမ်းအနားအစီအစဉ်တစ်ခုဖြစ်ရုံ၊ ကြွရောက်သည်ဆိုရုံမဟုတ်။ ရဟန်းမင်းကြီးအနေဖြင့် သိုးထိန်းတစ်ပါးဖြစ်၍အားလုံးနှင့်အတူနီးကပ်စွာရပ်တည်နေကြောင်းလက်တွေ့ကျကျပြသရန်ဖြစ်သည်။

ဗာတီကန်၏သတင်းပြန်ကြားရေးရုံးမှ ရဟန်းမင်းကြီးဖရန်စစ်ကြွရောက်မည့် တစ်နေ့တာတမန်တော်ခရီး၏ အစီ အစဉ်နှင့်စပ်လျင်း၍ အသေးစိတ်ထုတ်ပြန်အသိပေးထားသည်။ အစီအစဉ်များအနက် ဒေသန္တရသာသနာမှကလေးများ၊ အကျဉ်းထောင်များမှအကျဉ်းသားများနှင့်လည်းတွေ့ဆုံရန်စီစဉ်ထားသည်။

တစ်နေ့တာတမန်တော်ခရီး၏ အဆုံး သတ်အစီအစဉ်အဖြစ် Bentegodi အားကစားရုံ၌ ပြည်သူများနှင့်အတူမစ္ဆားတရားပူဇော်၍အဆုံးသတ်မည်ဟုဆိုသည်။

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bitly.cx/k71

Add new comment

4 + 3 =