ပုပ်ဖရန်စစ်ရှေ့မှောက်၌ လူငယ်တစ်ဉီးမှ ၎င်း၏ချစ်သူအားလက်ထပ်ခွင့်တောင်းခံ

ပုပ်ဖရန်စစ်ရှေ့မှောက်၌ လူငယ်တစ်ဉီးမှ ၎င်း၏ချစ်သူအားလက်ထပ်ခွင့်တောင်းခံ

မကြာသေးမှီက ပါးပါဖရန်စစ်ရဲ့ လူထုပရိတ်သတ်နဲ့တွေ့ဆုံတဲ့ ဗုဒ္ဓဟူးနေ့အစီအစဉ် မှာ လူငယ်လေးတစ်ဉီးဟာ အခွင့်ကောင်းကိုချိန်ပြီးတော့ ၎င်းရဲ့ ချစ်သူအား ပါးပါးရှေ့မှောက်မှာပဲ လက်ထပ်ခွင့်တောင်းဆိုလိုက်ပါတယ်။

ဒီအဖြစ်အပျက်ဟာ တခဏလေးအတွင်း မြန်ဆန်လွန်းလှပေမဲ့ ဗာတီကန်မီဒီယာက အချိန်မှီမှတ်တမ်းဓာတ်ပုံရိုက်ကူးနိုင်ခဲ့တာပါ။

ဓာတ်ပုံထဲမှာတော့ လူငယ်လေး တစ်ဉီး စေ့စပ် လက်စွပ်ဗူးလေးကိုဖွင့်လို့ ပါးပါးရှေ့မှောက်မှာပဲ ၎င်းရဲ့ချစ်သူရှေ့ဒူးထောက်ချကာ လက်ထပ်ခွင့်တောင်းလိုက်တာဖြစ်ပြီး သူတို့ရှေ့ကနေ ပါးပါးဖရန်စစ် ရဲ့ဘီးတပ်လှည်းရောက်ရှိချိန် ချိန်ကိုက်ဖြစ်နေတာမို့ လက်စွပ်ကို ပါးပါးက ကောင်းကြီးပေးခဲ့ပါတယ်။

လက်ထပ်ကြမဲ့ ဇနီးမောင်နံတွေအတွက် ပါးပါးဖရန်စစ်ဟာ ၎င်းရဲ့ ပုပ်ရဟန်းမင်း သက်တမ်းမှာ ဂရုတစိုက်ပြင်ဆင်မှုတွေပြုဘို့ နှိုးဆော်ခဲ့ပါတယ် သို့မှသာ ယုံကြည်ခြင်းခိုင်မာလာမှာဖြစ်ပြီး တွေ့ကြုံလာမဲ့ အခက်အခဲတွေကို ခံနိုင်စွမ်းရှိစေဘို့ မွမ်းမံ သင်တန်းမျိုးတွေနဲ့ ပြင်ဆင်စေလိုတာဖြစ်ပါတယ်။

ဗုဒ္ဓဟူးနေ့ ပါးပါးဖရန်စစ်နဲ့တွေ့ဆုံခြင်းအစီအစဉ်ဟာ တမူထူးခြားတဲ့ အစီအစဉ်  လည်းဖြစ်သလို မကြာခဏဆိုသလို ပါးပါးဟာ လက်ထပ်ပြီးခါစ ဇနီးမောင်ံ စုံတွဲသစ်လေးများကိုလည်း  ကောင်းကြီးပေးခဲ့ပါတယ်။

စစ္စတာရ်လူစီယားသန္တာအောင်၊ SJA

https://bit.ly/3O8vwM0

Add new comment

4 + 11 =