ပုပ်ဖရန်စစ်ယနေ့မနက် မယ်တော်ရှေ့၌ မကျန်းမမာသူများနှင့်ဝေဒနာခံစားနေ ရသူများအတွက် ဆုတောင်းပေး

ပုပ်ဖရန်စစ်ယနေ့မနက် မယ်တော်ရှေ့၌ မကျန်းမမာသူများနှင့်ဝေဒနာခံစားနေ ရသူများအတွက် ဆုတောင်းပေး

ပုပ်ဖရန်စစ်ယနေ့မနက် မယ်တော်ရှေ့၌ မကျန်းမမာသူများနှင့်ဝေဒနာခံစားနေ ရသူများအတွက် ဆုတောင်းပေး

 

            ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်သည် ယနေ့ ဒီဇင်ဘာ (၈) ရက်၊ နံနက် (၆း၁၅) မထိုးမီကပင် Spagna  ရင်ပြင်သို့ သွား၍ အမိမယ်တော်၏ ဆင်းတုတော်အား သီးသန့်ကြည်ညို ဂါရ၀ပြုခဲ့သည်။ ယနေ့သည် အမိမယ်တော်အား အပြစ်မဲ့သန္ဓေယူတော်မူသော ပွဲနေ့ကို အမိသာသနာ တော်ကြီးက ခမ်းနားစွာအမှတ်ရကျင်းပနေကြသည်။

ရဟန်းမင်းကြီးထိုနေရာသို့ရောက်ရှိချိန်၌ပတ်၀န်းကျင်သည် မိုးစင်စင်ပင်မလင်းသေးကြောင်း ရဟန်းမင်းကြီးသည် မယ်တော်ဆင်းတုတော်ရှေ့၌ နှင်းဆီပန်းစီးတစ်စီးကိုကပ်လှူပူဇော်ပြီး ဆုတောင်းခဲ့သည်။

 ရဟန်းမင်းကြီးသည် အမိ မယ်တော်၏ကြား၀င်ဆုတောင်းခြင်းကိုတောင်းခံရင်း မကျန်းမာဖြစ်နေကြသောသူထောင်သောင်းများစွာအား တန်ခိုးလက္ခဏာ ခံစားရပြီးခံစားနေရသောဝေဒနာမှသက်သာပျောက်ကင်းစေရန်ဆုတောင်းခဲ့သကဲ့သို့၊ စစ်ကြောင့်လည်းကောင်း၊ ရာသီဥတုဆိုး၀ါးမှုကြောင့်သော်လည်းကောင်း ကြုံတွေ့နေရသော ဒုက္ခများကင်းပျောက်စေရန်ဆုတောင်းပေးခဲ့သည် ဟု ဗာတီကန်သတင်းဌာနကထုတ်ပြန်ထားသည်။

 ကျောက်သားကဲ့သို့မာကျောနေပြီး၊ စေ့စပ်ဆွေး နွေးရန်ထက် တံတိုင်းများကာရံကာ အများ၏ဒုက္ခနာကျင်မှုများကိုလစ်လျူရူနေကြသူများ၏ နှလုံးသားပျော့ပြောင်း နူးညံ့လာစေ ရန်လည်း ရဟန်းမင်းကြီးက ဆုတောင်းခဲ့သည်။ ထို့နောက် ရဟန်းမင်းကြီးသည် စိန်မေရီဘာစီးလီကာသို့ ဆက်လက်ကြွသွားခဲ့ သည်။ ထိုဘာစီးလီကာ၌လည်း Maria Salus Popoli Romani  (ရောမမြို့သူမြို့သားများ၏ကျန်းမာခြင်းမယ်တော်) ထံ၌လည်းထပ်မံဆုတောင်းခဲ့ပြီး၊ နံနက် (၇း၀၀) ၀န်းကျင်ခန့်၌ ဗာတီကန်သို့အရောက်ပြန်ကြွလာခဲ့သည်။

နို၀င် ဘာလ (၂၇) ရက်နေ့က နှစ်စဉ်ရဟန်းမင်းကြီးကြွရောက်ပြီး အခမ်းအနားကိုဦး ဆောင်လေ့ ရှိသော်လည်း ယခုနှစ်၌မူ မကြွရောက်နိုင်ကြောင်းကြေညာထားခဲ့သည်။ ထိုနေ့ကမကြွရောက်နိုင် သော်လည်း ယနေ့ကြွရောက်၍ မယ်တော် အားကြည်ညိုဂါရ၀ပြုခဲ့သည်။ အဘယ်ကြောင့် သီးသန့် ကြွရောက်ကြည်ညိုရသနည်းဟုမူကား ကိုးဗစ် (၁၉) ဥပဒေ ကြောင့်ဖြစ်ကြောင်း သတင်းထုတ်ပြန် ထားပါသည်။   

 

  

RVA ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်      

https://bit.ly/3rQ2Mwi

Add new comment

8 + 8 =