ပုပ်ဖရန်စစ်မှ UAE သမ္မတကွယ်လွန်သည့် အပေါ် ဝမ်းနည်းကြောင်း သဝဏ်လွှာ ပေးပို့

ပုပ်ဖရန်စစ်မှ UAE သမ္မတကွယ်လွန်သည့် အပေါ် ဝမ်းနည်းကြောင်း သဝဏ်လွှာ ပေးပို့

ပုပ်ဖရန်စစ်မှ UAE သမ္မတကွယ်လွန်သည့် အပေါ် ဝမ်းနည်းကြောင်း သဝဏ်လွှာ ပေးပို့

 

အာရပ်ဆော်ဘွားများနိုင်ငံ သမ္မတ ကွန်လွန်သွားခဲ့သည့် အတွက် ပူဆွေးဝမ်းနည်း နေသည့် နိုင်ငံသားများနှင့် အတူတကွရှိနေပြီး ဆုတောင်းပေးပါကြောင်း ပါပါးဖရန်စစ်မှ သမ္မတ အသစ် သို့ အခိုင်အမာ ပြောကြား ခဲ့ပါတယ်။

Abu Dhabi ဥသျှောင် နှင့် အာရပ်ဆော်ဘွားများနိုင်ငံ သမ္မတကြီးဖြစ်သည့် အရှင် Sheik Khalifa bin Zayed Al Nahyan ကွယ်လွန်သွားသည့် အတွက် ဝမ်းနည်းကြောင်း သဝဏ်လွှာကို ပါပါးဖရန်စစ်မှ ပေးပို့ခဲ့တာပါ။

သဝဏ်လွှာထဲမှာ ရဟန်းမင်းကြီး ရေးသားထားတာကတော့  His Highness Sheik Khalifa

ကွယ်လွန်ခြင်း ကို ကြားသိရသည့်အတွက် ဝမ်းနည်းရပြီး စိတ်ပူဆွေးရပါကြောင်း၊  ဆုံးရှံးရခြင်းအတွက် ပူဆွေးနေကြသည့် Emarates ပြည်သူများနှင့်လည်း အတူရှိနေပြီး တိုင်းပြည်အပေါ် သက်တော် ရှည်ကြာစွာ အထင်အရှား အစေခံပေးခဲ့သည့် သမ္မတကြီးကို လည်း ချီးကျူးဂါရဝပြုပါကြောင်း ဖော်ပြထားတာပါ။

ပါပါဖရန်စစ်မှ ဆက်လက်ရေးသားထားသည်မှာ " အထူးသဖြင့် ,သမ္မတကြီး​၏ ရောမသာသနာပိုင်နှင့် Emirates နိုင်ငံရှိ ကက်သလစ်အသိုင်းအဝိုင်းအပေါ် ဂရုပြုပြီး အထူးအလေးထားကြောင်း ပြသခဲ့သည့် အပေါ်လည်း ကျေးဇူးတင်ရှိပြီး ၊ ကွယ်လွန်သွားပြီဖြစ်သည့် အဆွေတော်သည် တွေ့ဆုံးဆွေးနွေး အဖြေရှာခြင်းကို တန်ဖိုးထားပြီး မတူကွဲပြားသည့် ဘာသာတရားနှင့် ရိုးရာယဉ်ကျေးမှု့များအပေါ် နားလည် သဘောပေါက်သဖြင့် သမိုင်းဝင် အဘူလ်ဒါဘီ စာတမ်းကို ကြေငြာနိုင်ခဲ့သဖြင့် မိတ်သဟာရ စိတ်ဓါတ်အတွက် ပေးအပ်သည့် Zayed ဆု တွင် ပြယုဂ်အနေနှင့် ပါဝင်နိုင်ခဲ့သည် "

​ မြင့်မြတ်သောဘုရားရှင်တော်​၏ ထာဝရသနားခြင်း ဂရုဏာတော်သို့ ချီးမြှင့်ခြင်း ခံရပြီး ၊ရဟန်းမင်းကြီး အနေနှင့်လည်း လူသားထုအတွက် ငြိမ်းချမ်းခြင်းနှင့် စည်းလုံးခြင်းကို ထိန်းသိမ်းနိုင်ရန်အတွက် အစဉ်တစိုက် ဇွဲရှိရှိ ကြိုးစား အားစိုက်ထုတ်ခဲ့သော အဆွေတော် အတွက် ဆက်လက် ဆုတောင်းပေးနေမည် ဟု ဖော်ပြထားတာဖြစ်ပါတယ်.

 

အာဗီအေဘာသာပြန်-မာကုစ် ညီညီထွန်း

https://bit.ly/3Gb5aCT

 

 

Add new comment

8 + 0 =