ပုပ်ဖရန်စစ်မှ “ချစ်ရပါသောလက်ဘနွန်ဒေသမှလူများခေါင်း စဉ်ဖြင့်ခရစ္စမတ်သဝဏ်လွှာပေးပို့

ပုပ်ဖရန်စစ်မှ “ချစ်ရပါသောလက်ဘနွန်ဒေသမှလူများခေါင်း စဉ်ဖြင့်ခရစ္စမတ်သဝဏ်လွှာပေးပို့

ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်သည် လက်ဘ

နွန်ဒေသတွင် နေထိုင်သူများအား အခက်အခဲ များစွာဖြင့် ပြည့်နှက်နေသော ကာလတွင် ဘုရားရှင်အပေါ်တွင် ယုံကြည်ခြင်းထားရန် အားပေးသည့် ခရစ္စမတ်သ၀ဏ်လွှာကို ရေး သားပေးပို့ခဲ့သည်။

“မှောင်မိုက်တွင် သွားလာသူတို့သည် ကြီးစွာသောအလင်းကိုမြင်ကြရပြီ ဟူသော ခရစ္စ မတ်၏ သတင်းစကားမှ ထိုအလင်းသည် ကျွန်ုပ်တို့၏ ကြောက်ရွံ့မှုများအားလျော့ပါး စေပြီး ဘုရားရှင်၏ ကြည့်ရှုစောင်မမှုသည် လက်ဘနွန်ဒေသအား ပစ်ထားမည်မ ဟုတ်ဘဲ ၀မ်းနည်းခြင်းများအား ၀မ်းမြောက်ခြင်းအဖြစ်သို့ ရောက်စေမည်ဟူသော မျှော်လင့်ချက်ကိုလည်း ဖြစ်စေကြောင်း”ရေးသားခဲ့သည်။

Maronite ကက်သလစ်များထံ ရေးသားပေးပို့ရာတွင် သ ခင်ခရစ်တော်၏ ဖွားမြင်ခြင်းသည် ဘုရားရှင်သည် ကျွန်ုပ်တို့နှင့်အတူရှိခြင်း၏ လက္ခ ဏာဖြစ်ပြီး ဘုရားရှင်၏ ကျွန်ုပ်တို့နှင့်အတူရှိခြင်း၊သစ္စာ ရှိခြင်းတို့အပေါ်တွင် ယုံကြည်အားထားရန် အားပေးခဲ့သည်။

လက်ဘနွန်အရပ်တွင်ပေါက်သော သစ်မာပင်သည် အခြေ အနေတိုင်းတွင် ရပ်တည်ရှင် သန်သကဲ့သို့ သင်တို့သည်လည်း ဘုရားရှင်၌ ရှင်သန်ကာ သင်တို့၏ ပုံစံအမှန်ဖြစ်သော ကမ္ဘာတစ်ဝှမ်းလုံးသို့ အပြန်အလှန်လေးစားမှု၊ အတူတကွ လက်တွဲနေထိုင်ခြင်းနှင့် လူမျိုးစုများ အတူတူနေထိုင်ကြခြင်းတို့၏ ချိုမြသောအမွေးရနံ့ကို ပျံ့နှံ့ဖို့ ကြိုး စားရန်လည်း အားပေးခဲ့ သည်။

နိုင်ငံတကာအဖွဲ့အစည်းများအားလည်း လက်ဘနွန်ဒေသအား ပဋ္ဋိပက္ခများမှ ကင်းဝေးစေရန်နှင့် ဤဒုက္ခအခက်အခဲများအား ကျော်လွှားနိုင်စေရန်အတွက် ကူညီကြရန် ပုပ်ရဟန်း မင်းကြီးအရှင်သူမြတ်မှ မေတ္တာရပ်ခံခဲ့သည်။

ဘာသာပြန်-ဘရာသာရ်ပက်ထရစ်အေးရှိုင်းအောင်

Photo courtesy of: Daniel Ibanez/CNA.

https://bit.ly/3px3NVC

Add new comment

18 + 2 =