ပုပ်ဖရန်စစ်မှ ၀န်ကြီးချုပ်ရှင်ဇိုအာဘေး အတွက်၀မ်းနည်းစကားဆို

ပုပ်ဖရန်စစ်မှ ၀န်ကြီးချုပ်ရှင်ဇိုအာဘေး အတွက်၀မ်းနည်းစကားဆို

ပုပ်ဖရန်စစ်မှ ၀န်ကြီးချုပ်ရှင်ဇိုအာဘေး အတွက်၀မ်းနည်းစကားဆို

ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေးအား အဓိပ္ပာယ်မဲ့ လုပ်ကြံသတ်ဖြတ်မှုအတွက် ပုပ်ရဟန်းမင်းကြီးမှ အထူးပင်ဝမ်းနည်းပူဆွေကြောင်း ပြောကြားသည်။

လွန်ခဲ့သော သောကြာနေ့က ဝန်ကြီးချုပ်ဟောင်း လုပ်ကြံခံရပြီးနောက် သူ​၏မိသားစုများထံသို့ ပါပါးဖရန်စစ်မှ ဝမ်းနည်းကြောင်း သဝဏ်လွှာကို ပေးပို့ခဲ့ပါသည်။ ဤသို့သော အဓိပ္ပာယ်မဲ့သည့် အဖြစ်ပျက် လုပ်ရပ် ကြောင့် ဂျပန်လူမှုအသိုင်းဝိုင်းကြားတွင် ငြိမ်းချမ်းရေး နှင့် အကြမ်းမဖက်ရေး ခိုင်မာလာစေရန်အတွက် သမိုင်းဝင် တာဝန်ခံမှုများအပေါ် ပုပ်ရဟန်းမင်းကြီးမှ ဆုတောင်းပေးနေကြောင်း ဖော်ပြထားသည်။

အာရှနိုင်ငံများဆိုင်ရာတာဝန်ခံ Nancio Leo Boccardi ထံသို့ ဗာတီကန်နိုင်ငံ အတွင်းရေးမှုး ကာဒီနယ် Pietro Paroline က တယ်လီဂရမ် ပေးပို့ရာတွင် ရဟန်းမင်းကြီး​၏ ဝမ်းနည်းကြောင်း သဝဏ်လွှာကို ဖော်ပြခဲ့သည်။

ဝန်ကြီးချုပ်ဟောင်း လုပ်ကြံခံရသည့် သတင်း ကြားသိရချိန်တွင် အလွန်ပင် ဝမ်းနည်းပူဆွေးမိပြီး သူ​၏ စိတ်ကြေကွဲဝမ်းနည်းမှုကို အာဘေး​၏ မိသားစုအပါဝင် ,သူ​၏သူငယ်ချင်းများနှင့် ဂျပန်နိုင်ငံသားများ အား ဖော်ပြလိုပါကြောင်း ရဟန်း မင်းကြီးက မြွက်ကြားထားသည်။

ဤကဲ့သိုသော အကြောင်းမဲ့ လုပ်ရပ်ကြောင့် ဂျပန်ပြည်သူများကြား ငြိမ်းချမ်းရေးနှင့်

အကြမ်းမဖက်ရေးကို ခိုင်မာလာစေရန် သမိုင်းဝင် အာမခံချက်များ ရရှိစေရန် ဆုတောင်းပေးခဲ့ သည် ဟုလည်း ဖော်ပြထားသည်။

ဂျပန်နိုင်ငံ​၏ သက်တမ်းအရှည်ကြာဆုံး တာဝန်ထမ်းဆောင်ခဲ့သည့် ခေတ်မှီသောခေါင်းဆောင် သည် လွန်ခဲ့သော သောကြာနေက မဲဆွယ် တရားဟောပွဲ တခုတွင် သေနတ်ဖြင့် ပစ်ခတ်

လုပ်ကြံ ခံခဲ့ရသည်။ ထိုလုပ်ကြံခံရသော နေရာသို့ ပူဆွေးနေသူများစွာ က လာရောက် ဂါရဝပြု လျက်ရှိကြောင်း၊

သောကြာနေ့က အီတာလျံ ရုပ်မြင်သံကြား ဌာနနှင့် အင်တာဗျူးရာတွင် အပြည်ပြည်ဆိုင်ရာ အသင်းအဖွဲ့များနှင့် နိုင်ငံတကာ ဆက်ဆံရေးဆိုင်ရာ ဗာတီကန် အတွင်းရေးမှူး ဂိုဏ်းချုပ်ဆရာတော်ကြီး Paul Richard Gallagher က ဝန်ကြီးချုပ်ကို အောက်မေ့သတိရလျက် လွန်စွာပင် ဝမ်းနည်းကြောင်း ပြောကြားခဲ့ပါသည်။

ဤတိုက်ခိုက်မှု့ င့် ဝန်ကြီးချုပ်ဟောင်းသေဆုံးရခြင်းတို့က ကျွန်ုပ်ကို ပူဆွေးမှု့ နှင့်ပြည့်

နှက်စေပါကြောင်း ၊ ဂျပန်နိုင်ငံသို့ လည်ပါတ်ခဲ့စဉ်ကလည်း ဂုဏ်ပြု တွေ့ဆုံခဲ့ရပြီး သူသည်

ဂျပန်နိုင်ငံတွင်းသာမက ကြီးမားသော လွှမ်းမိုးမှုရရှိခဲ့သူ ဖြစ်ကြောင်း နှင့် သူ​၏ ဂျပန်လူမျိူးများ ​၏ ဘုံကောင်းကျိူးအတွက် စွမ်းဆောင်ရှင် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ပုပ်ရဟန်းမင်းကြီးသည်လည်း ၂၀၁၉ ခုနှစ်က ဂျပန်နိုင်ငံသို့ သိုးထိန်းခရီး ထွက်ခဲ့ သည်။

အရှင်သူမြတ်ပုပ်ဖရန်စစ်၏ ဝမ်းနည်းကြောင်း သဝဏ်လွှာ

မြင့်မြတ်သောအရှင် Leo Boccardo

ဂျပန်နိုင်ငံ အသင်းတော်၏ကိုယ်စားလှယ်တော်

တိုကျို

ဂျပန်နိုင်ငံ​၏ ဝန်ကြီးချုပ်ဟောင်းဖြစ်သည့် Mr. Shinzo Abe သည် လုပ်ကြံ ခံရကြောင်း ကြားသိရသည့်အတွက် များစွာပင် တုန်လှုပ် ကြေကွဲရပါသည်။ သူ​၏ မိသားစုဝင်များ၊သူငယ်ချင်းများနှင့် ဂျပန်နိုင်ငံသားများထံ ဝမ်းနည်းကြောင်း သဝဏ်စာကို ပေးပို့အပ်ပါသည်။ဤအဓိပ္ပာယ်မဲ့လုပ်ရပ်​၏ နှိုးဆော်မှုကြောင့် ဂျပန်လူမှု အသိုင်းဝိုင်းအတွက် ငြိမ်းချမ်းပြီး အကြမ်းမဖက်သည့် သမိုင်းဝင် တာဝန်ခံမှုကို ပိုမိုခိုင်မာ လာစေရန် ကျွန်ုပ် ဆုတောင်း နေပါမည်။

Vatican News

ကာဒီနယ် Pietro Parolin

ဗာတီကန်နိုင်ငံ အတွင်းရေးမှူး

အာဗီအေဘာသာပြန်-မာကုစ်ညီညီထွန်း

https://bit.ly/3yWYLsY

Add new comment

11 + 6 =