Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
ပုပ်ဖရန်စစ်မှ အီရတ်၊ ဆီးရီးယား၌ ဖြစ်ပွားနေသည့်စာနာမကင်းမဲ့မှုလုပ်ရပ်များအား အ လေးပေးရန် နိုင်ငံတကာ အဖွဲ့အစည်းများအား တိုက်တွန်း
ပုပ်ဖရန်စစ်မှ အီရတ်၊ ဆီးရီးယား၌ ဖြစ်ပွားနေသည့်စာနာမကင်းမဲ့မှုလုပ်ရပ်များအား အ လေးပေးရန် နိုင်ငံတကာ အဖွဲ့အစည်းများအား တိုက်တွန်း
ပုပ် ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်သည် ဆီးရီးယားနှင့်အီရတ်နိုင်ငံများ၏ လူသားအရင်းအမြစ်များ ဘက်စုံဖွံ့ဖြိုးရေးကို မြှင့်တင်ရန် ပြုလုပ်ခဲ့သော အစည်း အဝေးတွင် ရုပ်သံဖြင့် သ တင်းစကားပေးပို့ခဲ့ပြီး ထိုအစည်းအဝေးတွင် ကက် သလစ် NGOအဖွဲ့အစည်း (၅၀)နီး ပါး ပါ၀င်ခဲ့သည်။
“မိမိတို့နေရပ်ကို စွန့်ခွာရန် အတင်းအကျပ်ခိုင်းစေခံရသူ များ၊ ညှင်းပန်းနှိပ်စက်မှုများကို ကြောက်သောကြောင့် မိမိတို့နေရပ်ကို စွန့်ခွာသူများ၊ အထူးသဖြင့် မိမိတို့ မွေးဖွားကြီးပြင်းခဲ့ရသော ဇာတိမြေ ဖြစ်သကဲ့သို့ မိမိတို့ယုံကြည်ခြင်း ရှင် သန်ကြီးထွားလာခဲ့ရသောနေရာကို စွန့်ခွာခဲ့ရသည့် ခရစ်ယာန်များကို သတိရမိကြောင်း” ပုပ်ရဟန်းမင်း ကြီးမှ ပြောဆိုခဲ့သကဲ့သို့ နိုင်ငံတ ကာအဖွဲ့အစည်းများအားလည်း “နေရပ်ကိုစွန့်ခွာခဲ့ရ သောသူများ ပြန်လာနိုင်ရေးနှင့် ပြန်လာသူတို့အတွက် လုံ ခြုံရေးနှင့် စီးပွားရေးလိုအပ်မှုများအတွက်လည်း အစွမ်း ကုန်ကြိုးစားပေးကြရန် အနူး အညွတ် တောင်းဆိုကြောင်း” ပြောကြားခဲ့သည်။
ယခုအစည်းအဝေးသည် အ ရှေ့အ လယ်ပိုင်းတွင်ရှိသော ပြည်သူ လူထုအတွက် ဖြစ် ပွားနေသော ကမ္ဘာ့ ကပ်ရောဂါနှင့် ကပ်ဆိုက်နေမှုများမှ ကူ ညီနိုင်မည့် အကောင်းဆုံးနည်းလမ်းကို အဓိကထား ဆွေးနွေးခဲ့ကြသည်။
ဘာသာပြန်-Bro.Patrick Aye Shine Aung
Photo courtesy of: The Conversation
Add new comment