ပုပ်ဖရန်စစ်မှ အီကွေဒေါ ဒုသမ္မတအား လက်ခံတွေ့ဆုံ

ပုပ်ဖရန်စစ်မှ အီကွေဒေါ ဒုသမ္မတအား လက်ခံတွေ့ဆုံ

နို၀င်ဘာလ ၉ရက် နေ့နံနက် မှာ ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်ဟာ အီကွေဒေါနိုင်ငံ၏ ဒုသမ္မတဖြစ်သူ Maria Alejandra Muñoz အား ဗာတီကန်မှာလက်ခံတွေ့ဆုံခဲ့ပါတယ်။

သူမဟာ ဉရောပတခွင်မှ နိုင်ငံ့ခေါင်းဆောင်များနှင့် လှည့်လည်တွေ့ဆုံပြီး အီကွေဒေါမှ အဟာရချို့တဲ့သည့် ကလေးများအရေးအတွက် နိုင်ငံတကာ၏ပူးပေါင်းမှုကို ရယူရန်ဖြစ်ကြောင်း

တွေ့ဆုံချိန်ဟာ ခဏတာသာဖြစ်ပေမဲ့ အလွန်အကျိုးရှိတဲ့ တွေ့ဆုံမှုဖြစ်ကြောင်း

လက်ဆောင်လဲလှယ်ချိန်တွင် သူမက အီကွေဒေါမှ ပြည်သူများတောင်းခံလိုက်သော ဆုတောင်းမေတ္တာများကို ကောင်းကြီးပေးပါရန်လျှောက်ထားခဲ့ကြောင်း၊ အရှင်သူမြတ်ပုပ်ဖရန်စစ်မှလည်း အီကွေဒေါ ပြည်သူများနှင့် နီးကပ်စွာရှိနေကြောင်းနှင့် အီကွေဒေါအတွက် ကတိတစ်ခုကိုလည်း ပြုခဲ့သည်ဟု ဆိုခြင်းကို Rome Reports သတင်းအရ သိရှိရပါတယ်။

ဘာသာပြန်-စစ္စတာရ်လူစီယားသန္တာအောင်၊SJA
Photo courtesy of:Rome Reports/Google Images

https://bit.ly/3lt1HEw

Add new comment

1 + 5 =