ပုပ်ဖရန်စစ်မှ အိန္ဒိယ ဝန်ကြီးချုပ်မိုဒီအားဗာတီကန်၌ လက်ခံတွေ့ဆုံ

ပုပ်ဖရန်စစ်မှ အိန္ဒိယ ဝန်ကြီးချုပ်မိုဒီအားဗာတီကန်၌ လက်ခံတွေ့ဆုံ

ပုပ်ဖရန်စစ်မှ အိန္ဒိယ ဝန်ကြီးချုပ်မိုဒီ အားဗာတီကန်၌ လက်ခံတွေ့ဆုံ

အိန္ဒိယ ဝန်ကြီးချုပ် Narendra Modi ဟာ အောက်တိုဘာ ၃၀ စနေနေ့ နံနက် က ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်နဲ့ ဗာတီကန်မှာ ပထမဆုံးအကြိမ်အဖြစ်တွေ့ဆုံခဲ့ပါတယ်၊ ဂျီ ၂၀ ထိပ်သီးညီလာခံအတွက် ဝန်ကြီးချုပ်ဟာ ရောမသို့ရောက်ရှိနေတာလည်းဖြစ်ပါတယ်။ ၁ နာရီကြာ တွေ့ဆုံ ဆွေးနွေးမှုမှာ ဗာတီကန်နဲ့ အိန္ဒိယ သံတမန်ဆက်ဆံရေးပါဝင်ကြောင်း 

ပါးပါးဖရန်စစ် နဲ့ တွေ့ဆုံမှုဟာ အင်မတန်မှ နွေးထွေးတဲ့ တွေ့ဆုံမှုဖြစ်ပြီး ပါးပါးအား အိန္ဒိယသို့ အလည်အပတ်ကြွရောက်ပါရန် ၎င်းက ဖိတ်ကြားခဲ့ပြီဖြစ်ကြောင်း ကို  အိန္ဒိယ ဝန်ကြီးချုပ်မိုဒီ ဖွင့်ဟ ပြောကြားခဲ့ပါတယ်။ သို့သော် ဒါနဲ့ပတ်သက်ပြီးဗာတီကန်ကတော့ ဘာမှထုတ်ပြန် တုန့်ပြန်ကြေငြာတာမျိုးမရှိသေးပါဘူး။ 

တကယ်တော့ အိန္ဒိယ ကိုဖိတ်ကြားခြင်းဟာ ၂၀၁၇ ခုနှစ် အိမ်နီးခြင်းနိုင်ငံများဖြစ်ကြတဲ့ မြန်မာနဲ့ ဘဂ်လားဒေ့ရှ် တမန်တော်ကြီး ခရီးစဉ်ကထဲကရှိခဲ့တာဖြစ်ပေမဲ့ အစီအစဉ်ဖြစ်မြောက်ခြင်းမရှိခဲ့တာဖြစ်ပါတယ်။ 
သို့သော်လည်း ၁၉၆၄ ခုနှစ်မှာ ပုပ် ပေါလ် (၆) ဟာ ပထမဆုံးပုပ်အဖြစ်နဲ့ ကြွရောက်ခဲ့တာဖြစ်သလို့ ၁၉၈၆ နဲ့ ၁၉၉၉ မှာ ပုပ်ဂျွန်ပေါလ် (၂ ) က နှစ်ကြိမ်တိုင် ကြွရောက်ခဲ့တာပါ။  

 

 

ဘာသာပြန်။   ။ စစ္စတာရ်လူစီယားသန္တာအောင်၊ SJA

https://bit.ly/3mAv8rz

Add new comment

1 + 5 =