ပုပ်ဖရန်စစ်မှ အိန္ဒိယနိုင်ငံ၊ Bhopal အတွက်ဂိုဏ်းချုပ်ဆရာတော်အသစ်ခန့်အပ်

ပုပ်ဖရန်စစ်မှ အိန္ဒိယနိုင်ငံ၊ Bhopal အတွက်ဂိုဏ်းချုပ်ဆရာတော်အသစ်ခန့်အပ်

ပုပ်ဖရန်စစ်မှ အိန္ဒိယနိုင်ငံ၊ Bhopal အတွက်ဂိုဏ်းချုပ်ဆရာတော်အသစ်ခန့်အပ်

ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်သည် Khandwa သာသနာမှဆရာတော် Alangaram Arokia Sebastin Durairaj အား Bhopal ၏ဂိုဏ်းချုပ်ဆရာတော်အဖြစ် ရွေးချယ်ခန့်အပ်လိုက်သည်။

ဂိုဏ်းချုပ်ဆရာတော် Leo Cornelio ၏ အသက် ပြည့်၍အနားယူရန် မတ်လတွင်လျှောက်လွှာလက်ခံရရှိပြီးနောက် ဤအမှုတော်ထမ်းရန်ခန့်အပ်လွှာကို အောက်တိုဘာလ (၄) ရက်နေ့တွင် တရား၀င်လက်ခံရရှိခဲ့ကြောင်း ယခင်ဂိုဏ်းချုပ်ဆရာတော်သည် သက်တော် (၇၅)နှစ် ပြည့်ပြီဖြစ်၍ ကာနွန်ဥပဒေ၏သတ်မှတ်ချက်အတိုင်း အနားယူခဲ့ခြင်းဖြစ်သည်။ ယခင် ဂိုဏ်းချုပ် Leo Cornelio သည် Society of the Divine Word (SVD ဘုရားသခင်၏နှုတ်တော်ထွက်စကား) ဘုန်းတော်ကြီးအသင်းမှဖြစ်သည်။

ဆရာတော်သည် Bhopal ဂိုဏ်းချုပ် သာသနာကို (၁၄) နှစ်ကြာ ဂိုဏ်းချုပ်အဖြစ်အမှုထမ်းခဲ့သည်။
ယခုအသစ်ပြန်လည်ခန့်အပ်သော ဆရာတော်သည်လည်းယခင်ဆရာတော်ကဲ့သို့ ‘ဘုရားသခင်၏နှုတ်တော်ထွက်စ ကား’ ဘုန်းတော်ကြီးအသင်းမှပင်ဖြစ်သည်။ သူ့အား (၁၉၅၇၊ မေလ ၃) ရက်နေ့ Tamilnadu ပြည်နယ်၊ Thirunagar တွင်မွေး ဖွားခဲ့သည်။ ဇာတိမြို့၌ မူလတန်းပညာကိုသင်ကြားပြီးနောက် သူသည် ကက်သလစ်ရဟန်းတစ်ပါးဖြစ်လာရန်အတွက် စိန့်ချားလ်စ်အခြေခံရဟန်းဖြစ်သင်ကျောင်းသို့ (၁၉၇၁) ခုနှစ်တွင်၀င်ရောက်ခဲ့သည်။ တက္ကသိုလ်၀င်တန်းကိုပြီးမြောက်သောအခါ သူ သည်ရဟန်းဖြစ်လာရန်အတွက် လိုအပ်သောသင်တန်းများကို (၁၉၇၅) တွင်စတင်ခဲ့သည်။ သူသည် (ဘီအက်စ်စီ) ဘွဲ့နှင့်စိတ် ပိုင်းဆိုင်ရာဘာသာရပ်၌မာစတာဘွဲ့ကိုလည်း ဆွတ်ခူးထားသူဖြစ်သည်။

ရဟန်းတစ်ပါးဖြစ်လာရန် အသင်းမှသတ်မှတ်ထား သောသင်တန်းကာလပြီးဆုံးသွားပြီး၊ (၁၉၇၉) ခုနှစ်တွင် ယာယီသစ္စာကိုပြုခဲ့သည်။ ထို့နောက် သီအိုလိုဂျီဘာ သာရပ်များကိုဆက်လက်သင်ကြားဆည်းပူးကာ (၁၉၈၄၊ ဇွန်လ ၁၂) ရက်နေ့တွင် ရာသက်ပန်ကတိသစ္စာကိုဆိုခဲ့သည်။ ရဟန်းသိက္ခာ ကိုမူ (၁၉၈၅၊ မေလ ၈) ရက်နေ့၌ခံယူခဲ့သည်။

ဂိုဏ်းချုပ်ဆရာတော်သည် အောက်ပါအမှုတော်များကိုထမ်းဆောင်ခဲ့ဖူးသူဖြစ်သည်။

- ၁၉၈၅-၁၉၈၇ - Jhabua ၏ကျောင်းထိုင်

- ၁၉၈၇-၁၉၈၈ - အသင်မှဖွင့်လှစ်ထားသော ရဟန်းဖြစ်တက္ကသိုလ်၏ဘဏ္ဍာထိန်းအဖြစ်အမှုတော်ထမ်း

- ၁၉၈၈-၁၉၉၃ - အသင်းမှဖွင့်လှစ်ထားသော သင်တန်းကျောင်း၌ စည်းကမ်းထိန်းအဖြစ်အမှုတော်ထမ်း

- ၁၉၉၃-၁၉၉၅ - နှစ်သိမ့်ဆွေးနွေးအကြံပေးခြင်းဆိုင်ရာဘာသာရပ်ကိုအမေရိကား၌သင်ကြားခဲ့

- ၁၉၉၅-၁၉၉၆ - ရဟန်းဖြစ်တက္ကသိုလ်၌ ၀ိညာဉ်ရေးလမ်းညွှန်ဘုန်းကြီးအဖြစ်အမှုထမ်းခဲ့

- ၁၉၉၆-၁၉၉၉ - အသင်းမှဖွင့်လှစ်ထားသော ရဟန်းဖြစ်တက္ကသိုလ်၏ကျောင်းအုပ်အဖြစ်အမှုထမ်းခဲ့

- ၂၀၀၀-၂၀၀၃ - စိတ်ပိုင်းဆိုင်ရာပညာပေးဘာသာရပ်ကိုပါရဂူဘွဲ့ယူရန်အမေရိကားသို့ပညာ‌တော်သင်သွားခဲ့

- ၂၀၀၃-၂၀၀၄ - Indore ရှိ၀ိညာဉ်ရေးသင်တန်းကျောင်း၏လက်ထောက်ကျောင်းအုပ်အဖြစ်အမှုထမ်းခဲ့

- ၂၀၀၄-၂၀၀၅ - အသင်းမှဖွင့်လှစ်ထားသော ရဟန်းဖြစ်တက္ကသိုလ်၌ ကျောင်းအုပ်အဖြစ်အမှုထမ်း

- ၂၀၀၅ - အိန္ဒိယအလယ်ပိုင်းတစ်ခုလုံး၏ဒေသအကြီးအကဲအဖြစ်ရွေးချယ်တင်မြောက်ခံခဲ့ရ

- ၂၀၀၈ - ထိုအမှုတော်ကို ဒုတိယသက်တမ်းရွေးချယ်ခံရ

- ၂၀၀၉၊ မေ ၁၁ - ရဟန်းမင်းကြီးဘက်နက်ဒစ် (၁၆) (ငြိမ်း) မှ Khandwa သာသနာ၏ဆရာတော်အဖြစ်ရွေး ချယ်ခံခဲ့ရပြီး၊ (၂၀၀၉၊ ဇူလိုင် ၁၆) ရက်နေ့တွင် ဆရာတော်သိက္ခာကိုထပ်ခဲ့သည်။ လက်ရှိ၌ ဂိုဏ်းချုပ်ဆရာတော်အသစ်သည် (၆၄) ၀ါရှိပြီဖြစ်သည်။

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

Photo courtesy of : Indian Catholic Matters

https://bit.ly/3BnTSbr

Add new comment

1 + 6 =