Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
ပုပ်ဖရန်စစ်မှ အင်္ဂလီကန်ဂိုဏ်းချုပ်ဆရာတော် ၊ ဆရာတော်ကြီးတူးတူး ပျံလွန်ခြင်းအတွက်ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့
ပုပ်ဖရန်စစ်မှ အင်္ဂလီကန်ဂိုဏ်းချုပ်ဆရာတော် ၊ ဆရာတော်ကြီးတူးတူး ပျံလွန်ခြင်းအတွက်ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့
ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်ဟာ တောင်အာဖရိကမှ အင်္ဂလီကန်ဂိုဏ်းချုပ်ဆရာတော်ကြီး Archbishop Desmond Tutu ပျံလွန်ခြင်းအတွက် ဝမ်းနည်းကြောင်း ကြေးနန်းပေးပို့လိုက်ပါတယ်။
အဆိုပါဆရာတော်ကြီးဟာ သက်တော် ၉၀ မှာပျံလွန်တာဖြစ်ပြီး ပုပ်ဖရန်စစ်အရှင်သူမြတ်မှ ၎င်းရဲ့ မိသားစုများနဲ့ ဆွေမျိုးသားချင်းမိတ်ဆွေများထံကို ထပ်တူခံစားရကြောင်းဝမ်းနည်းခြင်းသတင်းစကား ကို တောင်အာဖရိကမှ ပုပ်ရဟန်းမင်းကြီးကိုယ်စားလှယ်တော်မှတဆင့်ပေးပို့လိုက်တာလည်းဖြစ်ပါတယ်။
ဇာတိမြေ တောင်အာဖရိကမှာ လူမျိူးစုများတန်းတူအခွင့်အရေးနဲ့ ပြန်လည်ကြေအေးသင့် မြတ်ခြင်းအတွက် ကြိုးပမ်းဆောင်ရွက်ခြင်းအားဖြင့် ဧဝံဂေလိသတင်းကောင်းကို သက်သေခံခဲ့သော အဆိုပါဆရာတော်ကြီးရဲ့ ဆက်ကပ်လုပ်ဆောင်မှုများအတွက်ကိုလည်းအရှင်သူမြတ်ပုပ်ဖရန်စစ်က ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။
တောင်အာဖရိကရဲ့ လွတ်မြောက်ခြင်းနဲ့ ဒီမိုကရေစီရေးအတွက် ဆရာတော်ကြီးရဲ့ ပါဝင်စွမ်းဆောင် မှုများအားလုံးဟာ အမှတ်ရနေစေမဲ့ အရာများဖြစ်တယ်လို့လည်း သတင်းစကားထဲမှာရေးထားတာပါ။
အင်္ဂလီကန်ဂိုဏ်းချုပ်ဆရာတော်ကြီး ဟာ Johannesburg မှာမွေးဖွားခဲ့ကြောင်း ၊ ၁၉၉၀ ခုနှစ် အစောပိုင်း လူမျိုးရေးခွဲခြားမှုစနစ်ကြီး အဆုံးပိုင်းအရောက်၊ နယ်ဆဲန်မာန်ဒဲလား က သမ္မတဖြစ်လာချိန်မှာ ဒီဆရာတော်ကြီး တူးတူးဟာ အာဖရိကရဲ့ ပြန်လည်ကြေအေးသင့်မြတ်ခြင်းနဲ့ အမှန်တရားကော်မရှင်ရဲ့ ဉက္ကဌ အဖြစ်ရွေးချယ်ခံခဲ့ရပါတယ်။
ထို့အပြင်ဂိုဏ်းချုပ်ဆရာတော်ကြီးဟာ ချစ်ခြင်းနဲ့ခွင့်လွှတ်ခြင်း ကဲ့သို့သော ဝိညာဉ်ရေးလမ်းစဉ်များဖြင့် ကမ္ဘာတစ်ဝှမ်းမှ လူသားတွေ လွတ်မြောက်ရေးကို အကူအညီဖြစ်စေတဲ့ အရာကို နှစ်ကြာရှည်စွာစွမ်းဆောင်နိုင်ခဲ့တဲ့အပေါ် ၁၉၈၄ ခုနှစ်မှာလည်း နိုဘယ်လ်ဆုကိုရရှိခဲ့သူ ဖြစ်တယ်လို့ဆိုပါတယ်။
ဘာသာပြန်-စစ္စတာရ်လူစီယားသန္တာအောင်၊ SJA
Add new comment