ပုပ်ဖရန်စစ်မှ အင်ဒိုနီးရှားမြေငလျင်လှုပ်ခြင်းအပေါ်ဆုတောင်းပေး

ပုပ်ဖရန်စစ်မှ အင်ဒိုနီးရှားမြေငလျင်လှုပ်ခြင်းအပေါ်ဆုတောင်းပေး

ပုပ်ဖရန်စစ်မှ အင်ဒိုနီးရှားမြေငလျင်လှုပ်ခြင်းအပေါ်ဆုတောင်းပေး

အင်ဒိုနီးရှား Sulawasi ကျွန်းတွင် သောကြာ​နေ့ သန်းခေါင်ကျော်မှာလှုပ်ခပ်ခဲ့တဲ့ ၆.၂ ပြင်းအားရှိတဲ့ငလျင်ဘေးသင့်သူများအတွက်ဆုတောင်းပေးနေကြောင်း ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်က ကြေးနန်းပေးပို့ခဲ့ပါတယ်။

ကယ်ဆယ်ရေးများဆက်လက်လုပ်ဆောင်နေကြကြောင်း၊ ပြိုကျပျက်စီးနေသည့် အဆောက်အဉီးများထဲ ပိတ်မိနေသူများရှိနေသေးကာ၊ သေဆုံးသူ ဒဏ်ရာရရှိသူများစွာရှိနေကြောင်း အာဏာပိုင်များကဆိုပါတယ်။

အာဏာပိုင်များကယ်ဆယ်ရေးလုပ်ဆောင်နေစဉ်၎င်းသည်လည်းဆုတောင်းမေတ္တာအားဖြင့် နီးကပ်လျှက်ပါ၀င်ပေးနေ​ကြောင်း ကို အင်ဒိုနီးရှားရှိ ပုပ်ရဟန်းမင်းကြီးကိုယ်စားလှယ်ထံ အရှင်သူမြတ်ပုပ်ဖရန်စစ်က ရေးသားပေးပို့ခဲ့ကြောင်းဗာတီကန်သတင်းအရ သိရှိရပါတယ်။

ဘာသာပြန်- စစ္စတာရ်လူစီယားသန္တာအောင်၊SJA

 

Photo courtesy of: ANSA

 

http://bit.ly/3sxptmT

Add new comment

4 + 2 =