ပုပ်ဖရန်စစ်မှ အကျဉ်းသားများနဲ့ စစ်ဘေးဒုက္ခသည် အချို့အားလက်ခံတွေ့ဆုံ

ပုပ်ဖရန်စစ်မှ အကျဉ်းသားများနဲ့ စစ်ဘေးဒုက္ခသည် အချို့အားလက်ခံတွေ့ဆုံ

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်သည် ကာဒီနယ်များ နဲ့ နိုင်ငံ့ခေါင်းဆောင်များအား တွေ့ဆုံခြင်းထက် အကျဉ်းထောင်မှ အကျဉ်းသားများ၊ စစ်ဘေး ဒုက္ခသည်များ နဲ့
မုဆိုးမ များ ပါတဲ့ အဖွဲ့တဖွဲ့ အားလက်ခံ တွေ့ဆုံခဲ့ပါတယ်။

ဒီအဖွဲ့ဟာ ဒဿနပညာရှင်၊ စာရေးဆရာနှင့် ကဗျာဆရာတို့ တည်ထောင်ခဲ့သော "Casa dello spirito e delle arti" ဖောင်ဒေးရှင်းအတွက် နှစ်ပေါင်းများစွာ လုပ်ဆောင်နေခဲ့သူ များဖြစ်ပါတယ်။

"ကျွန်ုပ်တို့ရဲ့ဖောင်ဒေးရှင်း တည်ထောင်ရခြင်းရဲ့ အဓိက အချက်ကတော့ အကျဉ်းထောင်၊ စစ်ပွဲနှင့် ဘေးဖယ်ထားခံရခြင်းများကို တွေ့ကြုံနေရသော ခက်ခဲကြမ်းတမ်းတဲ့ အခြေအနေများမှ လာသူများကိုကူညီဘို့ ဖြစ်တယ်"လို့ ARNOLDO MOSCA MONDADORI က ဆိုပါတယ်။

ဒီဖောင်ဒေးရှင်းဟာ မစ္ဆားတရား အတွက် စီစဥ်ခြင်းအပါအဝင် နိုင်ငံအသီးသီးရှိ ထောင်ထဲမှာရှိတဲ့ လူဒါဇင်ပေါင်းများစွာကို အလုပ်ပေးနိုင်ခဲ့သည့်အဖွဲ့ဖြစ်ကြောင်း

"ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပေါ်နေတဲ့ အလွယ်တကူ စွန့်ပစ်တတ်တဲ့ ဓလေ့အကျင့် ကိုသင်တို့ဟာ ဆန့်ကျင်တဲ့ အသိသတိကို ပေးလိုက်ပြီ။ ညီရင်းအကိုစိတ်ဓာတ်ရှိတဲ့, သိုက်သိုက် ဝန်းဝန်းရှိတဲ့ ဝန်းကျင်ကို အပယ်ခံထားရတဲ့ ကျောက်တုန်းလေးတွေနဲ့ သင်တို့ဟာ ဖန်တီး တည်ဆောက်လိုက်ကြပြီ" လို့လည်း အရှင်သူမြတ်က ချီးကျူးမြွက်ကြားခဲ့ပါတယ်။

ရွှေ့ပြောင်းနေထိုင်သူများ စီးနင်းလာတဲ့ သင်္ဘောပျက်မှရရှိလာတဲ့ သစ်သားအပိုင်းအစများနဲ့ ပြုလုပ်ထားတဲ့ "တယောပင်လယ်" အမည်တွင်သည့် တယောဖြင့်  ဖျော်ဖြေတင်ဆက် တီးမှုတ်ဖျော်ဖြေသံကိုလည်း အရှင်သူမြတ်က ကြားနာခဲ့ရပါသေးတယ်။

ယဉ်ကျေးမှုအစုံမှ တူရီယာသံစုံ တီးဝိုင်း ကိုလည်း အရှင်သူမြတ်နားဆင်ခဲ့ရသလို တေးဂီတ အနုပညာရဲ့ စွမ်းပကားဟာ လူမျိုးစု သို့မဟုတ် လူမှုရေး ကွဲပြားမှုတွေထက် ပိုပြီး အားကောင်းကြောင်း ကိုလည်း သတိရစေတာဖြစ်တယ်လို့ဆိုပါတယ်။

ဘာသာပြန်-အာဗီအေမြန်မာ

https://bit.ly/33gEtxO

Add new comment

9 + 5 =