ပုပ်ဖရန်စစ်မှ သီရိလင်္ကာ အတွက် လက်ထောက်ဆရာတော်ကြီး အသစ် ခန့်အပ်

ပုပ်ဖရန်စစ်မှ သီရိလင်္ကာ အတွက် လက်ထောက်ဆရာတော်ကြီး အသစ် ခန့်အပ်

ပုပ်ဖရန်စစ်မှ သီရိလင်္ကာ အတွက် လက်ထောက်ဆရာတော်ကြီး အသစ် ခန့်အပ်

သီရိလင်္ကာ နိုင်ငံ၏ မြို့တော် ကိုလုမ်ဘို ဂိုဏ်းချူပ်သာသနာ အတွက် တတိယ လက်ထောက်ဆရာတော်ကြီး အဖြစ် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်က Fr.Anton Ranjith Pillainayagam ကို ဂျုလိုင် ၁၃ ရက် တနင်္လာနေ့မှာ အသစ် ခန့်အပ်လိုက်ပါတယ်။

ခန့်အပ်ခြင်းခံရတဲ့ ရဟန်းတော် ဟာ သက်တော် ၅၃ နှစ်ရှိပြီး ကာဒီနယ် Malcolm Ranjith ရဲ့ ဉီးဆောင်မှုအောက်မှာ အမှုတော်ထမ်းဆောင်ရမှာပါ။ လက်ရှိမှာတော့ သူဟာ စိန့်ဂျိုးဇက်ကောလိပ်ရဲ့လက်ထောက် ကျောင်းအုပ်ဘုန်းတော်ကြီး ဖြစ်သလို၊ တာမီလ် ဓမ္မသဂြိုလ် ကျောင်းရဲ့ ဒါရိုက်တာဘုန်းတော်ကြီလည်းဖြစ်ပါတယ်။ ၄င်းကို ၁၉၆၆ခုနှစ် စက်တင်ဘာ ၂၃ မှာသီရိလင်္ကာမြောက်ပိုင်း Jaffna မှာမွေးဖွားခဲ့ပြီး နှစ် ၂၀၀၀ ခုနှစ် စက်တင်ဘာ ၁၆ ရက်မှာ ရဟန်းသိက္ခာခံယူခဲ့တာပါ။

အထက်ပါ ကိုလုမ်ဘို ဂိုဏ်းချုပ်သာသနာ အတွက် ၂၀၁၁ နဲ့ ၂၀၁၈ ခုနှစ် များမှာ ရွေးချယ်ခံရတဲ့ လက်ထောက်ဆရာတော်များကတော့ Maxwell Silva နဲ့ J D Anthony Jayakody တို့ဖြစ်ကြပါတယ်ဆိုတာကို ဗာတီကန် သတင်းအရ သိရှိရပါတယ်။

စစ္စတာရ်လူစီယားသန္တာအောင်၊SJA
Photo courtesy of: ArchdioceseofAColombo Website

https://bit.ly/2OmzKzn

Add new comment

10 + 7 =