ပုပ်ဖရန်စစ်မှ ရောမအကျဉ်းထောင်မှ အကျဉ်းသားများအားလက်ခံတွေ့ဆုံ

ပုပ်ဖရန်စစ်မှ ရောမအကျဉ်းထောင်မှ အကျဉ်းသားများအားလက်ခံတွေ့ဆုံ

ပုပ်ဖရန်စစ်မှ ရောမအကျဉ်းထောင်မှ အကျဉ်းသားများအားလက်ခံတွေ့ဆုံ

ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်ဟာ ဂျွန်လ ၂၁ ရက် တနင်းလာနေ့က ရောမအကျဉ်းထောင်တစ်ခု မှ အကျဉ်းသား ၂၀ ဉီးတို့ အားလက်ခံတွေ့ဆုံခဲ့တယ်လို့ ဗာတီကန်သတင်းတိုက်က ထုတ်ပြန်ပါတယ်။

ရောမမြို့ရဲ့ အကြီးဆုံး အကျဉ်းထောင်မှ အဆိုပါ အကျဉ်းသားများကို အကျဉ်းထောင်ဘုရားကျောင်းငယ်ရဲ့ တာဝန်ခံ ဘုန်းတော်ကြီးနှင့်အတူ၊ ထောင်မှူးနှင့်အမှုထမ်း တစ်ဉီးတို့မှ ကြီးကြပ်ကာ လိုက်ပါပို့ဆောင်ပေးခဲ့ကြတာဖြစ်ပြီး ၎င်းတို့ဟာ ဗာတီကန်ပြတိုက်ကို လေ့လာရေးအလည်အပတ်သွားရောက်ခဲ့ကြခြင်းဖြစ်ကာ  အရှင်သူမြတ်နှင့် လည်းတွေ့ဆုံခဲ့ကြတာဖြစ်ပါတယ်။

၎င်းအပြင်၊ ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်ဟာ လာမယ့်ဂျွန်လ ၂၉ ရက်နေ့ ၊ စိန့်ပီတာနဲ့ စိန့်ပေါလ် တို့ရဲ့ ပွဲတော်နေ့ကြီးမှာ ထုံးစံအတိုင်းပဲ ပါးလီအွမ်း လို့ခေါ်တဲ့ ဂိုဏ်းချုပ်ဆရာတော်ကြီးများအားပေးအပ်မယ့် ဂုဏ်းထူးဆောင် လည်ဆွဲများကို ကောင်းကြီးပေးခြင်းအခမ်းအနားနဲ့ မစ္ဆားတရားတော်မြတ်ကြီးကို စိန့်ပီတာ ဘာစီးလိကား မှာ ကျင်းပသွားမှာဖြစ်တယ်လို့လည်း ဗာတီကန်သတင်းတိုက်က ထုတ်ပြန်ကြေငြာထားပါတယ်။

 

ဘာသာပြန်-စစ္စတာရ်လူစီယားသန္တာအောင်၊ SJA

Photo courtesy of CNA

 https://bit.ly/3gLY1xX

   

Add new comment

2 + 0 =