ပုပ်ဖရန်စစ်မှ ဘရာဇီးဆေးရုံသို့ အသက်ရှုစက်ကိရိယာ လျှုဒါန်း

ပုပ်ဖရန်စစ်မှ ဘရာဇီးဆေးရုံသို့ အသက်ရှုစက်ကိရိယာ လျှုဒါန်း

ပုပ်ဖရန်စစ်မှ ဘရာဇီးဆေးရုံသို့ အသက်ရှုစက်ကိရိယာ လျှုဒါန်း

ကိုဗစ် (၁၉) ဝေဒနာခံစားနေရတဲ့ ဒေသခံတိုင်းရင်းသား များအား ကုသရေးတွင်အသုံးပြုနိုင်ရန်အတွက် ပုပ်ရဟန်းမင်းကြီးဖရန်စစ် အရှင်သူမြတ်က အသက်ရှုစက်ကိရိယာ နှင့် သာမိုမီတာ တခုစီအား ဘရာဇီးဆေးရုံသို့ပေးပို့လျှုဒါန်း လိုက်ပါတယ်။

တောင်အမေရိက နိုင်ငံမှာ ကိုဗစ် ပိုး ပျံ့ပွားနုန်းဆက်လက်ဖြစ်ပွားနေတာ​ကြောင့် ဘရာဇီးနိုင်ငံရှိ Campanha de Maraba ဆေးရုံကို အရှင်သူမြတ်က လျှုဒါန်းခဲ့တာပါ။

ပုပ်ရဟန်းမင်းကြီး ကိုယ်စားလှယ်တော်အားဖြင့်ပေးပို့သည့် အရာများသည် အသက်ပေါင်းများစွာ ကို ကယ်တင်နိုင်မှာဖြစ်တဲ့အတွက် အရှင်သူမြတ်၏ မွန်မြတ်သော မေတ္တာဂရုဏာအပေါ် မှာဒေသခံဆရာတော်ကြီးက ကျေးဇူးတင်ခဲ့ပြီး အလိုအပ်ဆုံးဖြစ်နေသည့် တိုင်းရင်းသားဒေသခံများအတွက် အဓိကအသုံးပြုသွားမှာဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။

အရှင်သူမြတ်သည် ဒေသခံ တိုင်းရင်းသားများကို ဂရုတစိုက်ရှိလှကြောင်း ဘာကြောင့်လဲဆိုတော့ ၄င်းတို့၏ အခွင့်အရေးများဟာ မကြာခဏ ဆိုသလို အကြမ်းဖက်ခံရတာကြောင့်ဖြစ်ကြောင်း

၄င်းတို့၏ မြေယာများ၊ သစ်တောများ ၊ မြစ်ချောင်းများ ဟာ သိမ်းယူခံကြရတဲ့ အတွက် ၄င်းတို့ရဲ့ လိုအပ်ချက်များကို သိရှိပြီး မေတ္တာနှင့်ဖေးကူရန်မှာ အလွန်ပင်လိုအပ်လှကြောင်း

ယခု ကျွန်ုပ်တို့ ဒီပစ္စည်းကိရိယာများရရှိသည့်အတွက် အသက်ပေါင်းများစွာ ကယ်တင်နိုင်တော့မည်ဖြစ်ကြောင်း ဒေသခံဆရာတော်ကြီး Bishop Corbellini က ဆိုပါတယ်။

Amapa ကျန်းမာရေးဌာနရဲ့ထုတ်ပြန်ချက်အရဆို ရင် ၉၁ ရာခိုင်နုန်းသော အရေးပေါ် ကုတင်များဟာပြည့်နေသည်ဟု ဆိုခြင်းကို ဗာတီကန်သတင်းအရ သိရှိရပါသည်။

စစ္စတာရ်လူစီယားသန္တာအောင်၊ SJA

https://bit.ly/3funmcN

Add new comment

9 + 11 =