ပုပ်ဖရန်စစ်မှ ဗာတီကန် ကလေးငယ်များအတွက် နွေရာသီသင်တန်းဖွင့်မည်

ပုပ်ဖရန်စစ်မှ ဗာတီကန် ကလေးငယ်များအတွက် နွေရာသီသင်တန်းဖွင့်မည်

ပုပ်ဖရန်စစ်မှ ဗာတီကန် ကလေးငယ်များအတွက် နွေရာသီသင်တန်းဖွင့်မည်

ဗာတီကန် ရုံးတော်ဌာန အသီးသီးမှာ တာ၀န်ထမ်းဆောင်နေကြတဲ့ မိခင်များရဲ့ ကလေးငယ်များအတွက် စဉ်းစားပေးပြီး အရှင်သူမြတ် ပုပ်ဖရန်စစ်က နွေရာသီသင်တန်းဖွင့်ပေးတော့မှာဖြစ်ပါတယ်။ ရေကူးကန်၊ ကြက်တောင်ကွင်း အပါအဝင် ကစားကွင်းမျိုးစုံကိုလည်း ဗာတီကန်အတွင်းမှာ ဖန်တီးပေးထားမှာဖြစ်ပါတယ်။

ဗာတီကန် ဉယျာဉ်ကြီးထဲကို ကြီးကြပ်သူများနဲ့ လည်ပတ်လေ့လာခွင့်ရကြမှာဖြစ်သလို ကလေးငယ်များဟာ Table tennis ကိုလည်း Pope Paul VI ခန်းမမှာ ကစားခွင့်ရကြမှာဖြစ်ပါတယ်။ ဒီအစီအစဉ်ကိုတော့ ဆလေးရှင်းဘရာသာရ်များက တာဝန်ယူကြမှာဖြစ်ပြီး ဂျူလိုင် ၆ ရက်မှ ၃၁ အထိ ဖြစ်မှာပါ။ အသက် ၅ နှစ်မှ ၇ နှစ်၊ ၈ နှစ် မှ ၁၀ နှစ် နဲ့ ၁၁ နှစ် မှ ၁၄ နှစ်အထိ သုံးစု ခွဲပြီး ကလေးငယ် ၁၀၀ အထိ ပါဝင်ခွင့်ရကြမှာဖြစ်ပါတယ်။

ဗာတီကန်အတွင်း အမှုထမ်းကြတဲ့ မိခင် ဖခင် များရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးတဲ့ အစီအစဉ်အဖြစ် စတင်ခဲ့တဲ့ လှုပ်ရှားမှုတခုဖြစ်ပါတယ်လို့ ဗာတီကန် ပြတိုက်နဲ့ ဘုရားကျောင်း တာ၀န်ခံ  ဖြစ်တဲ့ ဆလေးရှင်း ဘုန်းတော်ကြီး ဖာသာရ် Franco Fontana က ​ဗာတီကန် သတင်းဌာနသို့ ပြောကြားခဲ့ကြောင်းကို ANSA သတင်းအရ သိရှိရပါတယ်။

 

စစ္စတာရ်လူစီယားသန္တာအောင်၊ SJA

Photo credit: RIPRODUZIONE RISERVATA

https://bit.ly/2zmE9ys

Add new comment

3 + 16 =