ပုပ်ဖရန်စစ်မှ ဖွံ့ ဖြိုးဆဲ နိုင်ငံများအတွက် အသက်ရှူကိရိယာစက် ၃၅ လုံး လျှူဒါန်း

ပုပ်ဖရန်စစ်မှ ဖွံ့ ဖြိုးဆဲ နိုင်ငံများအတွက် အသက်ရှူကိရိယာစက် ၃၅ လုံး လျှူဒါန်း

ပုပ်ဖရန်စစ်မှ ဖွံ့ ဖြိုးဆဲ နိုင်ငံများအတွက် အသက်ရှူကိရိယာစက် ၃၅ လုံး လျှူဒါန်း

ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်က ကိုရိုနာဗိုင်းရပ်စ် ခံစားရပြီး ဖွံ့ ဖြိူးဆဲနိုင်ငံများက ဆေးရုံများထံမှာ အသက်ရှုကိရိယာစက် ၃၅ လုံးပေးပို့လျှုဒါန်းလိုက်ကြောင်းကို ဇွန်လ ၂၆ ရက် သောကြာနေ့မှာ ဗာတီကန်က ထုတ်ပြန်ကြေငြာခဲ့ပါတယ်။

ကိုဗစ် ၁၉ ကြောင့် လူပေါင်း ၅၀၀၀၀ ကျော် သေဆုံးကြတဲ့ နိုင်ငံများဖြစ်တဲ့ ဟိုင်းတီ၊ ဗင်နီဇွဲလာ၊ ဘရာဇီးနိုင်ငံများသို့ စက် ၄လုံးခန့်စီဖြင့်၄င်း၊ မက္ကဆီကို၊ ကိုလန်ဘီယာ၊ အွန်ဒူးရပ်စ်၊ အီကွေဒေါ၊ကမာရွန်း၊ ဇင်ဘာဘွေ့၊ ဘင်္ဂလားဒေ့ရှ်၊ ယူကရိန်းနှင့် ဗာတီကန်သံရုံးများမှတဆင့် ဒေါ်မိနိကန် သမ္မတနိုင်ငံသို့၄င်းပေးပို့ခဲ့တာဖြစ်ပါတယ်။

အရှင်သူမြတ်ဟာ ကိုဗစ်အချိန် ထိခိုက်ကြရသည့်နိုင်ငံများအထူသဖြင့် ကျန်းမာရေးစနစ် လုံလောက်မှုမရှိသောနေရာများရှိ ဒုက္ခရောက်သူများနှင့်အတူတကွ နီးကပ်လျက်ရှိကြောင်းကိုပြသခြင်းဖြစ်တယ်လို့ ပုပ်ရဟန်းမင်းကြီးရဲ့ ဂရုဏာရေး ရုံးဌာနမှ ဂျွန်လ ၂၆ ရက်နေ့က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။

ကိုဗစ် လူနာများကို ရှေ့တန်းမှ ပြုစုပေးနေသည့် အီတလီမှ သီလရှင်တပါးနှင့် သူနာပြုတဉီးက ကိုဗစ်၁၉ ဟာ မပြီးဆုံးသေးပါဘူး၊ သီလရှင်အများကြီးအတွက် စိုးရိမ်ဖွယ်ရာတွေရှိနေပါသေးတယ်။ ကျန်းမာရေးကုသခြင်းခံယူစရာ မလိုပေမဲ့ သီလရှင်အများကြီးဟာ ဒီအဖြစ်ဆိုးကြီးထဲက လူများပဲဖြစ်တာမို့ သူတို့ဟာလည်း ဆင်းရဲခြင်း၊ လူမှုရေးပြဿနာ နဲ့ အဆာရေစာပြတ်လတ်ခြင်း အခက်အခဲများနဲ့ ကြုံတွေ့နေကြသူများဖြစ်ပါတယ်
လို့ဆိုပါတယ်။

ကိုဗစ် အချိန်မှာ အရှင်သူမြတ်ဟာ အသက်ရှုကိရိယာစက်များစွာကို တခြားလိုအပ်တဲ့နေရာများကိုလည်း ပေးပို့လျှုဒါန်းခဲ့ပါသေးတယ်။ George Mario Bergoglio လို့အမည်တွင်ခဲ့တဲ့ ပုပ်ဟာ ရဟန္တာစိန့်ဂျော့ချ်ပွဲနေ့ ဧပြီလ ၂၃ ရက်နေ့မှာလည်း ပွဲနေ့အမှတ်တရအဖြစ် စပိန်၊ ရိုမေးနီးယားနဲ့ အီတလီမှ ဆေးရုံများသို့၄င်း၊ ဇမ်ဘီယာနိုင်ငံ ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်သို့ စက် ၃ လုံးအား၄င်းပေးပို့ လျှူဒါန်းခဲ့သည်ဆိုခြင်းကို CNA သတင်းအရသိရှိရပါတယ်။

သာသာပြန်-စစ္စတာရ်လူစီယားသန္တာအောင်၊ SJA

Photo courtesy: Daniel Ibáñez/CNA

https://bit.ly/2VousHy

Add new comment

9 + 5 =