ပုပ်ဖရန်စစ်မှ ဆေးကြောခြင်းပေးမည့်အစီအစဉ်ယခုနှစ်တွင်မရှိတော့

ပုပ်ဖရန်စစ်မှ ဆေးကြောခြင်းပေးမည့်အစီအစဉ်ယခုနှစ်တွင်မရှိတော့

ကိုဗစ်ပိုးကာကွယ်ခြင်းအနေဖြင့်၊ နှစ်စဉ် သခင်ယေဇူးဆေး ကြောခြင်းခံယူသောပွဲနေ့ တနည်းအားဖြင့် ခရစ္စမတ်လ ပြီးဆုံးသော တနင်္ဂနွေနေ့တွင် ပုပ်ရဟန်းမင်းကြီးမှ ကလေးငယ်များကို ဆေးကြောခြင်းပေးသည့်အစီအစဉ်အား ကို

ဗစ်ကြောင့် ဖျက်သိမ်းထားကြောင်း ဗာတီကန်က ကြေ ငြာလိုက်ပါသည်။

ထိုကြောင့်ယခုနှစ်အတွက် ကလေးငယ်များမှာ ၎င်းတို့၏ သာသနာစီရင်စု ဘုရားကျောင်းများတွင်သာ ဆေး ကြောခြင်းခံယူကြရတော့မည်ဖြစ်ကြောင်း၊

ပြီးခဲ့သည်နှစ်က အဆိုပါနေ့တွင် အရှင်သူမြတ်ပုပ်ဖရန်စစ်မှ ကလေးငယ် ၃၂ ဉီး ကို ဆေးကြောခြင်းပေးခဲ့ပါသည်။ ထိုကလေးငယ်များမှာ ဗာတီကန်ဝန်ထမ်းများ၏ ကလေးများဖြစ်ကြကြောင်း၊

ကလေးငယ်တစ်ဉီးကိုဆေး ကြောခြင်းပေးခြင်းဟာတရားမျှတတဲ့လုပ်ရပ်ဖြစ်ပါတယ် ဘာကြောင့်လဲဆိုတော့ ဆေး ကြောခြင်းမှာပဲ အဖိုးထိုက်တဲ့ ရတနာကို ကလေးများထံလက်ဆောင်ပေးကြတာပါ။

အဲ့ဒီလက်ဆောင်ကတော့ သန့်ရှင်းသောဝိညာဉ်တော်ပါပဲ လို့ ဆိုပြီး ငယ်ရွယ်စဉ်မှာဆေး ကြောခြင်းပေးခြင်း၏ အရေး ကြီးပုံကိုလည်း အရှင်သူမြတ်ပုပ်ဖရန်စစ်က ရှင်းပြမြွက် ကြားခဲ့သည်ဆိုခြင်းကို Rome Reports သတင်းအရသိရှိရပါတယ်။

ဘာသာပြန်-စစ္စတာရ်လူစီယားသန္တာအောင်၊SJA

https://bit.ly/3hKKNQO

Add new comment

5 + 0 =