ပုပ်ဖရန်စစ်မှ ဆရာတော်အသစ်တစ်ပါးအား သိက္ခာထပ်ပေးရင်း အခြားဆရာတော်များအားလည်း ဆုတောင်းခြင်းအတွက် မိမိတို့အချိန်ကိုပိုပေးကြရန်တိုက်တွန်း

ပုပ်ဖရန်စစ်မှ ဆရာတော်အသစ်တစ်ပါးအား သိက္ခာထပ်ပေးရင်း အခြားဆရာတော်များအားလည်း ဆုတောင်းခြင်းအတွက် မိမိတို့အချိန်ကိုပိုပေးကြရန်တိုက်တွန်း

ပုပ်ဖရန်စစ်မှ ဆရာတော်အသစ်တစ်ပါးအား သိက္ခာထပ်ပေးရင်း အခြားဆရာတော်များအားလည်း ဆုတောင်းခြင်းအတွက် မိမိတို့အချိန်ကိုပိုပေးကြရန်တိုက်တွန်း

            ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်မှ ဆရာတော်သိက္ခာထပ်ပေးလိုက်သူမှာ သူ၏၀တ်ပြုခြင်းအခမ်းအနားများတွင် ဦးဆောင်စီစဉ်သူ  Guido Marini ဖြစ်သည်။ သူ၏သိက္ခာထပ်သည့်၀တ်ပြုခြင်းအခမ်းအနားကို စိန့်ပီတာဘုရားကျောင်းတော်ကြီး၌ကျင်းပခဲ့ သည်။ ၀တ်ပြုခြင်းအခမ်းအနားသည် အလွန်စည်းကားခဲ့သည်။ ဆရာတော်သစ်များအား သိက္ခာမထပ်မီ ၄င်းတို့အားသိက္ခာထပ်ခြင်းနှင့်အတူ ပူးတွဲပါလာသော၀တ္တရားများကိုရှင်းပြခဲ့သည်။

            ရဟန်းမင်းကြီးက ‘မကြာခ ဏကြားရသောပြောစကားမှာ လုပ်စရာများစွာရှိ၍ ဆုတောင်းရန်အချိန်ပင်မရှိဖြစ်ရ သည်’ ဟုဖြစ်ကြောင်း၊ ထိုသို့ဖြစ်လာလျှင် ထိုအလုပ်များကိုရပ်နားထားလိုက်ပါ။ တမန်တော်၀တ္ထုကျမ်း၌ တပည့်တော် ကြီးများ ဦးပဉ္ဇင်းအမှုတော်ကိုသတ်မှတ်လိုက်သည်ကိုသင်တို့သတိရလိုက်ပါ။ ထိုသို့သတ်မှတ်ရခြင်းကို တမန်တော်ကြီး ရှင်ပေတရုကအဘယ်သို့မိန့်ကြားခဲ့သနည်း။ ပြန်လည်ကြားယောင်ပါ။ (တမန်တော်၀တ္ထု ၆) ကျွန်ုပ်တို့ (ဆရာတော်) များ၏အဓိကအမှုတော်မှာ ‘ဆုတောင်းခြင်းနှင့်နှုတ်ကပါတ်တော်ဟောပြောခြင်း’ ဖြစ်သည်။ ဆရာတော်များ၏ ပထမဦး ဆုံးအမှုတော်မှာ ‘ဆုတောင်းခြင်း’ ဖြစ်သည်။ ဆုတောင်းသည်ဟုဆိုရာ၌ ကြက်တူရွေးများကဲ့သို့ ဘာမျှမစဉ်းစား၊ နားမလည်ဘဲ အပြန်ပြန်အလှန်လှန်ရွတ်ခြင်းမျိုးမဖြစ်ရ။ အတွင်းစိတ်နှလုံးသားဖြင့်ဆုတောင်းရမည်။ ဆုတောင်းရန်အချိန်မရှိ။ အချိန်မပေးနိုင်ဟုဘယ်သောအခါမျှမပြောမိစေနှင့်။ ဆုတောင်းခြင်းကိုအချိန်ပေးရန် အရေးကြီးသည်ဟုသင်တို့ထင်မှတ်သော အစီအစဉ်များကိုရွေ့ဆိုင်းပါ။ သို့မဟုတ် ဖျက်လိုက်ပါ။ ဆရာတော်တို့၏ဘ၀၌ ဆုတောင်းခြင်းလောက်အရေး ကြီးသောအမှုမရှိတော့ပါ’ ဟုမိန့်ကြားခဲ့သည်။    

            ထို့နောက် ဆရာတော်သိက္ခာထပ်သည့်အခမ်းအနားကိုကျင်းပရာ ထိုအခမ်းအနားအတွင်းပြုလုပ်သော အမေး အဖြေ၌လည်း ‘သင်တို့သည် သင်တို့၏သိုးစုများအဖို့နှင့်သင်တို့၏ရဟန်းချုပ်အမှုတော်ကို ကျေပြွန်ထိရောက်စွာထမ်း ဆောင်နိုင်ရန် အားလုံးစုံကိုတတ်နိုင်တော်မူသောဘုရားသခင်ထံ စဉ်ဆက်မပြတ် ဆုတောင်းပါမည်လော’ ဟုမေးမြန်းခဲ့ပြီး၊ သိက္ခာထပ်မင်္ဂလာခံယူမည့်ဆရာတော်လောင်းများက ‘ပြုလုပ်ပါမည်’ ဟုပြန်လည်ဖြေကြားခဲ့သည်။ ထို့ နောက် ဆရာတော်လောင်းများက ၀မ်းလျားမှောက်လိုက်ပြီး၊ လူထုပရိသတ်များက ရဟန္တာအပေါင်းတို့၏လိတာနီကိုသီ ဆိုကာ ဆရာတော်သစ်များ၏အမှုတော်ကို ကောင်းစွာထမ်းဆောင်နိုင်ရန်ဆုတောင်းခြင်းကိုတောင်းခံပေးသည်။ 

သိက္ခာ ထပ်ခြင်း၏နောက်ဆုံးအပိုင်းဖြစ်သော ဖွင့်ထားသည့်ဧ၀ံဂေလိကျမ်းစာကိုရဟန်းမင်းကြီးကပင့်မြောက်၍ ဆရာတော် လောင်းတို့၏ ဦးခေါင်းပေါ်တင်ကာ ဆုတောင်းတာ၀န်ပေးလိုက်သည်။ ထိုအနက်အဓိပ္ပါယ်မှာ ဆရာတော်များသည် နှုတ်တော်ထွက်စကားကိုကြေညာဟောပြောရမည့်အမှုတော်ကိုပေးအပ်ခံရခြင်းဖြစ်သည်။    

            သိက္ခာထပ်ခြင်းအပြီး၌ ဆရာတော်အသစ် Guido Marini မှကျေးဇူးတင်စကားမိန့်ကြားရာတွင် ‘စိန့်ဂျွန်ဗီအား နေအားလူများဖူးလိုက်ရသောအခါ လူတို့၏စိတ်၌ ဘုရားသခင်ကိုလူသားထဲ၌မြင်တွေ့လိုက်ရသည် ‘ ဟုခံစားခဲ့ကြရသ ကဲ့သို့ ကျွန်ုပ်တို့နှင့်တွေ့ဆုံမည့်သူများသည်လည်း မိမိတို့၏ဆရာတော်များကိုမြင်တွေ့ရခြင်းသည် ကောင်းသောသိုးထိန်း ကိုမြင်တွေ့ရသည်သို့နှယ်ဖြစ်စေရန်ကြိုးစားရမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။ သူနှင့်အတူ ဆရာတော်သိက္ခာထပ် ခြင်းကိုခံယူသော Andres Ferrada Moreira သည် ဗာတီကန်အမှုတော်ထမ်းနေသည်မှာ နှစ်နှစ်ရှိပြီဖြစ်သည်။ Guido Marini မှာ သူ့ထက်စော၍ (၂၀၀၇) ခုနှစ်၊ ရဟန်းမင်းကြီးဘေနေဒစ် (၁၆) (ငြိမ်း) လက်ထက်ကပင်အမှုတော်ထမ်းနေခဲ့ သူဖြစ်သည်။    

           

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

Photo courtesy of CNS

https://bit.ly/3piAjy2

Add new comment

14 + 1 =